
သစ်ရွက်လေး တရွက်ကြွေတာ
အပြစ်မဟုတ်ပေမယ့်
အချစ်ရက်ကလေး တရက် နောက်ကျတာကိုတော့
အပြစ်မြင်ချင်တယ် မောင်....
အရင်ကတည်းက တွေ့ခဲ့ကြရင်ကောင်းသား
အတွေ့နောက်ကျပေမယ့်
မေ့ နောက်မှာ နောက်တယောက်မရှိရင် ကျေနပ်တယ်
မချစ်ခဲ့ရတဲ့ နေ့ ရက်တွေအတွက်
နှစ်ဆ တိုးလို့ချစ်ကြမယ်...
မေ့ဘဝဟာ...“မောင်” ဆိုတာ...
ထာဝရ...ယုံ
နှစ်ကိုယ်တူရှိနေချိန်လေးမှာ...
ဝေလည်းမွှေး..ကြွေလည်းမွှေး..ဘဝနဲ့
တို့နှစ်ယောက်...
“သစ္စာရှိကြေး”...
မိုးစက်လေးတပွင့်ဝေတာ စာမဖွဲ့ လောက်ပေမဲ့
ကိုယ့်ရင်ထဲ မီးလိုတောက်တတ်တာ(သ၀န်တိုခြင်း) ကိုတော့
အချစ်သိစေချင်တယ် . . .
ဖူးစာရှင်မလေး " သခင့် " ကိုရှာချိန်
အချစ်စောရနက္ခတ်နဲ့  မောင်တယောက်
အဝေနောက်ကျခဲ့ပေမဲ့ 
အကြွေကောက်တဲ့လက်မဟုတ်လို့ 
ရှေ့ နောက်မှာ မင်းတယောက်တည်းဆိုတာ ယုံ . . .
အချစ်စောရနက္ခတ်နဲ့  မောင်တယောက်
အဝေနောက်ကျခဲ့ပေမဲ့ 
အကြွေကောက်တဲ့လက်မဟုတ်လို့ 
ရှေ့ နောက်မှာ မင်းတယောက်တည်းဆိုတာ ယုံ . . .
နှစ်အိပ်မက်မရှိတဲ့ နှစ်ယောက်တအိပ်မက်မှာ
နှစ်ကိုယ်တူရှိနိုင်ဖို့ 
တို့ နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းအုတ်မြစ်ကို
ခိုင်မြဲတဲ့လက်တစ်စုံနဲ့ လက်တွေ့ တည်ဆောက်မယ် . . .
တို့နှစ်ယောက်...
နှစ်ကိုယ်တူရှိနိုင်ဖို့ 
တို့ နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းအုတ်မြစ်ကို
ခိုင်မြဲတဲ့လက်တစ်စုံနဲ့ လက်တွေ့ တည်ဆောက်မယ် . . .
တို့နှစ်ယောက်...
“သစ္စာရှိကြေး”....။
(ကဗျာရေးသူ။ ။ ကျမ+မောင်)
27 comments:
အချစ်လက်ရည်တွေတက်ပြီး ကဗျာတွေသိပ်ကောင်းနေပါလားဟင်...နတ်သမီးလေး..
ခင်တဲ့
မိုးငွေ့
ပုံလေးရော .. ကဗျာလေးရော မိုက်တယ်..
ခိုင်မြဲတဲ့လက်တစ်စုံ လက်တွေ့တည်ဆောက်နိုင်ပါစေ
ကဗျာလေးက ကောင်းမှကောင်း ပါလား မရေ....
မနမ်းရေ အသုံးလေးက အရမ်းလှတာပဲဗျာ။
အချစ်သူခိုးလေးကို အချစ်စောရနက္ခတ်ဆိုပြီးသုံးထား တာလေ။ အင်း မမက ကဗျာရေးလည်းကောင်းတာပဲ။
ခင်မင်လျှက်
ကိုကိုးအိမ်
်
ကဗျာရေးသူတွေကို စိတ်ဝင်စားသွားသလို ခံစားမိပါတယ် သစ္စာရှိကျေးလို့ပြောခဲ့ကြပေမဲ့…….
ကဗျာလေးက ကောင်းတယ်ဗျာ နူးနူးညံ့ညံ့
သိမ်သိမ်မွေ့ မွေ့ လေးပါဘဲ စားသားအား
တွေကတော့ ပိုပိုကောင်းလာတယ်ဗျာ ချစ်ရ
တဲ့မောင်နဲ့ လည်း မြန်မြန်ပေါင်းစည်းနိုင်ပါစေ
လို့ ဆုတောင်းပေးသွားပါတယ် အမရေ ကဗျာ
လေးတစ်ပုဒ်လုံးကို ကြိုက်နေမိတော့ ဘယ်စာ
သားအကောင်းဆုံးဆိုတာရွေးထုတ်ပြဖို့ ခက်
နေလို့ မပြတော့ပါဘူး ခင်မင်အားပေးလျက်....
May God Bless you in every single walk of your life
အံမယ် ငါ့အစ်မကတော့ လုပ်ချလိုက်ပြန်ပြီ ။ ဟိုတစ်ယောက်ကပါ ပါသေးဆိုပဲ။ မိုးမမြင်လေ ချစ်နေကြတယ်ပေါ့ ။ နှစ်ယောက်ပေါင်းပြီးလောင်းကျော်.အဲ.. ရွှေလက် ခိုင်ခိုင် တွဲနိုင်ကြပါစေဂျာ
ငြိမ်းချမ်းပါစေ
မိုးယံ
ချစ်နေလိုက်ကြတာ
မနာလိုတောင် ဖြစ်မိပါ့း)
မယ်တစ်ထမ်း မောင်တစ်ရွက် မဟုတ်ဘဲ
မယ်တစ်ပိုဒ် မောင်တစ်ကြောင်း စပ်ထားတဲ့ ကဗျာလေးထင်ပါရဲ့
အမြဲတမ်း ခုလို အဆင်ပြေကြပါစေ။ ဆထက်များစွာ ချစ်နိုင်ကြပါစေလို့
ခင်တဲ့
မချော
ခံစားလို့ကောင်းလိုက်တာ..
ရင်ထဲမှာအီသွားတယ်..
း) အခုတလော ငါ့အစ်မ ကဗျာနုနုလေးတွေရေးသဗျာ့
း) မွေးနေ့ကိုမပြောမိတာခွင့်လွှတ်ဗျာ
ကျွန်တော်ဒီရက်ပိုင်း ပြာယာခတ်နေတာနဲ့ ပဲ ကိုယ့်မွေးနေ့ ကိုယ်မေ့ချင်ချင်ဖြစ်သွားတာ အသက် ၂၈ ကို အသက်လာမေးရင် နှစ်ဆယ်ကျော်လို့ဖြေတယ် ဟိ ဟုတ်တာပဲလေ နှစ်ဆယ်ကျော်ပဲဟာကိုနော့း)း) အသက်၂၅ကျော်လာကတည်းက မွေးနေ့ကိုသိပ်မမှတ်ထားတော့ဖူးး)း)း)
မောင်ဘကြိုင်
အလို...နှစ်ယောက်ပေါင်း ကဗျာတပုဒ်ပါလား...
ဖက်စပ်ကဗျာပေါ့လေ...
ငါ့တူမ ကဗျာလေးတွေက ပိုလို့ပိုလို့ ဖတ်ကောင်းလာပြီ..
ဘကျောက်
ကိုယ်ခင်မင်ရသူတွေ ချစ်ချစ်ခင်ခင် ရှိနေတာမို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ချစ်သူဘဝမှာထဲက သစ္စာတိုင် ကို ခိုင်မြဲစွာ တည်ဆောက်ပြီး ရာသက်ပန် လက်တွဲနိင်ပါစေဗျာ။
အဟား...မိုက်ချက်။
တွဲဖက်တောင်မှ ရေးနေကြပြီကိုး။
ကောင်းဒယ်...ကောင်းဒယ်..
အတွေ့နောက်ကျပေမဲ့
မေ့နောက်မှာနောက်တယောက်မရှိရင်
ကျေနပ်တယ်....
အိုးးး ဂွတ်
heart ထိသွားတယ်..
နတ်သမီးရဲ့ မောင်နဲ့ သီတင်းကျွတ်ပြီးလောက်ဆို မြန်မြန်ပေါင်းစုံရပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ ဒီနေ့ မြန်မာလို ၀ါခေါင်လဆုတ် ၉ ရက်နေ့နော် .... မကြာခင် တော်သလင်း ပြီးရင် သီတင်းကျွတ်လာတော့မည် ........ ဘ၀ကို အသက် ၄၀ မှစမယ့် သူတွေနဲ့ တော့လိုက်ပြီး မယှဉ်နဲ့နော် .......... ကဗျာထဲက စကားလုံးတချို့က တကယ် မိုက်တယ် နတ်သမီးရေ ......
အားကျလိုက်တာ မ..နတ်သမီးရေ..
တစ်ကယ့် လက်တွေ့မှာ မောင်တစ်ထမ်း မယ်တစ်ရွက်
မဟုတ်ခင်ကို..
ကဗျာတစ်ပုဒ်မှာ မောင့်ခံစားချက်တစ်ဝက် မယ့်ခံစားချက်တစ်ဝက်
ပြီးတော့ ကဗျာလေးက အနှစ်သာရလေးပြည့်ပြီး တစ်ကယ်ပဲ
နွေးထွေးမှုတွေကို မြင်လိုက်ရသလိုပဲ..
ကဗျာလေးက နုအိနေတယ်..။
ဖတ်ပြီးပျော်ဆင်းသွားတယ်..။
"နှစ်အိပ်မက်မရှိတဲ့ နှစ်ယောက်တစ်အိပ်မက် "...ဆိုတဲ့
အသုံးလေးက အရမ်းကိုမိတယ်..။
ချစ်သူနဲ့ ပျော်ရွှင်ဖွယ် ဘ၀ခရီး ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်ပါစေနော်..။
အချစ်ကဗျာလေးတွေဖတ်လိုက်ရတော့ ကျွန်တော် ဆယ်ကျော်သက်က အဗျာတွေ တ၀ကြီးရေးပြီး ရင်ခုန်ရသူကို ပေးဖြစ်ခဲ့တာ သတိရလိုက်မိတယ် မဖြူရောင်ရေ...
အချစ်ကဗျာလေးတွေဖတ်လိုက်ရတော့ ကျွန်တော် ဆယ်ကျော်သက်က အဗျာတွေ တ၀ကြီးရေးပြီး ရင်ခုန်ရသူကို ပေးဖြစ်ခဲ့တာ သတိရလိုက်မိတယ် မဖြူရောင်ရေ...
အချစ်ကဗျာလေးတွေဖတ်လိုက်ရတော့ ကျွန်တော် ဆယ်ကျော်သက်က အဗျာတွေ တ၀ကြီးရေးပြီး ရင်ခုန်ရသူကို ပေးဖြစ်ခဲ့တာ သတိရလိုက်မိတယ် မဖြူရောင်ရေ...
မိုက်ပါ့မနတ်သမီးရေ..
ထာဝရသစ္စာရှိစွာနဲ့ပေါင်းဖေါ်နိုင်ကြပါစေ..။
ချစ်တဲ့
သဒ္ဓါ
အော်.ရှယ်ရေးမှတော့ ရှယ်ကောင်းပီပေါ့နော်..း))
နတ်သမီးရေ ခုမှအကြွေးတွေလာဖတ်တာ...
အစ်မရေ...
ကဗျာလေးက သိပ်နုလွန်းတယ်။ သိပ်လှလွန်းတယ်။ အဲလို ချစ်နိုင်ကြတဲ့ အစ်မတို့နှစ်ယောက်ကိုလည်း ချီးကျူးတယ်။ လေးစားတယ်။ အားကျတယ်။ ကျွန်တော်ကတော့ အချစ်ဆိုတာ အဲလောက်နုလှနေအောင် မချစ်တတ်သေးဘူး။ မချစ်ဖူးသေးဘူး။ အဲဒီတော့ ယုံလည်း မယုံးသေးဘူး :)
ကောင်းတဲ့ ကဗျာလေး
မှတ်ချက်ရေးခဲ့မယ်။
သစ္စာရှိကြေး-ဆိုပေမယ့်
ကြေးရဲ့ ခေတ်က ကုန်ပြီမို့
သစ္စာရှိ သံမဏိ-လို့ပြောင်း
မကောင်းဘူးလား နတ်သမီး။
ကဗျာလေးက ကောင်းလိုက်တာ.... "အတွေ့နောက်ကျပေမယ့်..မေ့နောက်မှာ နောက်တစ်ယောက်မရှိရင် ကျေနပ်တယ်.." အရမ်းကြိုက်တယ် အစ်မ ...
Post a Comment