ကျွန်မရဲ့ စိတ်ကူးယဉ်ပြတိုက်လေး
လက်ရှိအခြေအနေက ရုန်းကန်နေရတဲ့ကျွန်မဘဝအတွက် စိတ်ထဲမှာမွန်းကြပ်လာရင် စာရွက်ဖြူဖြူလေးပေါ်မှာ ခံစားချက်တွေ ချရေးတတ်ခဲ့တယ် ။ မတောက်တခေါက် ပညာလေးနဲ့ ကဗျာလေးတွေရေးခဲ့ဘူးပါတယ် ။ ဘယ်သွားသွား ကျွန်မနဲ့ အတူရှိနေတာကတော့ ကျွန်မရဲ့ အဖော် ကင်မရာလေးတစ်လုံးပါပဲ ။ တွေ့တဲ့နေရာမှာ ဓါတ်ပုံရိုက်တတ်တဲ့ အကျင့်လေးနဲ့ ကျွန်မရဲ့ စိတ်ကူးယဉ် ခံစားချက် ပြတိုက်လေးကို ဓါတ်ပုံလေးများနဲ့အလှဆင်ထားတာ စာဖတ်သူများ နားလည်ပေးစေချင်ပါတယ် ။
လာလည်သူ အားလုံးကိုလည်း နွေးထွေးစွာဖြင့် “ အဖြူရောင်နတ်သမီး ” မှ
ကြိုဆိုနေပါတယ်ရှင် ။(“အဖြူရောင်နတ်သမီး”ဆိုတာ Blog ရဲ့အမည်မျှသာဖြစ်ပါတယ်၊စာရေးသူ ကျမ၏ အမည်မဟုတ်ပါ)ဓာတ်ပုံတွေထည့်ရတဲ့အကြောင်းကတော့...ကျမက ငယ်ငယ်ကတည်းက အနုပညာကိုဝါသနာပါတယ်၊ ကျောင်းဘင်ခရာဆိုလည်းပါလိုက်တာပဲ၊ သီချင်းဆိုပြိုင်ပွဲဆိုလည်း ပါလိုက်တာပဲ၊အရွယ်ရောက်လာတော့ ကာလာအိုကေဆိုင် သွားရင်ရှေ့ဆုံးကပေါ့၊ မိုက်ကရိုဖုန်းကိုမချတော့တာ၊အဲဒီကနေတဆင့်တက်ပြီး စီးပွားရေးလုပ်တော့လည်း အနုပညာကိုရူးသွပ်မိတဲ့ကျမတစ်ယောက်(ထုတ်လုပ်သူဘဝနဲ့ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီတစ်ခုကိုထူထောင်မိပြန်ပါတယ်၊ဗီဒီယိုဈေးကွက်ဆိုတာကိုဂရုမစိုက်ပဲ အနုပညာကိုရူးသွပ်မိတဲ့အတွက်ပွဲဦးထွက်မှာခွက်ခွက်လန်အောင်ရှုံးခဲ့ဖူးပါတယ်။နောက်ပိုင်းတော့လည်း ဈေးကွက် စီးပွားရေးကိုနားလည်သွားခဲ့ရင်းကျောက်တံတားမြို့နယ်မှာကျမရဲ့ဗီဒီယိုကုမ္ပဏီဟာအခုအချိန်ထိတည်ရှိနေဆဲပါ။အဲဒီကနေတဆင့်တက်ပြီး Faces မဂ္ဂဇင်းမှာ Follow Me (Green Tea Shampoo)ကြော်ငြာအတွက် ဆံပင်ကိုယ်ဟန်ပြမယ်ဖြစ်လာခဲ့ပါတယ်၊ ဆူပါမတ်ကက်တွေက Follow Me (Green Tea Shampoo)ကောင်တာတွေမှာ၊ Shampoo ဘူးတွေပေါ်မှာ၊ ကျမရဲ့ဓာတ်ပုံတွေ ပလူပျံခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ VCD ရိုက်တဲ့အဆင့်ထိ ပိုးဝင်လာတာကြောင့် ကျမရဲ့အုပ်ထိန်းသူ အဒေါ်( )က..ကျမကို ဆိုက်ပရပ်စ်(Cyprus) နိုင်ငံကို တွန်းပို့လိုက်တော့တာပါပဲ..။(သူက ကျမကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအသိုင်းအဝိုင်းမှာ မမြင်ချင်ဘူးလေ)။ကျမဝန်ခံပါတယ်၊ ကျမရဲ့စိတ်က ကြော်ကြားချင်တယ်၊မဟုတ်မခံ၊မရရအောင်လုပ်တတ်တယ်၊မဖြစ်ဖြစ်အောင်လုပ်တတ်တယ်၊အညှိုးအတေးကြီးတယ်၊အဒေါ်ကိုမလွန်ဆန်နိုင်လို့သာ ဒီလောကကိုစွန့်ခွာခဲ့ရပေမဲ့ တစ်နေ့ တနည်းနည်းနဲ့ ကျမကို လူတွေသိရမယ်ဆိုတဲ့ ခံစားချက်လေးကျမမှာရှိနေခဲ့တယ်၊ အဲဒီအတွက် ကျမရေးတဲ့ post တိုင်းမှာ အဒေါ်ကိုရွဲ့ချင်တဲ့စိတ်နဲ့ ဓာတ်ပုံတွေကို (အသရေဖျက်ခံရလောက်အောင်) တင်ခဲ့မိပါတယ်။နောက်တစ်ခုက ကျမ အလုပ်ပင်ပမ်းတဲ့အခါမျိုး၊ ရင်ထဲက စကားတွေကို ဖွင့်ထုတ်ပြစ်ချင်တဲ့ အခါမျိုးတွေမှာ စာတွေရေးဖြစ်လာတယ်၊တခါတလေ ကျမ ဖြတ်သန်းကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ၊ ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ နဲ့ကဗျာအတိုအထွာလေးတွေကို(ဝါသနာအရ) မတတ်တခေါက်ရေးခဲ့ရင်း“ Blogger” လို့အမည်တတ်ထားတဲ့ ဒီလောကထဲကိုရောက်လာခဲ့ပါတယ်။အမှန်မှာတော့ ကျမ စာရေးတတ်၍ ရေးခြင်းမဟုတ်ပါ၊စာရေးချင်၍ ရေးခြင်းသာဖြစ်ပါသည်။ဟို...ဝေဖန်ရေးဆရာပြောသလို ကျမရေးသောစာများသည် အရည်အသွေးမှီချင်မှမှီပါလိမ့်မည်(သူပြောတာမှန်ပါသည်)။အဲဒီအတွက်..သူ့ဝေဖန်ချက်ကို (ခုတော့)ကျမစိတ်မဆိုးတော့ပါ။ ကျမဘက်ကနေ မခံမရပ်နိုင်ဖြစ်ပြီး သွေးပူခဲ့ကြတဲ့ Blogger မောင်နှမများအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိရင်း....တစ်ခုတော့ သံသရဖြစ်မိတယ်...ကျမရဲ့ဓာတ်ပုံတွေကြောင့် အဲဒီ“ဝေဖန်ရေး လူကြီးမင်း”ဟာဘာကြောင့် များ ဒီလောက်ထိ ဖြစ်သွားရတာလဲ ဆိုတာကိုပါ။ ထင်မြင်ချက်လေးများ...ပေးကြပါရန်။
(အကျင့်ပါနေလို့ ဓာတ်ပုံအချို့ကို ထပ်ပြီးထည့်သွင်းဖြော်ပလိုက်ပါတယ်...)
21 comments:
မမရေ ကိုယ်ပိုင်တဲ့ စာမျက်နှာမှာ ကိုယ်ဓါတ်ပုံတင်နိုင်သလို ကိုယ်ခံစားချက်တွေ ကိုယ်မကျေနပ်တာတွေ ကိုယ်သိတဲ့အသိတွေ ကိုယ်လုပ်ချင်တာတွေ ကိုယ်ကြုံခဲ့တာတွေ စသဖြင့် ကြိုက်သလို ဖန်တီးရေးသားခွင့်ရှိပါတယ်။ အမှန်ဆို မမအနေနဲ့ သူတို့ကိုဖြေရှင်းချက်ကိုပေးစရာမလိုတာပါ။
သူတို့ကြည့်မရရင် လာမကြည့်နဲ့ပေါ့။ သူတို့ကို ဘယ်သူကများ အတင်းရိုက်ကြည့်ခိုင်းလို့လဲ။ မမတင်သမျှပုံတွေကလည်း ပုံမှန်ရိုက်ထားတာပါ.သူတို့နှိုင်းယဉ်သလို မဟုတ်ဘူးဆိုတာ ထမင်းစားနေတဲ့သူတိုင်း သိပါတယ်မမ.။
ဘာမှစိတ်ထဲမထားနဲ့ ။ ပရိသတ်တိုးတယ်လို့ဘဲမှတ်ပါမမရေ။ မေလေးဆိုလဲ ပို့စ်တစ်ပုဒ်တင်တိုင်း မေးလ်ထဲကိုဆဲစာတွေလာနေကျ ပုံမှန်စာလာဖတ်တဲ့သူထက်တောင် အသေးစိတ်ဝေဖန်နိုင်သေးတယ်.။
အရင်ကတော့ စိတ်မကောင်းဘူး။
ခုတော့ သူတို့ကိုသနားနေမိတယ်။
သူတို့ခမျာ ကိုယ်ကိုမုန်းတီးနေရတာ ဝေဖန်ဆဲရေးချင်နေတဲ့ စိတ်တွေနဲ့ ပူလောင်နေရှာတယ်လို့ဘဲ သနားနေမိတယ်။
ကိုယ်မှန်တယ်ထင်ရင် ဆက်တာလုပ်မမရေ။
ဘာအကြောင်းကြောင့်နဲ့မှ ဘလော့ရေးသားခြင်းကိုမရပ်လိုက်ပါနဲ့နော်။
မောင်နှမတွေအားလုံး မမဘက်မှာရှိတယ်မမ။
ပျော်ရွှင်ပါစေ။
ချစ်တဲ့
ညနေခင်းရဲ့ လေပြည်ထဲမှာ မင်းဆံနွယ်တွေတောင်ပံဖြန့်တဲ့အခါ ပန်းပွင့်လေးတွေရှက်သွေးဖြာ.....ကျေးငှက်လေးတွေတေးမဆိုတော့ပါ...ဒီမှာမျက်ခင်းစိမ်းဦးညွှတ်လို့.......
........................ဒီသီချင်လေးဆိုညည်းရင်း ဓါတ်ပုံလေးတွေကြည့်သွားတယ် မမအဖြူရောင်လေးရေ...................ခေါင်းထဲထည့်ထားရလောက်အောင်ထိ ...ရင်ထဲမှာ ခံစားရလောက်အောင်ထိ ကိုယ့်ဘ၀အတွက် အရေးမပါလှပါဘူး .....။
အခြေအမြစ်မရှိတဲ့ ၊ စောင့်ထိန်းသင့်တဲ့
လူ့ကျင့်ဝတ်တွေကိုနားမလည်ပဲ မိန်းကလေးတစ်ယောက်ကို အသလွတ် ရိုင်းပျစွာ စော်ကားနေတဲ့ ဘလော့တစ်ခုပိုင်ရှင်ကိုဘလော့ဂါစာရင်းထဲထည့်သွင်းထားဖို့မလိုပါဘူး .....။ အားလုံးကိုယ်စားပြောခဲ့ချင်တာက ဝေဖန်ပါ .... လိုအပ်တာကို မှန်ကန်စွာလမ်းပြပါ အကြောင်းမဲ့ တိုက်ခိုက်စော်ကားလာခြင်းကိုတော့ ၀ါသနာတစ်ခုကို အရင်းပြုပြီး ကိုယ့်လမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းနေကြတဲ့ ဘလော့ဂါမောင်နှမတွေအားလုံးက ကန်တော့ဆွမ်းပါလို့ ................................။
(အမြင်ကပ်ပုဒ်မနဲ့ နှင်း အလှည့်လဲ ဘယ်နေ့ရောက်လာမလမြသိဘူး မမရေ...း)
မှန်တယ်ထင်တာတွေ လုပ်သာလုပ်....ခွေးဟောင်တိုင်းထကြည့်ရင် တညလုံးဘယ်အိပ်ရပါမလဲ.....
ဓာတ်ပုံတင်ထားလို့  ...သီချင်းအတွက်အကူအညီတောင်းတာပါ...
တချို့ တွေက ဘဝအဟာရမပြည့်ဝတော့ ဒီလိုပဲရှိတတ်ပါတယ်...
ဘလော့ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့် အရှိဆုံး၊ အပြည့်ဝဆုံးနေရာတစ်ခုပါ။ ကိုယ်ကြိုက်ရာလုပ်နိုင်တာပဲလေ။ ကိုယ့်အိမ်မှာ ဂျွမ်းထိုးချင်ထိုးမယ်၊ ခုန်ချင်ခုန်မယ်၊ လွတ်လွတ်လပ်လပ် နေချင်သလိုနေမယ်လေ..။ သူတပါးကို မထိခိုက် မစော်ကားရင်ပြီးတာပဲ မဟုတ်လား။ ဒါကို လာလည်တဲ့လူတွေက သဘောပေါက်သင့်တယ်။ ကော့မန့်တွေမှာ လေကန်ကြတာက ချစ်ခင်လေးစားမှု၊ ရင်းနှီးမှုကို အခြေခံပြီး မိတ်ဖွဲ့ကြတာပဲ..။ အဲဒီလို လာစော်ကားတဲ့လူတွေကို မလာနဲ့ လို့ နှင်ထုတ်ချင်ထုတ်။ ဘန်းချင်ဘန်း။ ဒါက အိမ်ရှင်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ အဲဒီကြားကမှ အရှက်မရှိ ထပ်ပြီး နှောင့်ယှက်နေတယ်ဆိုရင်တော့ ဒီလူဟာ တိရိစ္ဆာန်စိတ်ရှိတဲ့ သတ္တ၀ါတစ်မျိုးဖြစ်ပါလိမ့်မယ်။
ဘာဖြစ်လဲ ကိုယ့်ပုံကိုယ်တင်တာ မနာလိုသူတွေပြောတဲ့စကားကို ထည့်မစဉ်းစားပါနဲ့ ကိုယ်လုပ်စရာရှိတာကိုသာလုပ်ပါ
အမြင့်ရောက်လေ လေတိုက်ခံရလေပဲ။
မမရေ ဂရုမစိုက်ပဲ ဆက်လုပ် လူတွေ မနာလိုတာက အလကားပါ သူများပြောပြီး သူကရော သူကိုသူ ပြန်ပြောနိုင်တာ မရှိဘူး ဆိုရင် သူဘာသာ သူတိတ်သွားမယ် အားပေးလျှက် ခင်တဲ့ နောင်နောင်
ပြောစရာရှိလာပြီဆိုတော့ပြောရပေါ့ဗျာ.....
ဘလော့ဂါရဲ့ဘလော့ဂါ..ဆိုတဲ့ညီလေးများနဲ့..မြတ်နိုးခင် ဆိုပြီး ယောင်္ကျားလား..မိန်းမလား..အခြောက်လား..ကွဲကွဲပြားပြား မရှိလှတဲ့..blog ပိုင်ရှင်များကိုပါ....ညီလေးတို့က..ကိုယ့်ကိုယ်ကို ဝေဖန်ရေး ဆရာကြီးများ ဆိုပြီး အမျိုးသမီးများရဲ့ blog တွေ ကို အသားလွတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုတွေပြုလုပ်လာလို့ပါ။ ငါ့ညီတို့အခု ရေးနေတာက..ဝေဖန်ရေးမဟုတ်ပဲ..ယောင်္ကျားရန်လို..စအိုတကြွကြွ..ဆိုသလို လူတဖက်သားကို အမနာပတွေ ပြောနေကြတာတွေ..မြင်ရတာ..အင်မတန်မှ..ယောင်္ကျားတယောက်အနေနဲ့ ရှက်စရာကောင်းလှပါတယ်...ငါ့ညီတို့..satire ရေးကြတယ်..ဆိုရင်လဲ ဆရာ့ဆရာကြီးတွေ..ဆရာစိန်ခင်မောင်ရီတို့ ဆရာမောင်သော်က တို့ဘယ်လိုရေးတယ်ဆိုတာ လေ့လာကြပါဦး...ဝေဖန်ရေးမှရေးချင်တယ်ဆိုလဲ..ဆရာမောင်စွမ်းရည်..ဆရာအောင်သင်းတို့ ဘယ်လိုဝေဖန်တယ်ဆိုတာ ဖတ်ကြည့်ကြပါဦး။ blog ရေးချင်းဟာလည်း..အနုပညာ တရပ်ပါ...blogger တွေ အားလုံးဟာ ဘက်စုံ ရှုထောင့်စုံက သူတို့ရင်တွင်းဖြစ်တွေကို ခံစားတင်ပြနေကြတာပါ...အခုငါ့ညီတို့က..အားနွဲ့သူမိန်းမသားများ ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတော့..အကိုတော့ဘာကြောင့်လဲဆိုတာနားမလည်ဘူး...ယောင်္ကျားblog တွေ မပုတ်ခတ်ရဲတာ ..အကိုထင်တယ်လေ...( ငါ့နှမများ..ငါ့တူမများ..နားနဲ့မနာဖဝါး နဲ့သာနာကြပါတော့)..ယောင်္ကျား blogger များက မင်းတို့ ကို ပြန်ဗျင်းရင်..မင်းတို့ အီးပေါက်ရင်..ဘူ..လို့တောင် မမြည်ပဲ ဝရော...ဆိုပြီးထွက်သွားအောင်..စအိုဝကျယ်သွားမှာကြောက်လို့မဟုတ်လား....အကိုပြောချင်တာကတော့ အတောင် ၂၀ ဝတ် မင်းယောင်္ကျားဂုဏ်ကိုထိမ်းသိမ်းကြပါ...ဒါပါပဲ...
အမ ခင်ဗျာ.. ဘယ်သူတွေဘယ်လိုပြောပြောပါ
အမ လုပ်စရာရှိတာတွေကိုသာဆက်လုပ်ပါ.။
ကျွန်တော်တို့ကတော့ အားပေးနေမှာပါ. ဘယ်သူတွေ
ဘယ်လိုပြောပြော.. အမ တစ်နေ့အောင်မြင်မှု သရဖူ
ဆောင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
အမ သူတို့က ရွာတွေးတွေ မကုန်သေးတာနေမှာပါ၊၊
နေခဲ့ပါစေ၊၊
အော်နေပါစေ၊၊
မောရင် သူဒို့ရပ်သွားမှာ ပါ၊၊
အော် အဲဒါကြောင့် အမကိုရင်းရင်းနှီးနှီး မြင်ဘူး
သလို ရှိပါတယ်မှတ်တာ အမကို သိတာပေါ့ဗျာ ဟဲဟဲ
ကျွန်တော့်အမ၀မ်းကွဲ နဲ့ လိုက်တုန်းက သူကလေပြေ
လေ ခုတော့ သူလည်းယောက်င်္ကျားရလို့ နားသွားတာ
ကြာပါပြီ ... don't care sis . . . carry on :)
ဒီလိုပါပဲ.. မရယ် မရဲ့ဘလော့ ကို
အဲဒီ ..သူတို့ပြောတော့မှ
လာဖတ်ဖြစ်တာ.သူတို့ပြောသလို ဟုတ်လဲဟုတ်ပဲနဲ့.
သူတို့ ၀ါသနာမို့လို့ပြောတာနေမှာပါ။ဒါပေမယ့် သူတို့ ၀ါသနာကလဲ တစ်မျိုးကြီးနော်..
ကြိုးစားရင် ဘာမဆို အောင်မြင်ပါတယ်မှ . အားပေးနေပါတယ်...
အမရေ...
ကျွန်တော်များများ မပြောချင်ပါဘူး။
လောကမှာ လူတွေ ဘယ်လောက်ပဲ ဝေဖန်ကြ၊ ကဲ့ရဲ့ချီးမွှမ်းနေကြပါစေ.. အချိန်တန်တော့ ကိုယ့်လမ်းကိုယ် လျှောက်သွားကြရမှာပါ။
” အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကိုယ်
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ရင်ဝယ်မှတ်သားပြီး ဘ၀မှာ ပျော်ရွှင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေဗျာ။
ခင်တဲ့
တက်လူ
ထင်တာ ပြောတာပေါ့နော်.
ဟုတ်ချင်လဲ ဟုတ်မယ် မှားချင်လဲ မှားမယ်..
သူတို့နဲ့ ရန်ညှိုးရှိခဲ့ဖူးလို့လား.. ဥပမာ ဂျီတော့မှာဖြစ်ဖြစ် စကားများခဲ့ဖူးလား ရန်တွေ့ဖူးသလား.. အဲဒါကြောင့်များ အမြင်ကတ်ပြီး လုပ်နေကြသလားလို့... တချို့က မစားရတဲ့ အမဲ သဲနဲ့ ပက်တတ်တယ်လေ..
ကိုယ်ထမင်းကိုယ်စားပြီးကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူအချင်းချင်း ဝေဖန်နေစရာဘာမှမလိုပါဖူးဗျာ
သူတို့အစား ရှက်မိပါတယ် ယောင်္ကျားလေးတွေဖြစ်ပြီး
ဒီလို အကျိုးမဲ့စကားတွေပြောနေတာကို အံ့သြတယ်
လူရယ်လို့ဖြစ်လာရင်လူ့တန်ဖိုးကိုမြင့်တင်ဖို့ကြိုးစားရ
မယ်တဲ့ ဖတ်မှတ်ဖူးတယ်လောကဓမ္မကိုနားလည်နိုင်ရ
မယ် ကျင့်ဝတ်ဆိုတာရှိသင့်တယ် အော် ခွေးဝဲစားများလိုပါလားနော် ဟောင်ဖို့ပဲသိတာကိုး
ခွေးဟောင်တိုင်းထမကြည့်နဲ့အစ်မရေ အိပ်ရေးပျက်
တယ်ဗျး) ဂျီပုန်းတွေဆိုတာအဲလိုပဲလေ
း) သူပေးတဲ့ပစ္စည်းတခုကို ကိုယ်ကမလက်ခံဖူး
မယူဖူးဆိုရင် သူပဲပြန်ယူသွားရမှာမဟုတ်လားဗျာ
ဂျော်လကီးတွေရေ မကြေနပ်ရင် ကျုက်ဆီလဲလာ
အော်နိုင်ပါတယ် အခြောက်စစ်မစစ်သိချင်လို့ပါ
း)
ခွေးဟောင်တိုင်းထကြည့်
အမှတ်မရှိတဲ့ငါ
အိပ်ရေးပြက်တာကြာပေါ့
ဟော့ဟော့ရမ်းရမ်း
ဆိုးသွမ်းလွန်းတဲ့
ခွေးလေခွေးလွင့်
ဟောင်တဲ့အကျင့်က
သေသွားရင်တောင်
ဖြောက်မယ်မထင်။။။။။။။
အမရေဂရုစိုက်မနေပါနဲ့ဗျာ
အရေးလုပ်နေရင်ပိုပြီးအတင့်ရဲလာမယ်
လက်ညောင်းရင်ရပ်သွားလိမ့်မယ်
အဲဒီ ကြော်ငြာပုံလေးတွေ မှတ်မှတ်ရရ တွေ့ဖူးတာပေါ့။ လက်စသတ်တော့ အစ်မကိုး။ အဲဒီပုံတွေထဲမှာ ဆံပင်အရမ်းလှပြီး မျက်နှာလေးကလည်း အေးချမ်းလို့ သဘောကျခဲ့ပါတယ်။
စိတ်မကောင်းပါဖြစ်မိပါတယ်ခင်ဗျာ...။
ဆက်ရေးဖို့ အားပေးနေပါတယ်...။ ဒီနေ့မှ ရောက်ဖူးလို့ပါ...။
အစ်မရေ စိတ်မညစ်ပါနဲ့
အားပေးနေပါတယ်နော် ..း)
ဂျစ်တူးကတော့သဘောကျတယ်ဗျာ-ဓါတ်ပုံဝါသနာပါသူ
ကိုဓါတ်ပုံဆရာကရိုက်ပေးချင်သေးတယ်-လာလာပြီးဓါတ်ပုံ
ဋ္ဌြကည့်ပေးမယ်နော်-
မ ရေ
ဒီပို့စ် ဖတ် လည်း ဖတ်သွားတယ် ..
အလည်ရောက်လာပါတယ်... ပို့စ်လေးကို ဖတ်သွားပါတယ်..။ ကိုယ့် ဘလော့မှာ ကိုယ့်ဟာကို ရေးချင်တာရေး ပြီး လုပ်ချင်တာလုပ်ခွင့်ရှိပါတယ်.. ။ မကျေနပ်တဲ့သူရှိရင် အစကတည်းက လာမဖတ်နဲ့ပေါ့..။ ဘာမှကို ဖြေရှင်းစရာမလိုပါဘူး..။ ဒါပေမယ့် ညီမရယ် ပုံတွေကို တော့ မတင်ပါနဲ့ အင်တာနက်မှာက .. အကျင့်မကောင်းတဲ့သူက ခပ်များများဆိုတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ မကောင်းလို့ပါ.. နောက်ပီး ဒီဟာက ဘလော့ဆိုတော့ လူတကာ ၀င်ထွက်နေတာမို့လို့ပါ.. တစ်ယောက်တည်း အလှပုံတွေက အန္တရာယ်များပါတယ်.. ဘယ်သူတွေ ဘာပဲပြောပြောကိုယ့်လမ်းကိုမှာ အောင်မြင်သည်အထိ လျောက်သွားပါ...။
Post a Comment