ဒီနေ့ဟာ Christmas Eve ဖြစ်သော (၂၄)ရက် ဒီဇင်ဘာနေ့ဖြစ်သည်။ အလုပ်ထဲကို ကျမရောက်တော့ သူငယ်ချင်းဖြစ်သူ တရုတ်မလေးတယောက်က ကျမအတွက် ကျောက်စိမ်း အကာနှင့်လုပ်ထားသော ပန်းသီးလေးတလုံးကို လက်ဆောင်ပေးရင်း “(၂၄)ရက်နေ့၊ဒီဇင်ဘာလတွင် လက်ဆောင်းပေးရသော ပန်းသီး” အကြောင်းကိုရှင်းပြခဲ့ပါတယ်။
(၂၄)ရက်နေ့၊ ဒီဇင်ဘာလ၊ “ည”အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း)ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple(ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့် =Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း) =Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။
ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်းလက်ဆောင်အဖြစ်သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။
ဤပန်းသီးလက်ဆောင်ကို (၂၄)ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ထိုညကို
Safe Night = Ping An Ye(ဖျင်န်အန်ယဲ့)ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်ျနှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသောည ”ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ဒီဇင်ဘာ ညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လား......။
ကဲ............ရော့
သူငယ်ချင်းတို့အတွက် ကံကောင်းခြင်းနဲ့ ကျန်းမာပျော်ရွှင်ခြင်းတွေ အပြည့်ထည့်ထားတဲ့
“ပန်းသီး လက်ဆောင်”....
Dear Angel.....(23)
18 hours ago
12 comments:
ပန်းသီးပို့စ်ကို လာဖတ်ရင်း တစ်ခုပြင်ခဲ့ချင်ပါတယ်
Ping Guoကို (ဖျင်န်ကွာန်)လို့ အသံထွက်တာတော့ မဟုတ်ဘူး.. ဒီနေရာမှာ G ကို တရုတ်လို့ ping yin ရေးရင် ဂျီလို့အသံမထွက်ပါဘူး.. ဂ သံ ဂေ့လို့ ထွက်ပါတယ် (အနီးစပ်ဆုံး မြန်မာအသံထွက် စာလုံးပေါင်း)Guoကို ဂေ့ဝူအော် (ကော်)လို့ အသံထွက်ရပါတယ်။ Ping(ဖျင်န်)ဆိုရင်လည်း အင်္ဂလိပ်စာလုံးပေါင်းအတိုင်း Ping မဟုတ်ဘဲ ဖော(p)ရင်း(ing)(ဖျင်န်)လို့ အသံထွက်ရပါတယ်...
ဒါက တရုတ်ဗျည်းတွေပါ
b p m f
d t n l
g k h
j q x
zh ch sh r
z c s y w
ခုလို ပြင်တာကို စိတ်မဆိုးဘူးလို့ ထင်ပါတယ်။ အသံထွက် အမှားတွေဖြစ်မှာစိုးလို့ပါ။ တစ်မျိုးမထင်စေချင်ပါဘူး..
Merry X'mas
နိုင်းနိုင်းစနေ
ကျေးဇူးအများကြီးတင်ပါတယ်...မနိုင်း
အမှန်တကယ်တော့ တရုတ်ဆိုင်မှာ
အလုပ် လုပ်တာ ကြာပြီဖြစ်တဲ့ ညီမအတွက်
တရုတ်စကားကို နားရည်ဝပြီး လက်တန်းပြောခဲ့တာမို့
တရုတ်စကားရဲ့ ဗျည်းအက္ခရာ အကြောင်းကို
နားမလည်တာ အမှန်ပါ...
Broken chinese language နဲ့သာ အသုံးပြုခဲ့တာမို့
အသံထွက်ကို မြန်မာလို တိုက်ရိုက်စာလုံးပေါင်းထားမိခြင်းပါ....။
“(၂၄)ရက်၊ဒီဇင်ဘာ ည မှာ ပန်းသီးလက်ဆောင်ပေးရခြင်း၏ အဓိပ္ပါယ်”ကိုသာ ဗဟုသုတအနေဖြင့် အဓိကပြောချင်တာမို့..
စာဖတ်သူများလည်း...“မနိုင်း”ရှင်းပြသွားသလို ပေါင်းဖတ်ပေးကြပါရန်....မေတ္တာရပ်ခံပါတယ်ရှင့်....
သူငယ်ချင်းရေ........ နွယ် ပန်းသီးလေး လာယူသွားပါတယ်။း)
ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေ တနှစ်ပတ်လုံး ပြည့်စုံအောင်လေို့နော်...။
Merry X-Mas ပါ နမ်းရေ..။
ခင်မင်လေးစားလျှက်
မမအဖြူရောင်လေးရေ.....
ကဗျာဆန်ဆန်လှတယ်း)
ဗဟုသုတလေးတစ်ခုကိုယူသွားပြန်ပြီ
ချစ်ညလေး
မမရေ ပန်သီးလာစားတယ်နော်..
သိုင်းကျူး..နော် ပျော်ရွှင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေ။
ပန်းသီးစားချင်လို့လှမ်းယူချင်ပေမယ့်..
နတ်တမီးကမယူရဲအောင်လုပ်ထားတယ်.ဟင့် :P
စိတ်ကူးကောင်းလေးတစ်ခုပါ.. ဒီညတော့ ၂၅ရက် ခရစ္စမတ်ညဖြစ်သွားတော့ နောက်ကျသွားပြီ.. နောက်နှစ်ကို စောင့်လိုက်ဦးမယ်နော်.. ပန်းသီးလေးပေးဖို့
ပန်းသီးပေးရတယ်တဲ့လား...
ပန်းသီး လက်ဆောင်ယူပြီး ပြန်သွားတယ်နော်....
အခုမှ သိတယ်။ ပန်းသီးလက်ဆောင်ရရင် ကံကောင်းတယ်ဆိုတာ။ ဗဟုသုတပေါ့။
နတ်သမီးရေ...
ကျေးဇူးးးး...မသိသေးတာ သိရလို့...။
(ပန်းသီးက တစ်လုံးထဲဆို လောက်ဘူးဗျ...:D...)
ခင်မင်တဲ့
ဏီလင်းညို
ဒီကိုလဲ တလုံးလောက်.... တကိုက်ကိုက်ပြီး နာ့လတော့ အဖုံးမှာ ပလာစတာနဲ့ ကပ်ထားဘို့.... ခွိ
Post a Comment