“အသွားမတော် တလှမ်း” ဆိုသလိုပါပဲ...
လွန်ခဲ့တဲ့ ၅ရက်လောက်က မတော်တဆ ထိခိုက်မှုတခုကြောင့် ခါးရိုးမှာ ဒါဏ်ရာရပြီး အိပ်ယာပေါ်မှာ အနားယူနေရပါတယ်..။အရိုးဆစ် ၂ခုကြားက အရိုးနု ထိခိုက်သွားတယ်လို့ သိရပါတယ်..။
လှုပ်ရင်အရမ်းနာပါတယ်..။ဆေးသောက် ဆေးစား ဆေးလိမ်းရင်း နောက်တပတ်လောက်အထိ
အိပ်ယာထဲမှာပဲ ရှိနေပါအုံးမယ်..။
သတင်းမေးလာကြသော သူငယ်ချင်းများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်..။
ကုတင်ပေါ်က ကျမရဲ့ ချစ်သူများနဲ့အတူ 2010 ကိုဖြတ်ကျော်ရင်း သူငယ်ချင်း မောင်နှမများ အားလုံးကို ကျန်းမာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်...။
just leave it behind
Let's ring in the new year
with good things in mind
Let every bad memory
that brought heartache and pain
And let's turn a new leaf
with the smell of new rain
Let's forget past mistakes
making amends for this year
Sending you these greetings
to bring you hope and cheer...

45 comments:
ခရစ်နှစ်တစ်နှစ်ရဲ့အစကို အမြန်ဆုံးကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ပါစေ
သူများတွေကို ဆုတောင်းပေးတာလဲ တောင်းတာပေါ့.. ကိုယ့်ကျန်းမာရေးလဲ ဂုစိုက်ပါ နတ်မီးမီးရယ်..
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေ အစ်မ
မရေ.........
သဘောကျလွန်းလို့  ဒီလိုလေးပဲ... :)
ပြုံးပြတော့မယ်။
ချစ်စရာကောင်းလွန်းတဲ့ အရုပ်လေးတွေကြည့်ပြီး
ကြည်နူးစရာ နေ့ သစ်တွေကို အမ ပိုင်ဆိုင်နိုင်ပါစေလို့ 
ဆန္ဒပြုရင်း ။ နေကောင်းကျန်းမာပါစေ။ :)
HAPPY NEW YEAR!!! CHEER!!! Ma :)
ခင်မင်လျှက်...ခင်မာလာအောင်.. :)
ဟောဗျာ . . .
လောကကြီးကလည်း ဒီလိုပဲ မထင်တာတွေ ဖြစ်တတ်တယ်။ ဘာဖြစ်တယ်လို့ မရေးထားတော့ ယဉ်ကျေးမှု အရ ဘာဖြစ်တာလဲ လို့ မမေးတော့ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်သစ်နဲ့အတူ ပျော်ရွှင်နိုင်ပါစေ။
A Happy, Safe, Blessed and Prosperous New Year in 2011
အမြန်ကျမ်းမာလာပါစေ နတ်သမီးရေးး
နှစ်သစ်မှာ ဘေးကင်းရန်ကွာလို့ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေရှင်း
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အမြန်ပျောက်ကင်းပါစေဗျာ...
ကြားရတာ စိတ်တောင်မကောင်းဘူး..
နှစ်သစ်မှာ..ကျန်းမာ ချမ်းသာပါစေ...
အမြန်နေပြန်ကောင်းပါစေ။ မရေ။
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး ရွှင်လန်းနိုင်ပါစေရှင်။
ညီမရေ ..
သက်သာပြီလားဟင် !
နှစ်သစ်မှာ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ 
ဖြတ်သန်းနိုင်ပါစေဗျာ ..
အဖြူရောင်နတ်သမီး ရေ အမြန်ဆုံး ပြန်လည်ကျန်းမာ
လာပါစေနာ်။
HAPPY NEW YEAR TO YOU!
မမ အဖြူရောင် မြန်မြန်ကျန်းမာပါစေ။ ခါးနာနေတုန်း ဒဏ်ဖြစ်ရင် ဆိုးတယ် မမ။ သတိထားနော်။ ဖေဖေလည်း အဲလိုဖြစ်ဘူးတယ်။ လုံးဝကို ငြိမ်လိုက်ရတယ်နော်။
မမအဖြူရောင် မြန်မြန် ကျန်းမာပါစေ။ ခါးနာနေတုန်း ဒဏ်ထပ်မဖြစ်စေနဲ့နော်။ လုံးဝကို ငြိမ်လိုက်ရတယ်။ သတိထားနော်။
နှစ်သစ်ကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။
ခင်မင်လျှက်
တောသားလေး
နတ်သမီးလေးရေ... ဟတ်ပီနူးယား... ခါးက အရေးကြီးတယ်နော်.... မလှုပ်နဲ့လို့ ပြောထားတဲ့ အချိန်မှာ လုံးဝ မလှုပ်နဲ့နော်...
ဂရုစိုက်ပါ။ မြန်မြန် သက်သာပါစေလို ဆုတောင်းပါတယ်။
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......
နစ်သစ်မှာ ပျော်ရွှင်ပါစေ
မြန်မြန်နေကောင်းပါစေ
ညီမ ခါးနာရင် မှောက်အိပ်ရင် နည်းနည်း သက်သာတယ်။ ခါးကြောက အရိုးနုက အရမ်းဂရုစိုက်ရတယ် မခွဲနဲ့ နော် အခန့် မသင့်ရင် အောက်ပိုင်းသေသွားတတ်တယ်အသိတယောက် ဖြစ်သွားခဲ့လို့ 
ညီမရေ
ဝေဒနာတွေ အမြန်သက်သာ ပျောက်ကင်းပါစေ ...
မင်္ဂလာနှစ်သစ် ဖြစ်ပါစေ ... နော်။
မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှာ အားလုံးအဆင်ပြေပါစေ။
ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်။ နတ်သမီးအက်ဆီးဒင့်ဆိုလို့ လန့်တောင်သွားတယ်။ မြန်မြန်ပုံမှန်အတိုင်းဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
နှစ်သစ်မှာပျော်ရွှင်ပါစေ မမရေ..။
happy new year နော်။
ဂရုစိုက်မှပေါ့..ငါ့အမရယ်
နေမြန်မြန်ကောင်းအောင်ဆုတောင်းပေးမယ်နော်း)
ဖြစ်ရမယ်...နတ်သာမီး တို့ကတော့....။အမြန်ဆုံး ကျမ်းမာ
ပါစေကြောင်း...၊မင်္ဂလာနှစ်သစ် ၂၀၁၁ ဖြစ်ပါစေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်......။
Happy New Year!!!
နှစ်သစ် ကို မတ်တပ်စောင့်နေကြဆိုတော့ လှဲပြီးစောင့်တာပေါ့ အများမတူ တမှုထူးအောင် အဆန်းထွင် လိုက်တာပေါ့...
ခါးထိတာဆိုတော့ သတိထားဂရုစိုက် အကြောမညှပ်မိအောင်သတိရှိမှ နော်
ကျွန်တော် က ဆိုင်ကယ်နှစ်ကြိမ် မောက်ဖူးတော့ ခါးက အခုထိ ဒဏ်တွေ ပြန်ပေါ်တတ်လို့ ပါ။
နတ်သမီးဆိုတော့ သတိထားဂရုစိုက်ရင် ရှင်းရှင်း ပျောက်သွားမှာ ပါ။
အယ်....ဘယ်လိုဖစ်ရတာလဲ နတ်သာမီးရယ်....။
အိုကေပါ...အနားသေချာယူ...မြန်မြန်ပျောက်ကင်းပါစေ...။
ံHappy New Year ......နော်...2011တစ်နှစ်လုံး ကံကောင်းခြင်းများနဲ့ ပြည့်စုံပါစေ....။
ခင်တဲ့
မိုးငွေ့
ဒဏ်ရာ အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။
စိတ်ချမ်းသာမှုများနဲ့ ပြည့်စုံတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေဗျာ။
Happy New Year !!!!
Wish you for speedy recovery.....
နေကောင်းသက်သာ အမြန်ပျောက်ကင်းပါစေ...
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ
မျှော်လင့်ချက်အသစ်တွေ ယူဆောင်လာတဲ့ ကံကောင်းစေတဲ့နှစ်ဖြစ်ပါစေနော်
မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)
And wishing you to get well soon!
နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာပါစေ
မြန်မြန်သက်သာဖို့ တောင်းဆုချွေနေမယ်
ခင်မင်တဲ့
seesein
ငါ့ ညီမ မြန်မြန်နေကောင်းဖို့ ဆုတောင်းပေးနေပါ့မယ်ဗျာ...
Get well soon.Take care(^^)...Gyidaw
Get well soon.Take care.(^^)...Gyidaw
ညီမ ရေ
အိပ်ယာပေါ်မှာ သနားပါတယ် မြန်မြန်နေကောင်းပါစေ
မင်္ဂလာနှစ်ကူးပါနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မင်္ဂလာနှစ်သစ်မှာ ကံကောင်းခြင်းတွေ ရရှိပါစေ။
ငါ့အစ်မဘယ်လိုဖြစ်
ဘာဖြစ်ဖြစ်
မြန်မြန် နေကောင်းလိမ့်မယ်
ကျွန်တော်လဲ ဆုတောင်းပေးနေတယ်း)
ခါး နဲ့ပတ်သက်ရင်တော့ ဂရုစိုက်ပါ အမရေ ..
ကမ္ဘာပေါ်မှာ ခါးရိုး နဲ့ ပတ်သက်ရင် နိုင်တဲ့ နိုင်ငံ ဘယ်နိုင်ငံမှမရှိသေးဘူးဆိုပဲ ။
ခါးကျောရိုး က ဦးနှောက် နဲ့လဲ ဆက်စပ်နေတာဆိုတော့ အရမ်း အန္တာရယ် များတယ် ။
သူငယ်ချင်းရေ... စိတ်မကောင်းစရာကွယ်... အခုရော ဘယ်လိုနေသေးလဲ.. သက်သာရဲ့လား... Take care နော်... ဆုတောင်းပေးနေမယ်...
စားရသောက်ရ နေရ ထိုင်ရတာရော အဆင်ပြေရဲ့ လား မသိဘူး။ ဝေးနေတော့ လာလဲ မကြည့်နိုင်လို့ လေ . . .။
ကျတော်လဲ အရုပ်တွေဝယ်တယ် . . . သူတို့ တွေက အကြံတောင်းလို့ တော့ မရပေမယ့်၊ စကားတော့ ပြောလို ရပါတယ်။
မြန်မြန် သက်သာပါစေလို့ 
အိုးး ဖြစ်မှဖြစ်ရလေ ..ညီမရယ်..
အမလည်း ဘလော့တွေဝင်မရတာနဲ့..မသိတာပါ.
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ..
ဒဏ်ရာလည်း သက်သာပျောက်ကင်းပါစေ..
မရေ...
ဂရုစိုက်ပါနော်...
cbox မှာ ချန်ခဲ့လို့ ကျေးဇူးနော် .. ဒီနှစ်သစ်ကနေ စပြီး ကျန်းကျန်းမာမာနဲ့ နောက်နှစ်ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေ.. အခု ဒဏ်ရာလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေ
ကျမ ၉၀% နေကောင်းသွားပါပြီ..။
ကျန်ရှိနေသေးတဲ့ နာကျင်ခြင်းဝေဒနာ ၁၀% လောက်ကိုတော့ ပျောက်ကင်းသည်အထိ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လေ့ကျင့်ခန်းလုပ်ပြီး ကုရမှာဖြစ်ပါတယ်..။
စိုးရိမ်ပေး၊ကြတဲ့ မောင်နှမအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်...။
ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်...။
နေမြန်ပြန်ကောင်းအောင် ဆုတောင်းပေးလိုက်ပါတယ်။
အဲဒီရက်က ကျွန်တော်မြင်တယ် ဒီpost ကို၊ မန့်မယ်လုပ်ပြီးမှ
ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားလိုက်ရလို့ မရောက်လာဖြစ်တော့တာပါ။
နင်ကလည်း စိတ်ဓါတ်မာသလောက် လူက အရမ်းနုတာပဲ။
သဘောကောင်းပြီး ချောမောလှပတဲ့ နတ်သမီးလေးရေ
နှစ်သစ်ကစပြီး အမြန်ဆုံးကျန်းမာပါစေ၊
နာကျင်မှုတွေပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်းပါစေ၊
ဆုတောင်းပေးပါတယ်၊
God bless you all Lovely White Angle
Post a Comment