Friday, May 21, 2010

ဘုရားရှင်၏ ကြီးမားသော အပြစ်ပေးသောနေ့

မေလ(၂၄)ရက်၊ တနင်္လာနေ့ ဟာ ဆိုက်ပရပ်စ်နိုင်ငံရဲ့ ရိုးရာပွဲတော်နေ့ တနေ့ဖြစ်သော “Kataklismos Day” (ကာတာ ကလစ်မို့စ်) နေ့ပဲဖြစ်ပါတယ်။
“Kataklismos” ရဲ့အဓိပ္ပါယ်ကတော့ “ကြီးမားသော အပြစ်ပေးခြင်း”ဖြစ်သောကြောင့် “ဘုရားရှင်၏ ကြီးမားသော အပြစ်ပေးသောနေ့” ဟု ဘာသာပြန်ဆိုပါရစေ။

ထိုနေ့နှင့်ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်လေးတပုဒ်ကတော့ ........လောကမှာ လောဘ၊မောဟ၊ဒေါသတွေဖုံးလွှမ်းနေတဲ့ လူတွေကို အပြစ်ပေးချင်တဲ့ ဘုရားရှင်ဟာ ကြီးမားသော လှေကြီးတစင်းကိုဖန်ဆင်းခဲ့တယ်။
ထို့နောက် အလွန်ရိုးသားဖြူစင်ပြီး ဘုရားရှင်ကို အကြွင်းမဲ့ယုံကြည်သောသူ “နောဧ”(Noe)ဆိုသူနှင့် နောဧ၏ ဇနီးအပါအဝင် တရိစ္ဆာန်တမျိုးစီမှ တကောင်စီကို ထိုလှေကြီးပေါ်သို့တင်ဆောင်ပြီး ကမ္ဘာကြီးတခုလုံးကို ရေဖြင့်လွှမ်းမိုးစေခဲ့တဲ့အတွက် လှေပေါ်မှာရှိသော သူများသာလျှင် အသက်ရှင်ကျန်ရစ်ရင်း ဖြူစင်သောမျိုးစက်သစ်များဖြင့် ကမ္ဘာကို ပြန်လည်သန့်စင်ခဲ့သည်ကို အစွဲပြု၍ “ဘုရားရှင်၏ ကြီးမားသော အပြစ်ပေးသောနေ့”အဖြစ်သတ်မှတ်ကာ ပင်လယ်ကမ်းခြေနေရာများတွင် ဈေးရောင်းပွဲတော်များကို (၂)ပတ်ကြာမျှ ကျင်းပလေ့ရှိသည်။

ထိုပွဲတော်သည် Easter နေ့အပြီး ရက်(၅၀)အကြာတွင် ကျင်းပလေ့ရှိခြင်း ၊ X mas (Christmas) နေ့ကဲ့သို့ သတ်မှတ်ရက်အတည်တကျမရှိခြင်းကြောင့် “ရွေးလျှားနေသောပွဲတော်”(Moving Fastival) ဟုလည်း ခေါ်ဆိုကြသည်။

ဆိုက်ပရပ်စ်နိုင်ငံ၊ မြို့အသီးသီးမှ သက်ဆိုင်ရာ ဘုန်းတော်ကြီးများသည် မိမိတို့မြို့တွင်ရှိသော ပင်လယ်ကမ်းစပ်မှ သတ်မှတ်ထားသော ဘောတံတားပေါ်မှ ၁ပေခွဲခန့်ရှိသော လက်ဝါးကပ်တိုင်တခုကို ရေထဲသို့ပစ်ချပြီး အသင့်စောင့်ဆိုင်းနေကြသော လူငယ်များအား ရေငုတ်၍ လက်ဝါးကပ်တိုင်ကိုရှာဖွေစေသည်။
လက်ဝါးကပ်တိုင်ကို ရရှိသောသူသည် ဘုရားရှင်၏ စောင့်ရှောက်ခြင်းကိုခံရသူ၊ ဘုရားရှင်မှပေးသော ကံကောင်းခြင်းလက်ဆောင်ကိုရရှိသောသူအဖြစ် သတ်မှတ်ပြီး ထိုပွဲတော်မှပေးသော ငွေသားဆုကိုပါ ရရှိမည်ဖြစ်သည်။
ထို့နောက်လောဘ၊ဒေါသ၊မောဟ အညစ်အကြေးများ ကင်းစင်စေခြင်းအလို့ငှါ ပွဲလာသူများအချင်းချင်း ရေများပက်ဖျန်းဆော့ကစားကာ သင်္ကြန်ပွဲတော်(Wet Fastival)ကို ပျော်ရွှင်စွာ ဆင်နွှဲကြကြောင်းနှင့် ထိုနေ့တွင် အလိုအလျှောက်မိုးရွာသွန်းလေ့ရှိသည့်အတွက် ဘုရားရှင်မှ လောဘ၊ဒေါသ၊မောဟ အညစ်အကြေးများကို မိုးဖြင့်ဆေးကြောပေးသည်ဟု ဒေသခံများက ယုံကြည်ကြကြောင့် “ဆိုက်ပရပ်စ်နိုင်ငံမှ ဘုရားရှင်၏ ကြီးမားသော အပြစ်သေးသောနေ့” အဖြစ် တင်ပြလိုက်ရပါသည်။


ဝန်ခံချက်။ ။ ဒေသခံတဦး၏ ပြောပြချက်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည့်အတွက် ခရစ်ယာန်ဘာသာဝင်များအနေနှင့် ဘာသာရေးဆိုင်ရာ သမာန်ကျမ်းစာအရ ဘာသာပြန်လွဲချော်မှုများ၊ မပြည့်စုံမှုများ တစုံတရာရှိခဲ့ပါလျှင် ခွင့်လွှတ်နားလည်ပေးကြပါရန်နှင့် စာရေးသူကျမ၏ ညံ့ဖျင်း မှားယွင်းမှုသာဖြစ်ပါကြောင်း။

13 comments:

ခြင် said...

ညီမလေးနှပ်သမီးရေ... ရောက်စ်

ရွှေရတုမှတ်တမ်း said...

ကဲ..ပွဲတော်ကိုနွှဲပျော်သွားပြီ

♥ ကိုဇော် ♥ said...

ကောင်းတယ်ကွာ။
မရောက်ဖူးတော့ ဗဟုသုတ ရတာပေါ့။

ဝေလင်း said...

နောဧ အကြောင်းတော့ ကြားဖူးတယ်..
အဲဒီနိုင်ငံက ပွဲတော်အကြောင်းတော့ ခုမှကြားဖူးတယ်..

kiki said...

အဲ့ ဒီ ဘုရားရှင် ကို မြန်မာပြည် ဖိတ်လို့ ရမလားဟင် ..ကြီးမားတဲ့ အပြစ်ပေး ရမဲ့ သူတွေ အများကြီး ရှိနေတာ .. ဘုရားတောင် မျက်စိလည် သွားနိုင်တယ် နတ်သမီး ရဲ့  ..

ချော (အစိမ်းရောင်လွင်ပြင်) said...

မသိသေးတဲ့အကြောင်းအရာလေးတွေပါဘဲ
မရောက်ဖူးတဲ့နိုင်ငံက မသိသေးတဲ့စိတ်ဝင်စားစရာ အကြောင်းလေးတွေ ဖတ်ခွင့်ရတာ ၀မ်းသာမိပါတယ်..
ကျေးဇူးပါ ညီမလေးရေ..

rose of sharon said...

ပျော်စရာကြီးနော်... လာလည်ချင်တယ်

သဒ္ဓါလှိုင်း said...

ဗဟုသုတရတဲ့အတွက်ကျေးဇူး..နော်
နေကောင်းတယ်မလား...

ခင်တဲ့
သဒ္ဓါ

thaw zin soe said...

အမရေ ကောင်မလေးချောချောလေးတွေလည်း လာတတ်လားလို့ မေးပေးပါလား ခစ်..ခစ်.. :P
လေးစားလျက်.....

မောင်ဘကြိုင် said...

ထူးထူးဆန်းဆန်းပဲး)

ရွှေနတ်သား said...

ဗဟုသုတ ရသွားတယ်ဗျာ...
တော်တော်တော့ လှပတဲ့ နိင်ငံဖြစ်မယ်ထင်တယ်နော်....ကျွန်းနိင်ငံလေးတွေဆိုတော့လေ

sosegado said...

ဗဟုသုတပါပဲ ဖတ်သွားပါတယ် သူတို့ဓလေ့ သူတို့ပွဲပေါ့

SHWE ZIN U said...

ဗဟုသုတရ စရာလေး ဖတ်သွားတယ် ညီမရေ
မြန်မာပြည် သင်္ကြန် နဲ့ အတူတူ ဘဲပေါ့နော်

ခင်တဲ့
မမရွှေစင်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger