Saturday, November 7, 2009

ငါ့ဘဝကို အဆုံးစီရင်လိုက်ရင်ကောင်းမလား


လူငယ်တစ်ချို့သည်အကြီးအကျယ်စိတ်ပျက်လက်ပျက်ဖြစ်ကာမိမိတို့အသက်ရှင်စရာအကြောင်းမရှိတော့ဟုတွေးတောတတ်ကြသည်။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုကြောင်းဖော်ပြခဲ့သူတစ်ဦးကိုသင်သိရှိမညဆိုလျှင်သို့မဟုတ် သင်ကိုယ်တိုင်ထိုသို့ဆုံးဖြတ်ခဲ့သည်ဆိုလျှင်ဦးဆုံးအနေနှင့်ယင်းသို့သောအတွေးမျိုး ဖြစ်ပေါ်လာနိုင်သည့်အကြောင်းရင်းကို ဆန်းစစ်ကြည့်ကြပါစို့/မျှော်လင့်ချက်မဲ့ရသည့်အကြောင်းရင်း။ ။ လူတစ်ဦးသည် အဘယ်ကြောင့် မိမိ၏ အသက်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ရသနည်း။ အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်..။ အကြောင်းရင်းမှာ....
()ဆွေမျိုး ၊မိတ်ဆွေ သို့မဟုတ် အိမ်မွေးတိရစ္ဆာန် သေဆုံးခြင်း
()မိသားစုအတွင်း အငြင်းပွားခြင်း
()စာမေးပွဲကျရှုံးခြင်း
()အချစ်ရေးတွင် မအောင်မြင်ခြင်း
()မမြှော်လင့်ပဲ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးလိုက်ရခြင်း
()မတရားဆက်ဆံခံရခြင်း(ကိုယ်ကာယပိုင်းဆိုင်ရာ သို့မဟုတ် လိင်ဆိုင်ရာ အတော်မတရားပြုခြင်းအပါအဝင်)အထက်ဖေါ်ပြပါ အခြေအနေတစ်ခု သို့မဟုတ် ထို့ထက်မကသော အခြေနေများကို လူငယ်အားလုံးနီးပါ အနှေးနှင့်အမြန် ရင်ဆိုင်ရသည်မှာ မှန်ပါသည်။ ဘဝကို လက်မြှောက်အရှုံးပေးလိုသော လူငယ်များသည်၊မည်သူမျှသူတို့ကိုမကူညီနိုင်၊သူတို့၏ပြဿနာများအတွက် ဖြေရှင်းနည်းမရှိဟု ခံစားရကြောင်း ကျွမ်းကျင်သူများကဆိုကြသည်။



သင်၏မိတ်ဆွေတစ်ဦးသည် အဆုံးစီရင်လိုသည်အထိ စိတ်နာကျင်ထိခိုက်နေပါက ထိုသူအား အကူအညီရယူရန် အားပေးတိုက်တွန်းပါ..။ယင်းကြောင့်မိတ်ပျက်သွားမည်ကို မဆိုးရိမ်ပါနှင့်..။သင်ကိုယ်တိုင်အဆုံးစီရင်လိုသည့် အတွေးများရှိခဲ့လျှင်လည်း အကူအညီရှာပါ သင်မည်သို့ခံစားနေရကြောင်းကို တစ်ဦးတစ်ယောက်အားပြောပြပါ..။ ဂရုစိုက်တတ်၍ သင့်ကို အလေးအနက်ထားကာ နားထောင်ပေးတတ်သူ မိဘတစ်ဦး၊ ဆွေမျိုးတစ်ဦး၊ မိတ်ဆွေတစ်ဦး၊ ဆရာတစ်ဦးကို ပြောပြပါ..။ သင့်အခက်အခဲများကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် အရှုံးမရှိသည့်အပြင် အကူအညီပင်ရရှိပေလိမ့်မည်..။ စိတ်ပျက်အားလျှော့မှုကြောင့် လူငယ်တစ်ချို့သည် မိမိကိုယ်ကို အဆုံးစီရင်ဖို့ဆုံးဖြတ်ကြခြင်းမှာ အမှန်ပင် ဝမ်းနည်းကြေကွဲစရာကောင်းလှသည်..။ စိတ်ဓာတ်ကျနေသူတို့၏ သတိပေးလက္ခဏာရပ်များကို ဂရုပြုကာ တုံ့ပြန်ခြင်းဖြင့် မိဘများနှင့် ဂရုစိုက်တတ်သည့် အခြားသူတို့သည် စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆိုနိုင်ပြီး လူငယ်များအတွက် ခိုလှုံရာနေရာ တစ်နေရာဖြစ်ကြောင်း သက်သေထူနိုင်ကြပါစေ....။

7 comments:

မောင်ဘကြိုင် said...

အိုးးးဖန်းခါးသီးအလုံးငါးရာတော့မစားနိုင်ဖူးအဲဒါကြောင့်
အနော်တော့ ကိုယ့်ဘဝကိုကိုယ်အဆုံးမစီရင်ဖူးဗျာ
း)

ညရဲ့ကောင်းကင် said...

သေရတာလွယ်သလောက်..
အသက်ရှင်ရတာခက်တယ်လို့ ပြောကြပါတယ်...
အဆုံးစီရင်လို့ တခါတည်းသေသွားရင်ကောင်းတာပေါ့...
သေနေ့မစေ့လို့ မသေပဲ ဒုက္ခိတ ဖြစ်သွားရင် သွားရော... ရှင်နေရက်နဲ့ အသက်ဆုံးရတာပဲ...

ကျွန်တော်လည်း ကြောက်တယ်..
အဲ့လိုလုံးဝမလုပ်ဘူး ... :-)

~ဏီလင်းညို~ said...

ကျွန်တော်လည်းကိုဘကြိုင်နဲ့ အတူတူပဲ...။

အိအိချော said...

အဖြူလေးရေ မှန်လိုက်တာ၊ ကိုယ်ကိုတိုင်ကလည်း အဲလိုမျိုးအဖြစ်နဲ့ကြုံဖူးပါတယ်၊ အကြောင်းကတော့ မိသားစုပြဿနာကြောင့်ပါပဲ။ ကြံစည်ခြင်းက မအောင်မြင်ခဲ့ပါဘူး။ အခုတော့ ကိုယ့်ဘ၀လက်တွဲဖော်နဲ့ အရာရာအစစကောင်းတူ၊ ဆိုးဖက်တိုင်ပင်ဖော်ရသွားပါပြီ။ ဘ၀ကို ကြေနပ်နိုင်ပါပြီကွယ်။ ကိုယ့်ဘက်ကလည်း အများအတွက် အကောင်းဆုံးတိုင်ပင်ဖော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

kiki said...

အို..
မကြံကောင်း မစည်ရာ .. ဘာလို့ ဒီလိုလုပ်မှာလဲ ..
ဘဝကို ဘာလို့  လွယ်လွယ်နဲ့ အရှုံးပေးရမှာလဲ ။
ငှက်တွေက ပျံရင်းနဲ့သေကြတာ ။
လူတွေက ကြံရင်းနဲ့သေကြရမှာ ။ လေ ...

TnT said...

တကယ်ကြုံလာရင်တော့ ဒီလို သတိတွေရှိနိုင်ဖို့ ခဲယဉ်းပါတယ်။ အဓိကက တစ်ကယ် တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး ကိုယ်ကလည်း တစ်ကယ်လက်ခံ ဖြေရှင်းဖို့ ပါပဲ။ ဖွင့်ပြောလို့ အကြံဥာဏ်ရပြီး လိုက်မလုပ်ရင် ပေးတဲ့သူပါရောပြီး စိတ်မကောင်းဖြစ်သွားပါလိမ့်မယ်။

ကောင်းတဲ့ အချက်အလက်လေးတွေပါ။

Angel Shaper said...

ဘ၀ကို အရှုံးမပေးသင့်ပါ။
ပျော်ပျော်ကြီး ဆက်လျှောက်ကြမယ်လေ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger