“နမ်းရေ... အလုပ်ပြီးရင် ဝန်ထမ်းဆောင်မှာပါတီပွဲရှိတယ်..”
“OK.. နမ်းလာခဲ့မယ်”
တရုတ်လူမျိုး သူငယ်ချင်းမလေးရဲ့ ဖိတ်ကြားမှုကြောင့် အလုပ်များပြီးသောအခါ ဝန်ထမ်းများနားနေခန်းထဲသို့ ကျမသွားရောက်ခဲ့သည်။
“လာ..နမ်း.. ထိုင်”
တရုတ်လူမျိုးဝန်ထမ်းများမှာ စားသောက်ဖွယ်ရာအပြည့်နှင့် ဖျော်ရည်မကာများတင်ထားသော စားပွဲပတ်ပတ်လည်တွင်ထိုင်၍ ပျော်ရွှင်စွာစားသောက်ရင်း စကားပြောနေရင်းမှ ကျမထိုင်ရန် နေရာပေးရင်း..
“နမ်း..ဒီနေ့ဟာ ကျမတို့ တရုတ်လူမျိုးတွေရဲ့ ကောက်ညှင်းထုပ်ပွဲတော်နေ့လေ”
ကျမရဲ့ ဝါသနာအတိုင်း Post တခုတော့ရပြန်ပြီပေါ့...
“ဟုတ်လား.. အဲဒီ ကောက်ညှင်းထုပ်ပွဲတော်အကြောင်းလေး ပြောပြပေးနိုင်မလားဟင်”
“ရပါတယ် နမ်းရဲ့..ပြောပြမှာပေါ့.. ”
“ဒီလို..နမ်းရဲ့...
ဟိုးရှေးရှေးတုန်းက.. တရုတ်ပြည်မှာ အနုပညာကို အသက်ထက်ချစ်မြတ်နိုးတဲ့ “ချွိယွမ်”(Qu Yuan)ဆိုတဲ့ သီချင်းရေးဆရာတယောက်ရှိတယ်။
သူရေးတဲ့ သီချင်းတွေကိုလည်း ပရိတ်သတ်က အရမ်းကိုနှစ်သက်ကြတယ်။
တခုထူးတာက သူဟာ အဲဒီအချိန်က ဘုရင်ရဲ့အုပ်ချုပ်ပုံကို မနှစ်သက်သူဖြစ်တဲ့အတွက် ကလောင်လက်နှက်နဲ့ တိုက်ပွဲဝင်သူတယောက်လည်းဖြစ်တယ်။
ပြည်သူတွေကလည်း သူ့ကို အရမ်းအားပေးကြတာပေါ့..
တနေ့တော့.. သူ့ကို တိုက်ခိုက်သူ(နာမည်ဖျက်သူ) တစုကြောင့် သူဟာ အလွန်အမင်းစိတ်ဓာတ်ကျသွားခဲ့တာလား ဒါမှမဟုတ် စိတ်ဓာတ်ပျင်းတာလား မသိပါဘူး.၊အနုပညာသမားတယောက်ရဲ့ ခံစားချက်ဟာ သိပ်ပြီးနုလွန်းတယ်လို့ပဲ ဆိုမလား..၊ ခံစားတတ်လွယ်တယ်လို့ပဲပြောမလား..၊ သူဟာ မြစ်တခုထဲကို ခုန်ချပြီး သေကြောင်းကြံခဲ့တယ်။
သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိတ်သတ်တွေဟာ သူခုန်ချသွားတဲ့မြစ်ထဲက သူ့ရဲ့အလောင်းကို ကြိုးစားပြီး ရှာဖွေကြပေမယ့် မိုးကလည်း သဲကြီးမဲကြီးရွာနေတာကြောင့် ရှာဖွေလို့မရတဲ့နောက်ဆုံးမှာ သူ့ရဲ့ကိုယ်ခန္ဓာက အသားတွေကို မြစ်ထဲက ငါးတွေမစားစေဖို့ ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်တွေကို ငါးစာအဖြစ် အစားထိုးချကျွေးခဲ့ကြတယ်။
အဓိပ္ပါယ်ကတော့ “သူတို့ချစ်တဲ့ ချွိယွမ် ရဲ့အသားကို မစားပါနဲ့... ကောက်ညှင်းမုန့်ကိုသာစားပါ” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။
အဲဒီလို သနားစရာကောင်းတဲ့ ဇာတ်လမ်းလေးကို အစွဲပြုပြီး သီချင်းရေးဆရာလေး ချွိယွမ်ကွယ်လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ရောက်တိုင်း ကောက်ညှင်းမုန့်များကို မြစ်ထဲကို ပစ်ချပြီး ငါးစာကျွေးခဲ့ကြတယ်။
ပြီးတော့ မြစ်ထဲမှာ လှေလှော်ပြိုင်ပွဲတွေကိုပါ ကျင်းပလေ့ရှိတယ်..။
ကဲ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. ”
“နမ်းရေ.. ကောက်ညှင်းထုပ်လေးတွေကို မြည်းကြည့်ပါအုံး.. ”
“ဟုတ်.. ကျေးဇူးပါ သူငယ်ချင်းရယ်..၊ ကောက်ညှင်းထုပ်အတွက်ရော ပုံပြင်လေးအတွက်ပါ ကျေးဇူးတင်ပါတယ်နော်”
ဇွန်လ(၆) ရက်နေ့တွင် ကျရောက်ခဲ့သော တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်“ Dragon Boat Festival” နေ့အား မှတ်တမ်းတင်အပ်ပါသည် ။
မှတ်ချက်။ ။ စာရေးဆရာ၊ကဗျာဆရာ၊ သီချင်းရေးဆရာများနှင့် အနုပညာသမားအားလုံး၏ ခံစားချက်တွင်း ကိန်းအောင်းနေသော နူးညံ့သောနှလုံးသားနှင့် ပြတ်သား၊မာကျောသောစိတ်ဓာတ်တို့မှာ တူညီသောပမာနရှိနေသည်ကို “ချွိယွမ်”ဆိုသည့် သီချင်းရေးဆရာလေးက သက်သေပြခဲ့လေပြီ။
Dear Angel.....(23)
18 hours ago
13 comments:
သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပေမယ့် အခြားနိုင်ငံရောက်ပေမယ့် ကိုယ့်နိုင်ငံရဲ့ ရိုးရာပွဲတော်ကို ကျင်းပ၊ ပြောပြ၊ မျှဝေပေးတဲ့ တရုတ်မလေးရဲ့ စိတ်ဓါတ်ကိုလည်း လေးစားပါတယ်...။ ထပ်ဆင့် မျှဝေပေးသော အဖြူရောင်နတ်သမီးကို ကျေးဇူးတင်ပါတယ်။
"အနုပညာသမားဆိုတာ နှလုံးသား အင်မတန် နူးညံ့ပါတယ်"
တရုတ်ပြည်ရဲ့ အစောဆုံး၊ အမြင့်မြတ်ဆုံး ကဗျာဆရာလည်းဖြစ်တယ်း)
ကောက်ညှင်းထုပ်ကို ပျားရည်နဲ့တို့စားရတာ ကြိုက်ပါတယ်။ ကောက်ညှင်းထုပ်ကို မီးပြန်ဖုတ်စားရတာ ကြိုက်ပါတယ်း)
နမ်းက သူတို့ပြောပြတာကို လက်တန်းရေးတာမို့လို့ အဲဒီလောက်ပဲ သိခဲ့ရပါတယ်။ ဖြည့်စွက်ပေးတဲ့ မနိုင်းကို အရမ်းကျေးဇူးတင်ပါတယ်ရှင်...
စလုံးကလူငယ် တရုတ်တွေမေးကြည့်သေသေချာချာ မပြောနိုင်ကြဘူး၊ ဘကျန် စားရတာပဲသိတယ်။ ကောက်ညှင်းထုပ်ပွဲတော် ဟောင်ကောင်မှာတော့ရုံးပိတ်တယ်၊
အနုပညာစိတ်ဓါတ်နဲ့ မှန်ကန်တဲ့ရပ်တည်ချက်ကို လေးစားမိပါတယ်။ အနုပညာချစ်မြတ်နိုးပြီး လေးစားစရာကောင်းတဲ့
မသိသေးတဲ့အနုပညာရှင်တယောက်အကြောင်းကို
သိခွင့်ရလို့ နမ်းကိုလည်း ကျေးဇူးတင်မိပါတယ်။
ချစ်တဲ့
သဒ္ဓါ
(မအားဘူးဆိုတာယုံဘူး..ဒါပဲ)။။။
ဟုတ်တယ် နတ်သမီးပြောသလိုဘဲ ညီမတစ်ယောက်ကလည်း ပြောပြတယ်
တို့တောင် အဲဒီနေ့က ရောယောင်ပြီး ကောက်ညှင်းထုပ် လုပ်စားလိုက်သေး
အဲဒီနေ့က ဈေးထဲမှာလည်း ရောင်းနေကြတာ ဆိုင်တိုင်းလိုလိုပါဘဲ..
နမ်းပြောမှဘဲကြားဘူးတော့တယ်ကောက်ညှင်းထုပ်လာစားသွားပါတယ်...ဗဟုသုတလဲရပါတယ်..ဟီ.......
နမ်း..ပြောမှဘဲသိရတော့တယ်..ကောက်ညှင်းထုပ်လာစားသွာပါတယ်..ဗဟုသုတတွေတော်တော်ရလိုက်ပါတယ်.ဟီ....
နမ်းရေ မင်္ဂလာပါ...မှတ်သားစရာ ကောင်းလှပါတယ်...ကောက်ညှင်းထုပ်ပွဲတော်အကြောင်း...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
နမ်းရေ မင်္ဂလာပါ...မှတ်သားစရာကောင်းတဲ့ ကောက်ညှင်းထုပ်ပွဲတော်အကြောင်း...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...
တို့တော့ မြင်တဲ့ စားစရာလေးတွေပဲ စားပြီး ပြန်သကွယ်။
နတမွီးမမက လူလှသလို စာအရေးအသားလည်း ညက်တာပဲဗျာ...။ တော်ပါပေ့။
ဒီပို့စ်ကိုဖတ်မိတော့ လေးစားရတဲ့ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းကို သွားသတိရမိတယ်...ဘာတွေကို ခံစားသွားရရှာလို့ ကားအောက်ကို ပစ်ဝင်ပြီး သေကြောင်းကြံသွားပါလိမ့်လို့ စဉ်းစားလို့ မရခဲ့ဘူးလေ...တရုတ်ကဗျာဆရာကလေးကမှ အကြောင်းပြချက်ရှိသေးတာကလား...အနုပညာဆိုတာ တကယ့်ကို နူးညံ့လွန်းသလို အနုပညာရှင်တွေကိုယ်တိုင်လည်း ခံစားချက်ပြင်းထန်လွန်းပါတယ်လေ...
Post a Comment