Monday, November 30, 2009

တောင်ပံတွေသာ ရှိမယ်ဆိုရင်....


ရေမပြည့်တဲ့.“အိုး”
“ဘောင်ဘင်ခတ်တယ်”..တဲ့
မပြည့်ဝသေးတဲ့ ငါတို့ရဲ့ ဘဝတွေ
အခုထိ ဘောင်ဘင်ခတ်နေတုန်းပါပဲလား
မွန်းကြပ် ကျဉ်းကြပ်လွန်းတဲ့

ကံကြမ္မာ စက်ဝိုင်းထဲက
နွမ်းဖတ်နေတဲ့ ငါတို့ရဲ့ဘဝတွေ
အတောင်ပံတွေသာ ရှိမယ်ဆိုရင်
ကံကြမ္မာကို ခြေစုံကန်ရင်း
(ဒီ)သံဒရာ စက်ဝိုင်းရဲ့အဝေးဆုံးတနေရာကို
လွတ်လပ်စွာပျံသန်းလိုက်ချင်ပါရဲ့....။

9 comments:

မောင်ဘကြိုင် said...

တောင်ပံတွေရှိချင်ပါတယ်ဗျာ
အိမ်ပြန်မလို့လေ

Anonymous said...

ပျံလိုက်ပါ
ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ပေါ့ 
at least ကဗျာတပုဒ်တော့ရမှာပါ။

ပူးတေ said...

နွမ်းဖတ်နေတဲ့ ငါတို့ရဲ့ဘဝတွေ
အတောင်ပံတွေသာ ရှိမယ်ဆိုရင်
ကံကြမ္မာကို ခြေစုံကန်ရင်း
(ဒီ)သံဒရာ စက်ဝိုင်းရဲ့
အဝေးဆုံးတနေရာကို
လွတ်လပ်စွာ
ပျံသန်းလိုက်ချင်ပါရဲ့....။

ဟုတ်တယ်နတ်သမီးရေ....
ခံစားချက်တွေ တူနေပြီ...
နွမ်းဖတ်နေတာ မြန်မာပြည်က စထွက်လာကတည်းကပဲ....
:(

နတ်သမီးရေ...
ခရီးတွေဆက်နေလို့ ဘယ်မှကိုမရောက်မိတော့ဘူး။sorry နော် ချစ်ယောက်မလေး။ ပို့စ်တွေက schedule တွေနဲ့ တင်ထားခဲ့တာ ကြာပြီ...ခုတလော အလုပ်တွေလဲပိနေတယ်လေ...အိမ်မှာလဲ အပြောင်းအရွှေ့တွေနဲ့.... ပူးတေဇာတာညံ့နေတယ်...

နှင်းဟေမာ said...

ကဗျာလေးကောင်းပ ...
တိုတိုလေးနဲ့ အဓိပ္ပါယ်ရှိပါ၏

ညရဲ့ကောင်းကင် said...

မွန်းကြပ်နေတဲ့ ဘ၀ဆိုတာ စစ်မှန်တဲ့ ဘ၀ပါပဲ...
အတောင်ပံတွေသာ ရှိခဲ့မယ်ဆိုရင်ပေါ့ ကံကြမ္မာရဲ့ အဝေးဆုံးကို တခါလောက်ပျံသန်းချင်ပါတယ်...
ထပ်တူထပ်မျှပါပဲ...

ကဗျာလေးကေင်း၏...

သက်တန့်ချို said...

နတ်သမီးက အတောင်ပံလိုလို့လား တန်ခိုးရှိပြီးသားပဲကို ဟီး

rose of sharon said...

ဒို့လဲ လိုချင်သား... ရနိုင်မယ်ဆိုရင်ပေါ့

busymozzee said...

မွန်းကြပ် ကျဉ်းကြပ်လွန်းတဲ့

ကံကြမ္မာ စက်ဝိုင်းထဲက

နွမ်းဖတ်နေတဲ့ ငါတို့ရဲ့ဘဝတွေ


မှန်လိုက်တာ....

နေညိုရင့် said...

အဲဒီအတောင်ပံတွေ ကျွန်တော် အတပ်မက်ဆုံးဖြစ်ခဲ့တာပေါ့..
ဒါပေမယ့် အတောင်ပံတွေ အားကောင်းတဲ့အချိန်မှာ ကျွန်တော် နွမ်းလျခဲ့ပြီ...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger