On Line ပေါ်မှာ တွေ့ပြီး ကျမနဲ့ မိတ်ဆွေဖြစ်ခဲ့ရတဲ့ သူတွေထဲမှာ “ကိုဇာနည်မောင်” ဆိုတဲ့ (သူ့ရဲ့မကျေနပ်ချက်တွေကို အချိန်ပြည့် ပွစိပွစိလုပ်တတ်သူ)အကိုတယောက်လည်း ပါဝင်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာ အခြေချနေထိုင်ပြီး သူ့ရဲ့ဘလော့ဂ်စာမျက်နှာကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးဝါသနာပါသူတယောက်လို့ ယူဆရတဲ့ ကိုဇာနည်မောင်ရဲ့(၃၉)နှစ်မြောက် မွေးနေ့ဖြစ်တဲ့အတွက် ထုံးစံအတိုင်း မွေးနေ့ပွဲလေးတခုလုပ်ပေးရင်း “မွေးနေ့ရှင် ကိုဇာနည်မောင်” အတွက် ဆုတောင်းပေးလိုက်ကြရအောင်လားရှင်...ပုဇွန်ပေါင်မုန့်ညှပ်ကြော်
ပုဇွန်ဖက်ထုပ်
ပုဇွန်ကင်(နတ်သမီး ကတော့ တရုတ်မတွေနဲ့ပေါင်းပြီး ပါတီပွဲလုပ်ရင် အဲဒီလို ပုဇွန်တွေကို လက်နှစ်ဖက်နဲ့ ကစ်တာ အကျင့်ဖြစ်နေပြီ)
အနောက်တိုင်းစတိုင်လ် Creamပုဇွန်
ပုဇွန်ငြုပ်သီး
ပုဇွန်ကြက်သွန်ဖြူ
မိန်းခလေးများအတွက် “မိုဂျီတို” ကောက်တေးလ်
ပူစီနံရွက်နဲ့ သံပုရာသီး အနံကိုသုံးပြီး သကြားနဲ့ရောထားတဲ့အတွက်
သောက်လိုက်ရင် ချိုပြီး သံပုရာရည်အရသာနဲ့ ပူစီနံအနံ့သင်းသင်းလေးရှိတဲ့
နွေရာသီမှာ အသောက်များတဲ့ “မိုဂျီတို”ကောက်တေးလ် ပါ..။
ယောကျာ်းလေးများအတွက် ဝိုင်များအချိုပွဲ သစ်သီးများ..
(၂.၀၉.၁၀)နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်အတွက်...မွေးနေ့ကိတ်
မွေးနေ့လက်ဆောင်...
ယောက်ျားလေး ဆိုတာ အသက်(၄၀)မှ ဘဝ“စ”တာပါ ...ကျွန်တော်က အခုမှ(၃၉)နှစ်ပဲ ရှိပါသေးတယ် လို့ အတိအလင်းကြေညာသွားတဲ့ ကိုဇာနည်မောင်အတွက် မွေးနေ့ကဒ်လေး..နဲ့အတူ...ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့များကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း...
Happy Birthday.....“ကိုဇာနည်မောင်”
*(ဘလော့ဂ်ကို လာလည်ရင် ပွစိပွစိ သိပ်မလုပ်နဲ့ အကိုရေ...၊ ချစ်သူက နတ်သမီးကို မျက်မှောင်ကုတ်ပြီးကြည့်ကြည့်နေတာ...၊ ဘယ်နေ့ အဆူခံရမလည်းမသိဘူး၊ )
Dear Angel.....(23)
18 hours ago
12 comments:
နတ်သမီးရေ...ပုဇွန်ဟင်းတွေ အမယ်စုံ အကုန်စားသွားတယ်....အစ်ကိုဇာနည်မောင်ရေ...ဟက်ပီးဘတ်ဒေးနော်...စားပြီးမှာ wish လုပ်တယ် ဒီညီမလေးကတော့....။
ခင်တဲ့
မိုးငွေ့
မနမ်းရေ အဟီး ပုစွန်မြင်ရင် ကိုးက၀ါးတီးဖွင့်လိုက် ရမှကျေနပ်တာ ပုစွန်ဆိုအရမ်းကြိုက် မြင်ရင် မနနိုင်ဘူး။
ခုတော့ ဟီး မြင်သာမြင်မကြင်ရ .. အင်းဒါပေမယ့် ဒီမှာအမြင်နဲ့စားသွားတယ် အိမ်ပြန်ချက်စားဦးမှ
ဒါပေမယ့် ပုစွန်ကဈေးကြီးတယ် .. အဟဲ
မွေးနေ့ရှင်ပျော်ရွှင်ပါစေ.. ဒါနဲ့ 40မှဘ၀စတယ်ဆို တော့ ခုဟာက စသေးဘူးပေါ့နော်.. အဲတော့ ဘယ်လိုကြီးပါလိမ့်... ကိုးကတော့ ကိုယ့်ကိုယ်ကိုယ် အဘိုးကြီးထင်နေတာ.. ကျောင်းသားငယ်ငယ်လေးတွေနဲ့နေရတော့လေ. ဟီး
ခင်မင်လျှက်
ကိုကိုးအိမ်
ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုဇာနည်မောင်ရေ
စားသောက်စရာတွေက တကယ်ကို ဂလု စေတယ်ဗျာ
း)
ဟက်ပီးဘတ်ဒေးပါဗျာ...
မွေးနေ့ရှင်ရော..
မွေးနေ့ပွဲ ကျင်းပပေးသူရော ပျော်ရွှင်ကြပါစေ။
ဘဝစဖို့ ၁ နှစ်တောင်မှ လိုသေးတာပဲနော်..အနော်ဆို အခုမှ ခရေးရေးပေါ့...ဟီး
အယ်..ပုဇွန်ကအကြိုက်ဆုံးပဲး)) အနောက်တိုင်းပုဇွန်ကို ပိုနှစ်သက်တယ်..
မွေးနေ့ရှင် ကိုဇာနည်ရေ မွေးနေ့ပွဲလုပ်ပေးတဲ့ သူငယ်ချင်းလေးကို ကျေးဇူးတင်ရမယ်ထင်တယ်..။ အခုလို မွေးနေ့ပွဲလေးရောက်လာမိလို့လည်း မွေးနေ့ရှင် အသက်ရှည်ပြီး အနာရောဂါကင်းကင်းနဲ့ ဘ၀မှာ မျှော်လင့်သမျှတွေဖြစ်ပါစေလို့ ဆုတောင်းခဲ့ပါတယ်..
သူငယ်ချင်းနှစ်ယောက်စလုံးပျော်ရွှင်ပါစေနော်..။
မွေးနေ့ရှင်ကိုဇာနည်မောင် ဘ၀ စတော့မှာ ဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
ဖန်ဆင်းရှင်နတ်သမီးကိုလည်းကျေးကျေးပါ။ စိတ်ကူးကောင်းတဲ့ ပုဇွန်ဟင်းတွေ အတွက်ပေါ့။ (ကိုဇာနည်မောင့် မဟေသီလောင်း က တော့ ကြည့်နေတယ်နော်)
ငြိမ်းချမ်းကြပါစေ
မိုးယံ
မွေးနေ့ရှင်ကို ဆုတောင်းပေးရင်း ပုဇွန်တွေဝါးသွားတယ်
တူမဖြစ်သူ နတ်သမီးလေးမွေးနေ့မှာတော့ ပုဇွန်ထက်ကြီးတဲ့ မိချောင်းကောင်လုံးကင် ပို့ပေးပါ့မယ်
၃၉နှစ်မြောက်မွေးနေ့မှသည် ကျန်းမာပျော်ရွှင်စွာနဲ့ စာများကို ရေးသားနိုင်ပါစေ။
စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ဆန္ဒအားလုံးပြည့်ဝပါစေ။
အေင်မြင်မှုပန်းတိုင်ကို ရရှိနိုင်ပါစေ။
ဟင့်.. ဗိုက်ဆာတဲ့အချိန်ကိုရွေးပြီးလာဖတ်မိတာကိုက ကံဆိုးလွန်းပါတယ်လေ... :P
ခင်မင်တဲ့
နေ၀သန်
Blogspotမှာ Comment ပေးလို့ရတုန်းလေး အပြေးရောက်ခဲ့ပါတယ် ညီမရေ..။ စာတွေဝင်ဖတ် ဖြစ်ပေမယ့် Comment ပေးလို့မရဖြစ်နေတာလေ။
Comment ပေးလို့ရပြီမို့ လင့်ခ်လည်း ချိတ်ထားလိုက် ပြီ။ ကိုဇာနည်မောင် မွေးနေ့အတွက်ပါ ဆုမွန်ချွေသွား လိုက်ပါတယ်နော်။
ပျော်ရွှင်ချမ်းမြေ့ပါစေနော်..။
ခင်မင်စွာ..
မြသွေးနီ
Hi,
The pronunciation for "Mojito" cocktail is "Mo-He-To".
It is a Spanish word and "J" is pronounced as "H".
Just to correct the usage.
Thnx
မှန်ပါတယ်ရှင်...
ရေးတဲ့အချိန်မှာတော့ “မိုဂျီတို” လို့ရေးပြီး ဖတ်တဲ့အချိန်မှာ “မိုဟိတို” လို့ဖတ်ရပါတယ်...
Post a Comment