Sea Cave (သို့) Sea Cava လို့ခေါ်တဲ့ ရေတိုက်စားမှုကြောင့် သဘာဝ ကျောက်ဂူများဖြစ်ထွန်းနေတဲ့ ပင်လယ်အငူလေးတခု ဖြစ်သည်။
Paphos (Pafos) ပါ့ပို့စ်မြို့လေးမှ ဘတ်စ်ကားနဲ့မိနစ်(၂၀) လောက်သွားရသည်။
Cyprus (ဆိုက်ပရပ်စ်)နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာက ပင်လယ်ရေအောက်တွင်နစ်မြုတ်နေပြီး ပင်လယ်ရေမျက်နှာပြင် နိမ့်ကျမှုကြောင့် ကျွန်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
Bagan Old City.....သို့အလည်တစ်ခေါက်
13 hours ago
9 comments:
ကမ္ဘာဦးကလူတွေနေခဲ့တာလား..
ဖြစ်နိုင်ခြေရှိပါတယ် ဘကျောက်..
တူမကြီးနေတဲ့ မြို့လေးရဲ့ နေရာအတော်များများမှာ ယခုအချိန်ထိ တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပြီး မြို့ရိုးတွေ၊ ပရိုင်းမိတ်တွေ တူးဖော်နေတာကို တွေ့နေရပါတယ်။
အော် နတ်သမီက ဒီကျွန်းမှာနေ တယ်တဲ့လား။ ပျော်ရွှင်စရာပဲနော်။ လာလည်ချင်လိုက်တာ။ လာလည်ရင် ခေါ်မှာလား
ချစ်သူကိုတောင်ခေါ်လို့မရလို့ စိတ်ညစ်နေပါတယ်ဆိုမှ..
ဆရာက လာဖို့ပြောနေပြန်ပါပြီ...
ပုံပဲကြည့်...လာနဲ့...သူများတောင် ပြန်တော့မှာ...း(
ဟောင်းနေတာတွေ တူးတဲ့ လူတွေကို စိတ်မဝင်စားသလို နားကို မလည်ဘူး။ အရင်လူတွေလည်း သူ့ဖာသာ ဖြစ်ချင်တာဖြစ် နေချင်သလို နေပစေပေါ့။ ကိုယ်လည်း ကိုယ့်ဖာသာပဲ နေချင်တယ်။ ဘယ်နှယ့် သေတဲ့လူ ကောင်းကောင်းမသေရဘူး။
သေတဲ့သူကို တူးချင်တာထက် ဘုရင်တွေမြှုတ်ထားခဲ့တဲ့ စိန်ထုပ်များတွေ့မလားလို့ အကြောင်းပြပြီးတူးတာနေမှာပေါ့ ကိုဇော်ရဲ့..
:P
ရေအောက်မှာရှိနေခဲ့တာဆိုတော့ ရေသတ္တဝါတွေဖြစ်ဖို့များပါတယ်၊
ကျွန်းက အမှတ်တရပစ္စည်း တွေစုထားပေါ့ ပြန်ရင်သယ်ရအောင်။
ပြန်လာရင် သတင်းကောင်းစောင့်နေတယ်..း)
ဟုတ်သား ကျွန်းပြန် အမှတ်တရလက်ဆောင် များများသယ်လာခဲ့
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...
အပန်းမကြီးဘူးဆိုရင် ဘလော့ကို အသစ်ပြန်ချိတ်ပေးပါ နတ်သမီးရေ.. ပိုစ့်တွေ update မတက်လို့..
မင်္ဂလာပါ။ ကျွန်းလာကြည့်သွားပါတယ်။ ဘလော့ဂ်ကိုလာလည်တဲ့သူတွေဆီကို ပြန်လည်မဖြစ်တဲ့အပြင် ပြန်တောင်နှုတ်မဆက်နိုင်ခဲ့တဲ့ အခြေအနေအထိ အလုပ်များခဲ့ပါတယ်။ အင်တာနက် အခုမှ ပြန်တပ်ဆင်ဖြစ်လို့ အခုမှ ပြန်လည်ဖြစ်ပါတယ်။
နှစ်သစ်မှာလိုရာဆန္ဒပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ။
Post a Comment