ပန်းချီ၊ပန်းပု၊အနုပညာနှင့် ဒီဇိုင်း အတတ်ပညာများကို ရူးသွပ်သူများအတွက် လေ့လာရန် အကောင်းဆုံးနေရာကတော့ ကျမလက်ရှိနေထိုင်လျှက်ရှိသော ဆိုက်ပရပ်စ်နိုင်ငံ လမ်ဘာမြို့လေးတွင် ဖွင့်လှစ်ထားသည့် “Cyprus College of Art” အမည်ရှိ တက္ကသိုလ်ကျောင်းလေးပဲဖြစ်ပါသည်။
ဤကျောင်းကို England နိုင်ငံရှိ Leed Collegeof Art မှ ကဗျာဆရာများနှင့် ပိသုကာ အနုပညာသည်များက ၁၉၆၉ ခုနှစ်တွင် အစမ်းသဘောဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ အောင်မြင်မှု ရရှိသည့်အတွက် ယင်း ကောလိပ်ကို သင်တန်းကျောင်းများ ပြန့်ပွား၍ ဆက်လက်ဖွင့်လှစ်ခဲ့သည်။
ယင်းကျောင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ရှေးအကျဆုံးနှင့် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော အနုပညာ သင်တန်းကျောင်းဖြစ်ပြီး Cyprus College of Art မှ သင်ကြားပို့ချပေးသော ဘာသာရပ်များမှာ
* Foundation Art and Design.
* Undergraduate Fine Art.
* Postgraduate / MA Fine Art.
* Study Abroad and JYA တို့ ဖြစ်သည်။
သင်တန်းကာလမှာ (၁)နှစ်သင်တန်း၊ (၄)နှစ်သင်တန်း၊ ရက်တို နွေရာသီ သင်တန်းဟူ၍ (၃)မျိုးခွဲခြားထားသည်။
သင်တန်းပို့ချသည့် ဆရာ/ ဆရာမများမှာ (၈)ဦးခန့်ရှိပြီး နိုင်ငံပေါင်းစုံမှ လာရောက်ကြသည့် အနုပညာရှင်များဖြစ်သည်ဟု သိရှိရပါသည်။
သင်တန်းပို့ချသည့် ဆရာ/ ဆရာမများမှာ (၈)ဦးခန့်ရှိပြီး နိုင်ငံပေါင်းစုံမှ လာရောက်ကြသည့် အနုပညာရှင်များဖြစ်သည်ဟု သိရှိရပါသည်။
ဤအနုပညာကျောင်းသည် အခြားတက္ကသိုလ် ကျောင်းများနှင့် မတူပဲ သင်တန်းမှ ပို့ချသော ဘာသာရပ်များအပြင် မိမိတို့၏ ရင်ထဲမှ ခံစားချက်များကို လွတ်လပ်စွာတွေးခေါ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အနုပညာ စိတ်ကူးပုံဖော်မှုများကို ဖန်တီးနိုင်သည့် ကျောင်းလည်းဖြစ်သည်။
ကျမ စိတ်အဝင်စားဆုံး အရာကတော့ မိမိပုံဖော်ချင်သည့် အရာဝတ္ထု သက်မဲ့ပုံသဏ္ဍာန်တခုအတွက် တန်ဖိုးရှိသော ပစ္စည်းများကို အသုံးမပြုပဲ စွန့်ပစ်ပစ္စည်း အကြိုးအပဲ့များကို အသုံးပြုပြီး ဖန်တီးထားသော သူတို့၏ အနုပညာ လက်ရာများကတော့ ကျမအတွက် မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ “ဟင်...အစုတ်အပြတ်တွေချည်းပဲ..ဒါလား...အနုပညာ တက္ကသိုလ်..” ဟု ပြောကောင်းပြောကြပါလိမ့်မည်။ သူတို့ဖန်တီးထားတဲ့ အဲဒီ အစုတ်အပြတ်တွေက ပြောတဲ့ ခံစားချက်တွေကို ခံစားတတ်သူ ကျမကတော့ နားလည်ခဲ့ပါပြီ။
အနုပညာဆိုတာ... တန်ဖိုးရှိသော အရာတွေနဲ့ ပြုလုပ်ဖန်တီးမှ အနုပညာ လက်ရာ တခု ဖြစ်လာခြင်းမဟုတ်ပါ။ အနုပညာမှာ အသုံးမဝင်သည့် ပစ္စည်းဆိုတာ မရှိ၊ စွန့်ပစ် ပစ္စည်း တိုင်းသည် အနုပညာ သမားတယောက်အတွက်တော့ သူ့နေရာနှင့်သူ အမြဲတန်းအသုံးဝင်နေခဲ့သည်။
ဘဝဆိုတာလည်း ထိုနည်း၎င်း ပါပဲ...။
ကိုယ့်ကိုယ်ကို အသုံးမကျသူလို့ ထင်ထားတဲ့ လူ တယောက်...
သူနဲ့ သင့်တော်မယ့် နေရာကို ရောက်သွားခဲ့ရင်တော့...
တန်ဖိုးမဖြတ်နိုင်တဲ့ လူတယောက် ဖြစ်လာနိုင်တယ်ဆိုတာကို...
ဆိုက်ပရပ်စ် အနုပညာကောလိပ်မှ သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။
ကျမ ကိုယ်တိုင် သွားရောက် လည်ပတ်ခဲ့သော ဤအနုပညာ သင်တန်းကျောင်းမှ စိတ်ဝင်စားစရာ ဓာတ်ပုံအချို့ကို ဖော်ပြရင်း ဆိုက်ပရပ်စ် နိုင်ငံမှ ကျမအတွက် စိတ်အဝင် စားဆုံး နေရာ တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
ကျမ ကိုယ်တိုင် သွားရောက် လည်ပတ်ခဲ့သော ဤအနုပညာ သင်တန်းကျောင်းမှ စိတ်ဝင်စားစရာ ဓာတ်ပုံအချို့ကို ဖော်ပြရင်း ဆိုက်ပရပ်စ် နိုင်ငံမှ ကျမအတွက် စိတ်အဝင် စားဆုံး နေရာ တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
15 comments:
ဟိုက် ..ရှားလဘတ်စ်စ်စ်
တယ်မိုက်စ်စ်စ်စ် ပါလားး ကွယ် ရို့  ....
အနီရောင်လေးက ကန့်လန့်ကန့်လန့်ပါနေတယ်..
သူ့ကို ဟိုဘက်နဲနဲတိုးခိုင်းလိုက်ပါလား.:P :P
(ချိတ်ချိုးနဲ့နော်..စတာ)
အခုလို အနုပညာမြှောက်လက်ရာတွေတင်ပေးပြီး.
ကိုယ်မရောက်ဘူးတဲ့နေရာလေးတွေကို ဖော်ပြပေးတော့ကောင်းတာပေါ့ဗျာ..
ဗဟုသုတလဲရတယ်..၀မ်းလဲဝမ်းသာပါတယ်..
ကျေးဇူးလဲတင်တယ်နော်..
အဲ..ပြောလိုက်အုံးမယ်
အနီရောင်လေးကို..ဟိုဘက်တိုးနေလို့ :P
ကြည့်ရတာ အေးအေးချမ်းချမ်းရှိမယ့်နေရာလေးပဲ..
Thanks for information.
အရာရာတိုင်းကို တန်ဖိုး ထားသော သူအတွက်တော့ အရာရာတိုင်း ဟာတန်ဖိုးရှိပါတယ်
အနီရောင်လေးမပါရင်ဓါတ်ပုံတွေ ပိုမိုက်မယ် nor :))
အခုလိုတင်ပြပေးတဲ့အတွက် အရမ်းကျေးဇူးတင် ၀မ်းမြောက်ပါတယ်.. ဒါပေမယ့်.. အနုပညာမှာတော့ တန်ဖိုးရှိတယ်.. မရှိဘူး.. အကောင်းစားတွေ.. အညံစားတွေဆိုတာမရှိဘူး.. အသုံးဝင်တာကိုပဲသုံးသုံး စွန့်ပစ် ပစ္စည်းကိုပဲသုံးသုံး သုံးချင်တာကိုသုံး.. အဓိကက အနုပညာဖန်တီးတဲ့လူရဲ့စိတ်ထဲမှာ တကယ့်အနုပညာကို ချစ်မြတ်နိုးတဲ့စိတ်ရှိဖို့ပါပဲ.. အဲဒါက အဓိက ပွိုင့်ပါပဲ..
တော်ပြီ...
စိတ်ကောက်သွားပြီ..
ဓာတ်ပုံတွေကို မမြင်ချင်ဘူး မဟုတ်လား..
ဘယ်တေည့မှ မမြင်စေရဘူး..
ကတိပေးတယ်...
အဲလိုတော့မလုပ်ပါနဲ့စကြတာပါ တောင်းပံပါတယ် :))
;) မမြင်ဖူးတဲ့ ပုံရိပ်တွေမြင်ဖူးသွားပြီ
ဒီဇိုင်းလက်ရာတွေမိုက်တယ်ဗျ ငါးပုံမြောက်ကလက်ရာ
တွေကြိုက်တယ် ငါ့အစ်မကိုလဲကြည့်သွားတယ်
လှတယ်အစ်မး)
နတ်သမီးရေ...
ကျွန်တော်ဆို.. သိပ်ရောက်ဖူးချင်တာ..အဲ့ဒီလိုနေရာမျိုးတွေကိုလေ...။ ဝေမျှပေးထားတာ..တစ်ကယ်ကျေးဇူး...
ဓါတ်ပုံလေးတွေက မော်ဒယ်လ် ပါလို့နဲ့ တူပါတယ်..။ ပိုအသက်ဝင်နေသလိုမျိုးပဲ....။ :D
(အပေါ်မှာ စိတ်ကောက်တယ်ဆိုလို့ အားပေးသွားပါ၏။)
ခင်မင်တဲ့
ဏီလင်းညို
အဖြူရောင်နတ်သမီးကနေ အနီရောင်နတ်သမီးဖြစ်သွားရှာပြီ..ဟိဟိ.. စတာပါ.. ဗဟုသုတရပါတယ်.. ကိုယ်မသွားနိုင်တဲ့နေရာတွေက ပုံတွေအကြောင်းအရာတွေလေ့လာခွင့်ရတဲ့အတွက်ကျေးဇူးပါ အနီရောင်လက်(ချ)မီး..အဲ နတ်သမီးရေ..ဟိဟိ
မမရေ... နေရာလေးတွေကလည်း တော်တော်လေးလှတယ်.. ဓါတ်ပုံထဲက ရှုခင်းကို အားဖြည့်ပေးတဲ့ မင်းသမီးချောလေးပါလို့  ပိုပြီး အသက်ဝင်သွားတယ် မမ.. ညီမလေးကတော့ မမပုံတွေကို သဘောကျတယ်.. အထူးသဖြင့် ဆံပင်ရှည်တွေကိုပေါ့..
တိတ်တိတ်လေးဟုတ်ဘူးနော် မမ..
ညီမလေး
ရည်မွန်
ဓါတ်ပုံတွေလည်း သိပ်လှတယ် လူလည်းသိပ်လှတယ်။
အနုပညာ တက္ကသိုလ်မှာ အနီရောင် ရုပ်ထုကြီးက တကယ်အသက်ဝင်တယ်နော်...
အဟီး ...စတာ ချိတ်ကောက်နဲ့အုန်း...
တကယ့်အနုပညာလက်ရာ မြောက်တဲ့နေရာလေးတခုပါ...
ဝေမျှပေးတာ ကျေးဇူး...
(ပြန်ဖားတာ... အဟီးး) )
ဓါတ်ပုံတွေအတွက် ရှုခင်းတွေ ရွေးတာတော်တယ်ဗျာ။
သင့်ပါတယ်.။
ရိုက်ထားတဲ့ ဓာတ်ပုံ တွေ လှတယ် ...
မ လည်း တော်တော် လှတယ် ...
Post a Comment