“ ကျောက်တုံးနဲ့ကင်တဲ့ အသား”ဆိုလို့ ထူးဆန်းတဲ့ အသားဖြစ်မယ်လို့တော့မထင်လိုက်ပါနဲ့..။
ကျမတို့ နေ့စဉ်ချက်ပြုတ်စားသောက်နေကြတဲ့ သာမန်အသားများကို အပူပေးထားတဲ့(သို့မဟုတ်) မီးကင်ထားတဲ့ “Stone Grill ”လို့ ခေါ်တဲ့ အထူးစီမန်ပြုလုပ်ထားသော ကျောက်တုံးပေါ်မှာတင်ပြီး အသားရဲ့ အကျက်နှုန်းကို မိမိတို့အလိုရှိသလောက် ကင်ပြီး စားသောက်ရတဲ့ နည်းတမျိုးကို ဆိုလိုပါတယ်။
ကျမ အလုပ် လုပ်ရာ ကုမ္ပဏီလက်အောက်ခံဖြစ်သော စားသောက်ဆိုင်(၅)ဆိုင်ထဲမှ အီတလီစာများနှင့် အနောက်နိုင်ငံအစားများရောင်းချသော စားသောက်ဆိုင်တဆိုင်တွင် “Stone Grill” ဟုခေါ်သော အလျှား၁ပေခွဲx အနံ ၁ပေx အနံ ၂လက်မ ခန့် ရှိသည့် အပူချိန်လုံလောက်စွာ ရရှိထားသော ဟင်းချက်ကျောက်တုံးပေါ်တွင် အသားစိမ်း ငါးစိမ်းများကို မိမိတို့ အလိုရှိသလောက်သာ ကျက်စေပြီး ကိုယ်တိုင်ကင်၍စားရသည်။
ကျောက်တုံးမှာ အပူချိန်ပျင်းလွန်းသည့်အတွက် စားပွဲထိုးများအတွက် လက်ကိုင်အဖြစ် ၁လက်မခွဲခန့်ရှိသော သစ်သားပြားကို အောက်ခံအဖြစ်ထားရှိပေးထားသည်။
Stonegrill ဟုခေါ်သော ကျောက်တုံးကို Australia နိုင်ငံမှထုတ်လုပ်ပြီး မီးတောင်မှရရှိသော ချော်ရည်ကျောက်ဖြင့် ပြုလုပ်ထားသဖြင့် အပူအခံနိုင်ဆုံး ကျောက်သားအဖြစ် စံချိန်တင်ခဲ့သည်။
၎င်းကျောက်တုံးကို အပူပေးအခန်းထဲတွင် အပူချိန်400ံC ဖြင့် ၂၄နာရီကြာထားရှိပြီး အသုံးပြုရာတွင် အသားများကို ကျောက်တုံးပေါ်တွင် ကင်ချိန် မိနစ်၃၀ နှင့် အသားများကင်ပြီးသော် ထိုအသားများ၏ အနွေးဓာတ်ကို ထိန်းထားရန် ၁နာရီခန့် ကျောက်တုံးမှ အပူချိန်ကို ထိန်းထားနိုင်သည်။
ကျမတို့ဆိုင်တွင်တော့ အပူချိန်ကို 240ံC ဖြင့် ၇ နာရီကြာ ထားရှိပြီး အသုံးပြုရာတွင် အသားကင်ချိန် မိနစ်၂၀နှင့် အနွေးဓာတ်အတွက်မိနစ်၂၀ခန့် ထိန်းထားပေးသည်။
ဧည့်သည်မှ မိမိတို့အလိုရှိရာ အသားကို မှာယူပြီးချိန်တွင် စားပွဲထိုးများမှ မြင်ရသည့်အတိုင်း အသားစိမ်းကို မီးကင်ထားသော ကျောက်တုံးပေါ်တွင် တင်ပြီး ဧည့်သည်ရှေ့သို့ချပေးရသည်။
အနောက်နိုင်ငံသားများသည် အသားစားရာတွင် အသားများကို မကျက်တကျက်၊ အကျက်၊ အကျက်လွန် စသည်ဖြင့် အသား၏ အကျက်နှုန်းအမျိုးမျိုးဖြင့် စားသောက်လေ့ရှိရာ မိမိတို့အလိုရှိသလောက် အကျက်နှုန်းကို မိမိတို့ဘာသာ ကင်၍စားသောက်ကြသော အလေ့ကို သဘောကျကြသည်။
တချို့ကမူ မိမိတို့ကိုယ်တိုင် မချက်ပြုတ်ချင်သည့်အခါ ၎င်းတို့အလိုရှိရာ အသားကျက်နှုန်းကို မှာယူပြီး စားဖိုမှူးများမှ မီးဖိုထဲတွင် အသားများကို ကင်ပေးပြီး အသင့်စားသုံးနိုင်သည့်အနေအထားတွင် ကျောက်တုံးပေါ်သို့(အလှ)တင်ပေးရသည်လည်းရှိသည်။
တချို့ကမူ မီးကင်ထားသော အသား ငါးများကို ပန်းကန်နှင့်သာ စားကြသည်။
ဆီပရိယိုလူမျိုးများသည် ချက်ပြုတ်စားသော အသား ငါးများထက် ကင်၍စားသော အသား ငါးများက ပို၍ အားဖြစ်စေသည်ဟု ဆိုကာ... အသား ၊ငါးများပါ မက ဟင်းသီးဟင်းရွက်များကိုပါ ကင်၍ စားလေ့ရှိကြသည်။Stone Grill အကင်လေးများကို မြည်းစမ်းကြည့်ရင်း... ၂၆.၀၄.၂၀၁၁ ဖြစ်တဲ့ ယနေ့ဟာ
“အတွေးအသိတစ်ခုနဲ့ လက်တစ်စုံအောက် ကဗျာစပ်နေရရင် ကျေနပ်နေသူပါ ”
လို့ ကြွေးကြော်ထားတဲ့ ဘလော့ဂ်ရပ်ဝန်းက မောင်လေး“စောရန်နောင်” (သို့မဟုတ်) “အရုပ်ကလေး” ရဲ့မွေးနေ့လေးလည်း ဖြစ်နေတာမို့ စာဖတ်သူ မောင်နှမများအားလုံးနဲ့အတူ မောင်လေး စောရန်နောင် ရဲ့မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာဆင်နွှဲလိုက်ကြရအောင်လားရှင်....
မောင်လေး “အရုပ်ကလေး” အတွက် မွေးနေ့ကိတ်လေးပါ
မိန်းခလေးများအတွက် အအေးများယောက်ျားလေးများအတွက် BEER အစုံအလင်
အချိုပွဲ
ရင်ချောင်စေဖို့ အစာပိတ် ဖရဲစိတ်သီးချိုချိုလေး(ကွမ်းစားသူများအတွက် ကျောက်လည်းကျေပါတယ်)
မောင်လေးအတွက် မွေးနေ့ကဒ်လေးနဲ့အတူ
ယနေ့မှာ ကျရောက်သော “စောရန်နောင်(ခေါ်) အရုပ်ကလေး” ရဲ့ မွေးနေ့မှ အစပြုလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း လိုအင်ဆန္ဒများအားလုံးပြီးပြည့်စုံပြီး မိဘကို အလုပ်အကျွေးပြုနိုင်သော သားကောင်းရတနာဖြစ်ပါစေ....၊ ကဗျာကိုချစ်သော ခံစားချက် ကဗျာများစွာကို ဖန်တီးနိုင်သော အနုပညာသမားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။
HAPPY BIRTHDAY... ပါ မောင်လေးရေ
HAPPY BIRTHDAY...
SAW YAN NAUNG (a) DOLLY BOY
အထီးကျန်.....
1 week ago
17 comments:
ဟက်ပီးဘတ်ဒေးပါဗျို့...ကိုကိုဘီယာ...။
အဲ...ဘီယာခွက်တွေ တွေ့တာများသွားလို့ နာမည်မှားခေါ်တာ အရုပ်မ...ဘာကျွေးမလဲကျုပ်တို့ကို..ခုတော့ မစားရအညှော်ခံ မမနတ်သမီးအိမ်မှာပဲ သရေကျသွားတယ်...။
ခင်တဲ့
မိုးငွေ့
အဲဒီ ကျောက်တုံးလေးနဲ့ ကင်စားတာ စားလို့ကောင်းတယ်... ကျောက်တုံးကလည်း ပူလိုက်တာ... ဒါပေမယ့် အသားက မကျက်တကျက်ပဲ အချဉ်နဲ့စားရတာနော်.... တူလားတော့မသိဘူး... မွေးနေ့ရှင်အတွက် ၀ိုင်းကင်ပေးမယ်... အဟဲ.. ဟက်ပီးဘတ်ဒေးပါဗျာ မွေးနေ့ရှင်ရေ...
ခင်မင်လျက်
နေ၀ဿန်
ကျောက်တုန်းကင်တွေကျ မကျွေးဘူး.. မွေးနေ့  ကလည်း ဟင်း...
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေဗျာ
မွေးနေ့မှာပျော်ရွှင်ပါစေ..ကြွက်တွင်းကြီးရေ :P
Happy birthday ! ပါရှင်....ဧည့်ခံတဲ့ အစားသောက်တွေက လည်း ဂွတ်ပနော်....:):)
ဟဟ ကိုအရုပ်ခေါ် ကိုစောရန်နောင်ခေါ် ကိုရေခဲရေ ရေ အကို့အကြောင်းတော့အားလုံးကသိကုန်ကြပြီနော်... မနမ်းရေ ဒီလူက အဲဒီအရက်တွေထက် မြန်မာဘီယာကို ပိုသဘောကျတာဗျ အမရ.. ဘီယာဆိုင်ကိုပဲအိမ်လုပ်အိပ်တဲ့လူ ဟိဟိ ကိုအရုပ်လာရင် ဒီစာတွေတွေ့ပါစေဗျာ... သူမလာခင်အတင်းလာတုပ်တာ ခွိခွိ... ကဲ ကဗျာဆရာ ငပွေးကြီးရေ ဟက်ပီဘတ်ဒေးပါဗျာ.. ကျုပ်က ဘီယာမသောက်တတ်ပေမယ့် ဘီယာဆိုင်ကိုတော့ အကင်လိုက်စားတတ်တယ်နော်.. ဟဟဟ
ခင်မင်လျှက်
မိုးဘွဲ့နန်းသိမ်း
ကိုအရုပ်လေးမွေးနေ့ဆိုပီး မမအဖြူရောင်လေး တင်ထားလို့ အပြေးအလွှား ဟတ်ပီဘတ်ဒေးလာလုပ်ပါတယ် ....။ ဘလော့ရပ်ဝန်းထဲမှာ စတင်ခြေချကတည်းက ရင်းနှင်းခင်မင်ခဲ့ကြ ၊ ကဗျာဆရာကြီးမို့ အားကျလေးစားခဲ့ရတဲ့ ကျမအစ်ကိုကြီး တစ်ယောက် မွေးနေ့မှစ၍ နှစ်ပေါင်းများစွာတိုင် .... အဓိပ္ပါယ်ရှိသော မွေးနေ့နှစ်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ....။
(မှတ်ချက် - အကင်ဆိုရင် အရမ်းကြိုက်တဲ့ နှင်းအတွက် မမအဖြူရောင်လေးဧည့်ခံတဲ့ အကင်လေးတွေကို သရေ တမြှားမြှားနဲ့ တစ်ကယ်စားရသလို ကြည့်သွားပါတယ်
..........းDးP
ညီမလေး နှင်းဟေမာ
အစားတွေရော အသောက်တွေရော အကင်တွေရော အချိုပွဲလည်းနွဲသွားပါတယ်
ဒီလိုအသားကင်တော့ စားဖူးသေးဘူး
ခုမှ သိတယ်
စိတ်ဝင်စားစရာဘဲ အခွင့်အရေးရရင် စားချင်တယ်
မွေးနေ့ရှင်လည်း ပျော်ရွှင်ကျန်းမာပါစေ။
သက်ရှည်စွာ စိတ်သွားတိုင်းကိုယ်ပါဆန္ဒအားလုံးပြည့်ပါစေနော်
မွေးနေ့ရှင် အရုပ်ကလေး ပျော်ရွှင်ပါစေ..။
မွေးနေ့ရှင်အတွက် ရေခဲရေ တခွက် လုပ်ပေးအုံးလေး)
မွေးနေ့ ဆုတောင်းပေးတဲ့ သူငယ်ချင်း ချစ်ကြင်မိတ်ဆွေများကို ကျေူးဇူးကမ္ဘာ ..။
ပြောရက်လိုက်ကြတာ .. အမျိုးအရင်းတွေက သစ္စာဖေါက်တယ်ဆိုတာ မှန်ပ့ါ .. ။
မိုးဘွဲ့နိန်းသိမ်း ဆိုပါ့လား .. ကိုကိုးလားဟေ့ ...
မနန်း မွေးနေ့ ပို့စ်လေးနဲ့ သတိတရ ဆင်နွှဲပေးတဲ့အတွက် ကြည်နူးမှုစိတ်အသိထဲ ကျေနပ်မိတယ် ..။
ဆုံခဲ့ကြတဲ့ အချိန်တွေ .... အားလုံး ............................ဆုံရမဲ့ အနာဂတ်တွေမှာ လန်းဖြာမှုတွေနဲ့ ဘ၀အမောတွေ ပြေပျောက်ပါစေလို့ ပြန်လည် တောင်းဆုပြုရင်း ......။
ရုပ်ရုပ်
ဟိုက်ရှားဘားစ်...အကင်တွေ ဒီလောက်စားကြရင် ဒီလူမျိုးတွေ ကင်ဆာတွေ ဖြစ်ကုန်တော့မှာပဲ...သူတို့တွေ ကျောက်တုံးပေါ်မှာ ကင်စားတာသိရတော့ ခပ်ငယ်ငယ်က ချောင်းထဲဆင်းငါးဖမ်းပြီး ရတဲ့ငါးကို ရွှံ့နဲ့အုံ၊ မီးဖုတ်ပြီး ကျက်လောက်မှ ရွှံ့လုံးကိုခွဲပြီး ငါးကင်မွှေးမွှေးလေး စားကြတာ ပြန်သတိရတယ်...အဲဒီနည်းကို အစ်မတို့ဆိုင်မှာ သုံးရင်တော့ အမြတ်ငွေထဲက ရာခိုင်နှုန်းနဲ့ ဖြတ်ယူရလိမ့်မယ်ဗျာ...
နေရာ မှားရေးသွားတယ်။ :D
ဟုတ်ပ စောရယ်...
ဒီလမှာ မွေးနေ့တွေ စုနေတော့ မွေးနေ့ပို့တွေရောကုန်တာပေါ့...
း)
မွေးနေ့ရှင်တော့ မသိဘူး။ ကျွန်တော်တော့ ဘီယာနဲ့ မုန့်တွေ စားသွားတယ်။မွေးနေ့ရှင်လည်း မွေးနေ့မှာပျော်ရွှင်ပါစေခင်ဗျ
သက်သတ်လွတ်ဖြတ်ပြီး နောက်တစ်ခေါက်လာစားတယ် အရုပ်မစုတ်ရေ.....။
မရေ..စားစရာတွေကတော့သရေကျစရာပါဘဲ
အပြင်မှာသာအဲလိုတကယ်စားလိုက်ရရင်တော့နော်
မွေးနေ့လေးမမှီတော့ပေမဲ့..happy birthday
ပါလို့..ဆုတောင်းပေးပါတယ်..
မရေ..ခုမှဘဲအားလို့လာလည်ရတာ
စိတ်မဆိုးပါနဲ့နော်..
နောက်နှစ်ညီမရဲ့မွေးနေ့ကိုလည်း
မ..လုပ်ပေးရမယ်နော်..
Blackroze မွေးနေ့ဆိုပြီးတော့နော်..
Post a Comment