
သိုးများစားသောက်နေသော ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အနီရောင်နှင့် အစိမ်းရောင်များရှိသည့် ထိုအသီးကလေးများတွင် ထူးခြားသည့် အာနိသင်တခု ရှိရမည်ဟု ကာလ်ဒီ(Kaldi) စဉ်းစားမိပြီး ထိုအသီးများကို ခူး၍ စမ်းသပ် စားကြည့်သည့်အခါ ခါးသက်သက်အရာသာနှင့်တကွ စိတ်ကိုနှိုးစွပေးသည့် (သို့) စိတ်ကိုးတက်ကြွစေသည့် ထိုအသီး၏ လျှို့ဝှက်ချက်ကို သိရှိပြီးသည့်နောက်တွင် ထိုအသီးများကို ၎င်းနေထိုင်ရာ အရပ်ဒေသရှိ ဘုရားကျောင်းများသို့ ဖြန့်ဝေခဲ့ရာ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ထိုအသီးများ၏ အာနိသင်ကြောင့် ပုံမှန်အိပ်ချိန်ထက် လျှော့နည်းစွာအိပ်စက်နိုင်ခဲ့ကြပြီး တရား ဘာဝနာများကို ပိုမိုအားထုတ်နိုင်ခဲ့လေသည်။
အချိန်ကာလပြောင်းလည်းလာသည်နှင့်အမျှ ထိုအသီးများကို စားသုံးသော သူများလည်း တစထက် တစများပြားလာခဲ့ပြီး ကမ္ဘာတဝှမ်းသို့ ပြန့်နှံ့ကာ ကော်ဖီသီးမှ ကော်ဖီစေ့ အဖြစ်သို့၎င်း၊ ကော်ဖီစေ့မှ ကော်ဖီမှုန့်အဖြစ်သို့၎င်း ပြောင်းလည်း အသုံးပြုလာခဲ့ကြရာ ယခုခေတ်တွင် အမျိုးအစားပေါင်းများပြားလှသော ကော်ဖီမှုန့်၊ ကော်ဖီရည်များ အဖြစ်ဖြင့် သောက်သုံးသူများထံသို့ ရောက်ရှိလာခဲ့လေပြီ။
Espresso, Cappuccino, Cafe' Latte, Filter Coffee, Nescafe, Cyprus Coffee, ...အစရှိသည့် ကော်ဖီများနှင့် အရက်အနည်းငယ်နှင့် ရောယှက်သောက်သုံးရသော Irish Coffee, Calypso Coffee, Royale Coffee, Caribbean Coffee, Liqueur Coffee,... အစရှိသည့် ကော်ဖီများ ဆင့်ပွားပေါ်ပေါက်လာခဲ့လေပြီ။
“အချစ်ကို...အာဒံနဲ့ဧဝက စခဲ့ကြပြီး ကော်ဖီကိုတော့ အီသီယိုးပီးယားနိုင်ငံမှ အာရပ်လူမျိုး သိုးကျောင်းသားလေး ကာလ်ဒီ(Kaldi) မှ စခဲ့ပါကြောင်း တင်ပြရင်း များပြားလှသော ကော်ဖီများထဲမှ ကျမ အကြိုက်ဆုံး Cafe' Latte ပြုလုပ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်..။
ဖန်ခွက်ပြည့်သည်အထိ ကော်ဖီရည်များကို ထည့်ပြီးသည့်အခါ နွားနို့တရစ် ကော်ဖီတရစ်ဖြစ်နေသော Cafe' Latte ကို တွေ့ရပါလိမ့်မည်။
ထို့နောက် မိမိအလိုရှိရာ သကြားပမာဏကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
သကြားနှင့် ရောမွှေအပြီးတွင် တွေ့မြင်ရသော Cafe' Latte တခွက်အဖြစ် တင်ပြရင်း....
ကော်ဖီချစ်သူများ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။
26 comments:
အိပ်မရအောင်လုပ်ပြီ။ ကော်ဖီသောက်ပြီးရင် အိပ်မရလို့ ပါ။
နံနက် ခင်းကို ဘလက်ကော်ဖီနဲ့  မကြိုဆို ရတာ ကြာပြီ။
သံပရာသီးလေးနဲ့ လေ။
စက်ရှိရင်ညွှန် ပေးပါနော်။
ကော်ဖီ သောက်သွားပြီနော်
ဘာဖြစ်လို့ဇွန်းကိုမှောက်ရတာလဲ
ဖျော်သောက်ကြည့်အုံးမယ်
ခင်မင်တဲ့
seesein
အံမယ်လေး ဖျော်တိုက်မယ့်သူရှိရင်တော့ မဆိုးဘူး.
ကိုယ့်ဘာသာဆိုရင်တော့..
သိတယ် ဒါတို့ မမဖျော်တဲ့ ကော်ဖီ... သောက်သွားတယ် ..နေကောင်းတယ်ဟုတ် မ..အေးတယ်နော် ..ညီမလည်း Bloog ရေးချင်တယ် မ ..ကူညီမယ်မဟုတ်လား ..မမနတ်သမီး ...မ ရေငတ်တိုင်း ရေချိုတွေကမ်းမယ့်လက်နဲ့တွေ့ ပါစေ....
သောက်ချင်လိုက်တာ....နတ်သာမီးရယ်....။
ရှိတဲ့ နတ်စ်လေးပဲသွားဖျော်သောက်ရတော့မှာပဲ....:)
ဝါး တို့က ကော်ဖီကြိုက်သူဆိုတော့ ကော်ဖီဖျော်နည်း စိတ်ဝင်စားတယ်.. ဟိဟိ ဒါပေမဲ့ အမြုပ်ဖြစ်အောင် မလုပ်တတ်ဘူး။
အဲလို အမြုပ်လေးတွေကိုလည်း သဘောကျတယ် ဆိုင်မှာဘဲသောက်ပါတော့မယ်လေး)
အဘတို့ကတော့ အဘတို့ တောမှာလို ကော်ဖီသီး စစ်စစ်ကို ကြိတ်ထားပြီးတော့ ရေနွေး + သကြားနဲ့ သောက်ရတဲ့ ကော်ဖီကြမ်းပဲ ကြိုက်ပါတယ်ကွယ်။ လုံမလေးတို့လို ခေတ်မှီသူတွေ မဟုတ်တော့ ဒါတွေလည်း မကြိုက်ပေါင်။ နက်ကဖေး ဆိုလား ဘာလား ဒါတွေ သောက်ရင်ဖြင့် ရင်ကို တုန်လွန်းလို့ ကောင်မလေးတွေနဲ့ ဖိခိုင်းထားရတာနဲ့ မလွယ်ပေါင်ကွယ်။
ဗဟုသုတတော့ရသွားတယ် ကော်ဖီအစသိုးကျောင်း
သားလေးတစ်ယောက်ကစတာပေါ့ Cafe Latte
လက်လုပ်တခွက်လောက်ဗျို့း)
အမတို့တော့ ဒီလိုမျိုးတွေဆို သိပ်တော်တာပဲ.. ဟိုတစ်ခါက အရက်ခွက်တွေတင်ပြသွားတာလည်း ဂွတ်ရှယ်...း))))
မင်္ဂလာပါ နတ်သမီးလေးရေ...
ကော်ဖီမှာတော့ Cappuccino ကို ကြိုက်တယ်။
ကာလ်ဒီ (Kaldi) က စခဲ့ပြီး နောက်ပိုင်း ကာလ်ဒီ..ကာဒီ.. တဖြည်းဖြည်းနဲ့ ကာဖီ...ပြီးတော့ ..ကော်ဖီ.. လို့ ခေါ်ကြတာ ဖြစ်မယ်... ( ရမ်းစမ်းပြီး ပြောသွားပါကြောင်း... :) :) :) :P....
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)
နန်းဖျော်တဲ့ကော်ဖီလေးသောက်ကြည့်ချင်လိုက်တာ။
ချစ်တဲ့
သဒ္ဓါ
ကျေးဇူး နတ်သမီးရေးး
အဲလိုဘယ်လိုလုပ်ရမယ်မှန်းမသိအမြဲစဉ်းစာနေတာ လှလို့ လေ။ ကော်ဖီအရင်ကတနေ့ ၅ ထုပ်ကအသာလေးပါ။ခုတော့ ရင်တုန်တာမခံနိုင်လွန်းလို့ တစ်နေ့တကြိမ်သာသောက်ရပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
PS: ကော်ဖီဒီကစမှန်းဒီိနေ့မှသိ
ဝေး နတ်သမီးရေ ကော်ဖီလတီး လာသောက်သွားတယ်ဟေးး))) အခုမှ ပဲအိပ်ငိုက်ပြေသွားတော့တယ်း))))
ကျေးဇူးသူငယ်ချင်းလေး... Cafe' Latte အရမ်းကြိုက်တယ် :)
"ဘီယာအစ မန္တလေးက" ဆိုသလို "ကော်ဖီအစ သိုးကျောင်းသားက" ပေါ့နော်။ လင့်လေးခိုးချိတ်ထားတယ်။ ခွင်ပြုအုံးနော်...အဟယ်
ဆိုင်မှာပဲ မှာသောက်ဖူးတာ။
နတ်သမီးဖျော်သလို ဖျော်ကြည့်အုံးမှ
ကော်ဖီဆို အကုန်ကြိုက်တယ် နတ်သမီးလေးရေ.... နည်းလေးပြောပြတာ ကျေးဇူးပဲနော်... ပြန်လုပ်ကြည့်ဦးမယ်.... :)))
ညီမလေးမြသီတာရေ...
ညီမလေး စာရေးလို့ရအောင် ဘလော့ဂ်အိမ်လေးတခု မမအားရင်လုပ်ပေးထားမယ်နော်..
ဘလော့ဂ်အိမ်လေးရဲ့နာမည်ကို ညီမလေးရွေးပြီး မမကို ပို့ပေးထားပါ။
.................................................
မမစည်းစိမ်ရေ...
ဇွန်းကို မှောက်ခုံထားရတဲ့အကြောင်းရင်းက ကော်ဖီရည်တွေကို လောင်းထည့်တဲ့အခါ ဖြည်းညှင်းညင်သာစွာကျဖို့အတွက်ပါ.။
ဒါမှလည်း နွားနို့နဲ့ကော်ဖီရည်တွေ တကွဲတပြားစီဖြစ်မှာလေ။ ဇွန်းကို ပက်လက်လှန်ပြီးထည့်ရင် ကော်ဖီရည်ကျတဲ့အရှိန်က နဲနဲကြမ်းတော့ အရောင်တလွှာစီမဖြစ်တော့ဘူးလေ။
.................................................
မချောနဲ့ သဒ္ဓါရေ...
နွားနို့ကို အမြှုပ်ထွက်အောင် ဆိုင်မှာကတော့ အထူးစက်သတ်သတ်ရှိတယ်။ အိမ်မှာလုပ်ကြည့်မယ်ဆိုရင်တော့ တချို့လ္ဘက်ရည်ဆိုင်တွေမှာ အဖျော်ဆရာတွေ လ္ဘက်ရည်ကို ခွက်ကြီး၂ခုနဲ့ ကြိမ်ဖန်များစွာ တဖက်စီပြောင်းထည့်ပြီး အမြှုပ်ထွက်အောင်လုပ်တာမျိုးစမ်းကြည့်ပါလား..။
ကော်ဖီသောက်သွားပါတယ်။ ။ :)
ကော်ဖီသောက်ရတာ မသောက်ရတာထက် အဲဒီကော်ဖီဘယ်ကပေါ်လာတယ်ဆိုတဲ့ ဗဟုသုတလေးရလိုက်တဲ့အတွက်တော့ ကျေးဇူးပါညီမရေ။
တားက ကော်ဖီနဲ့ကော်ပီမကြိုက်ဖူးရယ်
ဘီယာချိုတောက်တယ်း)း)
း)
ကော်ဖီသောက်သွားပါတယ်ဗျာ
ကြော်ဖီဆို ဘာဖြစ်ဖြစ် ကြိုက်တယ်..
ဒါပေမယ့် နွားနို့တွေ အများကြီးနဲ့ ဆိုတော့ အဆီတက်မယ့် ကော်ဖီပဲနော်..
မီးမီးကောဖီလက်တေးသိပ်ကြိုက်တာဘယ်လိုသိ...
အချစ်ဆိုတာ ကော်ဖီက `စ´ တယ်ဆိုရင်
အနှိုင်းမဲ့ အသည်းကွဲတာ
ကော်ဖီမသောက်ခဲ့လို့ပဲနေမယ် :)
နားလည်သလို ဖတ်သွားတယ်
Post a Comment