ဗိုလ်ချုပ်ဈေးရောက်တိုင်း မုန့်ဟင်းခါး စားရမှ ကြေနပ်သည့် ကျမ မိစု၏ လက်ကိုစွဲရင်း စားနေကျ ဒေါ်ညိုမုန့်ဟင်းခါးဆိုင်သို့ ဦးတည်သွားကာ မုန့်ဟင်းခါး(၂)ပွဲမှာလိုက်သည်။ ပြီးနောက် မုန့်ဟင်းခါးစားနေစဉ် အိမ်မှာကတည်းက စာရင်းပြုစုလာသော ဝယ်စရာ ပစ္စည်းစာရင်းကို မေ့မကျန်မိစေရန် စစ်နေရသည်။ အိမ်တွင် အင်္ကျီဒီဇိုင်းထွင်သည့် လုပ်ငန်းကို ဦးစီးလုပ်ကိုင်သည့် ကျမအတွက် အပ်ချည်၊ဇာ၊ဇစ်၊ကြယ်သီး၊ဖဲကြိုး..စသည့်လိုအပ်သည့်ပစ္စည်းများကို တပတ်စာ စာရင်းပြုစုထားပြီး သူငယ်ချင်း မိစု အားသည့် စနေနေ့တွင် ဗိုလ်ချုပ်ဈေးသို့ ဈေးဝယ်ထွက်လေ့ရှိသည်။ ကျန်ကြားရက်များမှာမူ မိစုလည်းမအား၊ ကျမလည်းမအားသည့်အတွက် (၂)ယောက်လုံးအားမည့် စနေနေ့ကို ရွေး၍ဈေးဝယ်ထွက်ကြရခြင်းဖြစ်သည်။ မုန့်ဟင်းခါး စားပြီး၍ ဝယ်စရာများစားရင်းစာရွက်ထဲမှ အမှတ်စဉ်(၁)ပါ ပိတ်စတန်းသို့ ခြေလှမ်းပြင်စဉ် မိစုမှ မင်္ဂလာဆောင်တစ်ခုသို့သွားရန် မြန်မာချိတ်ထမီ ဝယ်ရန်ရှိကြောင်း ပြောသဖြင့် သူမအား အရင်ဦးစားပေးပြီး မြန်မာချိတ်ထမီများရောင်းသော ပင်မဈေးရုံကြီးအတွင်းသို့ ခြေဦးလှည့်ရင်း မြန်မာချိတ်များရောင်းသော ဆိုင်တန်းများတွင် လျှောက်ကြည့်နေစဉ် “ဈေးလာဝယ်တာလား”..ဟူသော နှုတ်ဆက်သံလာရာသို့ လှမ်းကြည့်လိုက်ရာ ကော်လာ လည်ကတုံးအဖြူရောင်ရှပ်အင်္ကျီနှင့် ကချင်ပုဆိုးကို တွဲဖက်ဝတ်ဆင်ထားသော “သူ့”ကို တွေ့လိုက်ရသည်။ “သူ”နှင့် ပန်းချီပြခန်းတွင် ဒုတိယအကြိမ်တွေ့ဆုံခဲ့စဉ်က “သူ”ပေးခဲ့သော လိပ်စာ ကဒ်လေးကို အမှတ်ရလိုက်သည်။ ဗိုလ်ချုပ်ဈေးကို စနေနေ့တိုင်းသွားနေပေမယ့် (A)ရုံ/ (B)ရုံ/(C)ရုံ ဟူ၍ ကျမခွဲခြား၍မသိ၊ ဗိုလ်ချုပ်ဈေးထဲက ဆိုင်ခန်းလိပ်စာကဒ် ကျမကို ပေးလို့ကတော့ ရှာလို့တွေ့မည်မဟုတ်၊ အခုတော့ မရှာပဲ သူ့ကိုတွေ့လိုက်ရသည့်အတွက် ကျမဝမ်းသာမိသည်။ “ကျွန်တော်ရဲ့သူငယ်ချင်းတွေပါ...ဈေးလျှော့ပေးလိုက်ပါနော်”...တဲ့။ မိစု ဝယ်နေသော မြန်မာပိတ်စဆိုင်ရှင်ကို “သူ”လှမ်းပြောနေသည်။ “ဒါ..ကျွန်တော့်ဆိုင်လေ..ခနထိုင်ပါအုံး”...ဟုဆိုကာ “သူ”ညွှန်ပြရာ (ပိတ်စဆိုင်နှင့် မျက်နှာချင်းဆိုင်မှ)ပန်းချီကားများချိတ်ဆွဲထားသော “သူ”၏ ပန်းချီဆိုင်လေးသို့ ခေါ်၍ ကျမတို့ လိုက်သွားခဲ့သည်။ “သူ့”ဆိုင်မှ အကူကောင်လေးအား “သူ”တီးတိုးမှာနေသည်၊ပြီးတော့ သူ့အနားမှ ကောင်လေးလျှင်မြန်စွာ ထွက်သွားသည်။ ခနကြာတော့ ကောင်လေးပြန်ရောက်လာသည်။ ကျမအတွက်နွားနို့ပူပူလေးတခွက်နှင့် မိစုအတွက် ကော်ဖီတခွက်ချပေးရင်း “သောက်လိုက်ပါအုံး”ဟု ပြောရင်း သူပြုံးပြသည်။ကျမနွားနို့ကြိုက်သည်ကို သူမှတ်မိသည့်အတွက် ရင်ထဲက တဖက်သတ်ကြည်နူးမိသည်မှာ အမှန်။ ကျမလည်း သူပြောပြသည်များကို နားထောင်ရင်း နွားနို့ပူပူလေးကို တငုံချင်းသောက်နေမိသည်။ “ဒီဆိုင်က ကျွန်တော့်မေမေ ဖွင့်ပေးထားတာလေ...မေမေက ညနေမှ ဆိုင်ကိုလာတာ...ဆိုင်မှာချိတ်ထားတဲ့ ပန်းချီကားတွေအားလုံးက ကျွန်တော်ဆွဲထားတာတွေပါ..။ ကျွန်တော်က လူပုံထက် ရှုခင်းပုံတွေကို ဆွဲတာပိုအားသန်တယ်..၊ ပန်းချီဆွဲတဲ့ အလုပ်ကို ကျွန်တော်ငယ်ငယ်လေးကတည်းက ဝါသနာပါတာ..၊မေမေကတော့ ယွန်းထည်ပစ္စည်းနဲ့ ရွှေခြည်ထိုး/ငွေခြည်ထိုးပန်းချီကားတွေကို နိုင်ငံခြားကိုပို့တယ်လေ..၊ ”.။သူပြောပြနေသည့် သူ့ရဲ့အကြောင်းတွေကို ကျမနားထောင်ရင်း သူဆွဲထားသော ပန်းချီကားများကို တခုခြင်းစီ ကြည့်နေမိသည်။ မြူတွေဆိုင်းနေသည့်အာရုံတက် တောဓလေ့ရှုခင်းပုံ၊ ဦးပိန်တံတားရှုခင်း၊ ပုဂံမှ စေတီပုထိုးဟောင်းများပုံ၊ ရွာဦးကျောင်းမှ ကိုရင်လေးများ ဆွမ်းခံကြွနေသည့်ပုံ၊ ဆီမီးခွက်အလှပုံ၊ အင်းလေးမှ ရေပေါ်ဈေးအလှပုံ၊ လောကနတ်ပုံ၊ စသည့်များပြားလှသော သူ၏ ပန်းချီလက်ရာများမှာ အသက်ဝင်လှသည်။ အဲဒီပန်းချီပုံများထဲမှ ကျမစိတ်အဝင်စားဆုံးပုံမှာ ဘုရားပေါ်မှ အလှုခံဌါနတခုတွင် ဘုရားဖူးတချို့ ငွေလှူဒါန်းနေသောပုံပင်ဖြစ်သည်။ ပန်းချီကား၏ အောက်ခြေတွင် “Not for sale” ဟု ရေးထားလိုက်သေးသည်။ ဘုရားပေါ်တွင် ပထမဦးဆုံးအကြိမ် “သူ”နှင့် ကျမ “စ”တွေ့ခဲ့ကြသော အဲဒီနေ့က “သူ”ဓာတ်ပုံရိုက်ပြီး ပုံတူရေးဆွဲထားတာဖြစ်နိုင်သည်။ “ဒီပုံက ရောင်းဖို့မဟုတ်ဘူးလား”..ဟု ကျမက မေးတော့ “အဲဒီပုံက ရွှေဘုန်ပွင့် ဘုရားပေါ်က ရှုခင်းလေ...လက်ဆောင်ပေးဖို့ ကျွန်တော်ဆွဲထားတာ”..။အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် “သူ”ပြန်ဖြေသည်။ ကျမတကိုယ်လုံး အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ကျမ၏စိတ်ထဲတွင် ပဟေဠိပေါင်းများစွာဖြင့် သူ့မျက်နှာကိုကြည့်ရင်း စိတ်ထဲမှ စကားတွေပြောနေမိသည်။ “ရှင်ရယ်..ရှင်နဲ့ကျမ “စ”တွေ့ခဲ့ကြတဲ့ အဲဒီပန်းချီကားထဲက နေ့လေးကို ရှင်..တကယ်ပဲ အမှတ်ရနေဆဲဆိုတာ အခုတော့ ကျမသိခဲ့ရပြီ..၊ ဒါပေမယ့် ဘာဖြစ်လို့များ ရှင်နဲ့ကျမ ဆုံခဲ့ကြတဲ့ ဘုရားပေါ်ကအကြောင်းကို ရှင့်ဘက်က စကား မစချင်ရတာလဲ ဆိုတာကို ကျမ အဖြေရှာမရပေမယ့် လောလောဆယ် ရှင့်ဆီက ကျမ သိလိုက်ရတာကတော့ ရှင်ဟာ သိပ်ပြီး မြိုသိပ်နိုင်လွန်းတဲ့ ယောက်ျားတယောက်ဆိုတာကိုပါပဲ...။
12 comments:
ရက်စက်ပါ့
ကောင်းနေရင် မီးကပျက်ပီ
မြန်မြန်ဆက်နော်
ဆွဲထုတ်လိုက်တော့မယ် နော်
စိတ်မရှည်တော့ဘူးစ်...ဇတ်လမ်းကိုပါ
မကြောက်ပါနဲ့  ...ဟိ
၃ ခန်းဖတ်ပြီးသွားပြီ။း)
ဇာတ်လမ်းရေးသူကိုပြောလိုက် အခန်းဆက်ဇာတ်လမ်း
လေးတွေက အပိုင်းအရမ်းတိုလွန်းတယ်လို့။း)
ပျော်ရွှင်ပါစေ ညီမငယ်။
လုပ်ပြန်ပြီ... သူ....
တန်လန်းကြီး နော်
ငါ့နှယ့် နော်........
ခင်တဲ့ရီနို
ရှင်ဘက်ကအခုစမှာလားမစဘူးလား...
ခုပြော..
ဖတ်ရသူတွေစိတ်မရှည်တော့ဘူး..
ရှင်နော်....
ရှင်ဟာ သိပ်ပြီး မြိုသိပ်နိုင်လွန်းတဲ့ ယောက်ျားတယောက်ဆိုတာကိုပါပဲ...။
အင်းးးးး ပြောပုံ ဆိုပုံ အရ ဆိုရင်တော့
ဝမ်းချုပ်တတ်သူတယောက်ဖြစ်မယ် ..
ုပြီးတော့ လိပ်ဂေါင်းလဲ ရှိရမယ် ..
ပြူတစ် ပြူတစ် နဲ့  ကြာကြာမွေးမထားခိုင်း နဲ့ ..
ဆေးခန်းခေါ်လာခဲ့  .. အပြတ်ရှင်းပေးလိုက်မယ် ။။
ဟဲ ဟဲ ..
သူငယ်ချင်းရေ ... ဇတ်လမ်းလေးက ကောင်းခန်းလေး ရောက်နေပြီလေ... အပြီးရေးတော့လေ။း)
တခါတလေ မြိုသိပ်နိုင်လွန်းတဲ့ သူတွေက ပိုပြီး ချစ်တတ်တယ် သူငယ်ချင်း.. ကံကောင်းပါစေ..
ခင်မင်လေးစားလျှက်
အေးလေဗျာ
ဟီး
သိချင်နေပါတယ်ဆို
း) ကောင်းခန်း
ရောက်မီးပျက်ဖြစ်
နေပြီး)
ဘုရားပေါ်မှ အလှုခံဌါနတခုတွင် ဘုရားဖူးတချို့ ငွေလှူဒါန်းနေသောပုံပင်ဖြစ်သည်။ ပန်းချီကား၏ အောက်ခြေတွင် “Not for sale” ဟု ရေးထားလိုက်သေးသည်။
ကာယကံရှင်တော့မသိဘူး။ ကျွန်တော်တောင် အတော်လေးကြည်နူးသွားမိတယ်။
တွေ့တာ သုံးခါတောင်ရှိပြီဆိုတော့ ဇာတ်လမ်းစတော့မှာပါ..
အဟီး.. အခုမှ အစပဲ ရှိသေးတာနော် ဘလော့ဂ်ဂါမောင်နှမတို့ မြန်မြန်ဇာတ်မသိမ်းခိုင်းနဲ့အုန်း...
တမြုံမြုံ ပြန်တွေးပြီး
တခုန်ခုန်နဲ့ (ရင်ကိုပြောတာပါ)ရေးနေတာနေမှာ
ခင်မင်လျက်...
ရေခဲတုံးကြီးရယ် xxxxx အေးတိအေးစက်နေရက်တယ် xxxxx ရှင်ကြီးရယ် xxxxx စိတ်...ညစ်တယ် xxxxx ဒီကလေ..မိန်းခလေး....xxxxx ဒီကလေ... မိန်းခလေး...
အဲ့ဒီ သီချင်းလေးကိုတောင်..သွားသတိရမိတယ်...။ ချောစုခင်ရဲ့ ရေခဲတုံးကြီးလေ....။
(အဆက်ကို စောင့်မျှော်နေပါ၏။ ရှည်ရှည်ရေးရန် တိုက်တွန်းပါ၏။)
ခင်မင်လျှက်...
ဏီလင်းညို
မျိုသိပ်တတ်တဲ့ ယောက်ျားတွေက အချစ်ကြီးတတ်တယ်နော်.. :P
Post a Comment