ဆိုက်ပရပ်စ်နိုင်ငံက အချစ်နတ်သမီး အက်ဖရိုဒိုက် ချန်ရှိခဲ့တဲ့ သမိုင်းဝင်နေရာများအနက်မှ “လမ်ပါ”(Lempa)ဒေသက နေရာလေးတခုဟာလည်း ကမ္ဘာလှည့်ခရီးသည်များကြား ရေပမ်းစားသော နေရာလေးတခုဖြစ်သည်။
ဆီပရိယိုလူမျိုးများနေထိုင်ခဲ့သည့် ရှေးအကျဆုံး အဆောက်အအုံများကို နှစ်ပေါင်း(၁၀၀၀)ခန့်က ရွှံ့တမျိုးတည်းဖြင့် တည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး တည်ဆောက်ခဲ့သည့် “ရွံ့အဆောက်အဦး” အဖြစ် မှတ်တမ်းအရသိရှိရသည့် ထိုနေရာကို ကိုယ်ဝန်သည်အမျိုးသမီးများကို စောင့်ရှောက်သော အချစ်နတ်သမီး၏ အငွေ့အသက်ရှိရာ ခြေလှမ်းများ(Footsteps of the Great Cypriot Goddess) ဟု တင်စားခေါ်ဝေါ်ကြကြောင်း ...။
Dear Angel.....(23)
18 hours ago
12 comments:
နတ်သမီးက အဲဒီ အိမ်ထဲမှာ နေတာလား။ နွေးတော့ နွေးလောက်တယ်။း)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားစရာကောင်းလိုက်တာ..
အလည်တစ်ခေါက်တော့ ရောက်ဖူးချင်လိုက်တာ..:):)
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
ဒီလို ရွံ့လုံးအိမ်လေး ဆောက်ဦးမှ
အကုန်အကျသက်သာတယ်လေ
ပြီးတော့ လက်သမား မငှားတော့ဘူး ကိုယ်တိုင်ဆောက်မယ် မကောင်းဘူးလား
ဆောက်ကြည့်ချင်သေးတယ်။
သဘောကျစရာ အိမ်လေးတွေပဲနော်...း))
ခင်မင်လျက်
နေ၀ဿန်
ရွှံ့နဲ့ဆောက်တော့ မိုးရွာရင် အရည်ပျော်မကုန်ဘူးလား...တော်ကြာ အိမ်ထဲမှာ အိပ်နေတုန်း မိုးရွာမှ ဟုတ်ပေ့ဖြစ်နေမှာ စိုးလို့...
အရင်တုန်းကလူတွေ ဆို ဒါမျိုး အိမ်တွေ နဲ့ ပဲ နေကြတာပဲဟာနော်. ချစ်စရာလေးတွေ..
တော်လဲ တော်တဲ လူတွေပဲတော်။
ရောက်လာပါတယ်ဗျ ခုမှအားလို့နောအမ ဓါတ်ပုံတွေကြည့်သွားတယ်။ နေရာသစ်တခုကို ရုတ်တရက်ရောက်သွားသလိုပေါ့ http://www.yewintthu.co.cc/2011/05/letter-to-president-p1.html
ဒါလေးလည်းရှယ်ပါတယ်။ :)
အက်စကီမိုးတွေလည်း ရွှံအိမ်တွေနဲ့  နေတယ်ကြားဘူးတယ်။
သူတို့အိမ်လေးတွေထဲဝင်ကြည့်ရတာတော့.. လုံလုံခြုံခြုံပါပဲ..။
ဆိုက်ပရပ်စ်မှာက မိုးရွာရင် ၁၀မိနစ်ထက်ပိုမရွာဘူးလေ။
အဲဒီအချက်က သူတို့ရဲ့အိမ်တွေ မပျက်စီးဖို့ အထောက်အကူဖြစ်စေတယ် ထင်တာပဲ..။
ရန်ကုန်မိုးနဲ့ဆိုရင်တော့ ဘယ်ပြောကောင်းမတုန်း...
Post a Comment