“သိပ်လှတဲ့ မိန်းမပျိုလေး” အဖြစ် တင်စားခေါ်ဆိုခံရသည့်“ကရိညာ”(
“ကရိညာ” ဒေသသည် ဆိုက်ပရပ်စ်တစ်နိုင်ငံလုံးတွင် အလှဆုံးနေရာအဖြစ်ထင်ရှားပြီး သန့်စင်သော အပြာရောင်ပင်လယ်၊ သမိုင်းဝင်နေရာများ၊ ပန်းပေါင်းစုံဖူးပွင့်လျှက်ရှိေ
၁၉၇၄ခုနှစ်တွင် “ကရိညာ” ဒေသပါဝင်သော ဆိုက်ပရပ်စ်နိုင်ငံ၏ မြောက်ဘက်ကျွန်းဆွယ်ကို တူရကီ(Turkey)မှ သိမ်းပိုက်ခဲ့သည့်အချိန်မျစ၍ Greek Cypriot နှင့် Turkish Cypriot ဟူ၍ (၂)မျိုးကွဲလာခဲ့သည်။ Greek Cypriotလူမျိုးများမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး Turkish Cypriot တို့မှာ မွတ်ဆလင်ဘာသာကိုကိုးကွယ်ကြသည်။ ထိုမှအစပြု၍ ဆိုက်ပရပ်စ်နိုင်ငံမှ ဆီပရိယိုလူမျိုးများသည် တူရကီလူမျိုးများကို အလွန်ပင်နာကျည်း မုန်းတီးခဲ့ကြသည်။
ဆိုက်ပရပ်စ်နိုင်ငံပိုင် ဘက်မှ တူရကီတို့သိမ်းပိုက်ထားသော “ကရိညာ”ဒေသသို့ သွားမည်ဆိုပါက ဆိုက်ပရပ်စ်နိုင်ငံ၏ မြို့တော်ဖြစ်သော နီကိုဆီးယား( Nicosia) မြို့မှတဆင့် တစ်ရက်တာ (၂၄နာရီ)Visa ဖြင့် သွားရောက်လည်ပတ်နိုင်သည်။
လွန်ခဲ့သော ၆လခန့်က တူရကီပိုင်ဖြစ်သော ဆိုက်ပရပ်စ်နိုင်ငံ မြောက်ပိုင်းကျွန်းဆွယ်လေးဆီသို
Beauty of Kyrenia
ဆိုက်ပရပ်စ်ပိုင်နေရာမှ တူရကီပိုင်နက်ထဲသို့ ခြေချမိလိုက်သည့်နှင့် တောင်တန်းကြီးပေါ်တွင် ထွင်းထုထားသော တူရကီအလံကို အဝေးမှလှမ်းတွေ့ရသည်။ Pure Nature...
“ကရိညာ”ဆိုသော “သူမ” သိပ်လှပါသည်၊ တောင်တန်းကြီးများ ဝန်းရံထားသော မြို့လေးတစ်မြို့ဖြစ်ပြီး ထိုမြို့လေးထဲသို့ ရောက်သွားသည့်အခါ ကျမ၏ စိတ်ထဲတွင် လူတစ်ယောက် နံက်ခင်းတစ်ခုတွင် နိုးထလာသော ခံစားချက်မျိုးမဟုတ်ပဲ သက်တန့်ရောင်စဉ်များ ဖြာကျလျှက်ရှိသော အိပ်မက်ကမ္ဘာတစ်ခုထဲတွင် နိုးထလာသော လူတစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။
Pure Romance.... အချစ်ကြောင့် ကြွင်းနက်ထဲသို့ တွန်းချ သတ်ဖြတ်ခံခဲ့ရသော မိဖုရားတစ်ပါး၏ သမိုင်းတွင်ခဲ့သည့် ကြေကွဲဝမ်းနည်းစရာအချစ်ဇာတ်လမ်း
The Treasure Island....
လွန်ခဲ့သော ၂၅၀၀နှစ်ခန့်က ပင်လယ်ရေအောက်တွင်နစ်မြုတ်ခဲ့ေ
ထိုသင်္ဘောငယ်မှာ ၁၅မီတာရှည်ပြီး သစ်သားကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။
ဇွန်း၊ ခက်ယင်း၊ အစရှိသည့် အသုံးအဆောင်ပစ္စည်းများ၏ အရည်အတွက်ကိုကြည့်ခြင်းအားဖြင့် လူ၎ယောက် အသုံးပြုလေ့ရှိသော သင်္ဘောငယ်ဖြစ်ကြောင်း၊ ပင်လယ်ကြမ်းပြင်အောက်တွင် နစ်မြုတ်နေသော ထိုသင်္ဘောငယ်ကို (၁၉၆၅) ခန့်တွင် ပင်လယ်ရေငုတ်သမားများအဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ပြီး (၁၉၆၇)တွင် ဆယ်တင်ခဲ့ကြပြီး ရှေးဟောင်းပြတိုက်သို့ ပို့ခဲ့ကြသည်။ ထိုသင်္ဘောငယ်ထဲတွင် တွေ့ရှိရသော အဝတ်အစားသစ်များ၊ ဝိုင်အိုးပေါင်း (၄၀၄)အိုး ၊ လူ့အသုံးအဆောင်ပစ္စည်းပေါင်း (၁၄၇၆၀)၊ အော့လစ်ဗ်စေ့ (၁၈)စေ့၊ အကြွေစေ့(၂)စေ့ ၊ ဗာဒံစေ့(almound) ၁၀၀၀စေ့ နှင့် အခြားသော ပစ္စည်းတချို့ကိုကြည့်ခြင်းအားဖြင့် ထိုအချိန်က ဆိုက်ပရပ်စ်နိုင်ငံနှင့် ဂရိနိုင်ငံအကြား ကုန်များသယ်ဆောင်သော သင်္ဘောဖြစ်ကြောင်း၊ ထိုခေတ် အခါက သင်္ဘောတစ်စီးပြုလုပ်ရန်
သံထည်ပစ္စည်းများမရှိသည့်အတွက် သံအစား အောလစ်ဗ်စေ့နှင့် သစ်မာများကို ရိုက်သံအဖြစ်အသုံးပြုခဲ့ကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း .....။
Dear Angel.....(23)
18 hours ago
10 comments:
ဗဟုသုတရတယ် ။ ကိုယ်မသိသေးတာတွေ မ ကြောင့်အများကြီး သိရတယ် ။ မ နေကောင်းပျော်ရွင် ပါစေ.....................
မြို့ကလေးသိပ်လှတယ်....ခုလိုမျှဝေပေးတဲ့ နတ်သမီးကို ကျေးဇူးတင်ပါတယ်....။
ပျော်ရွှင်ပါစေ....
ခုထိ တူရကီတွေက သိမ်းထားတုန်းပဲပေါ့နော်....။
လှတာတော့ လှတဲ့မြို့လေးပဲ...။
တကယ်လှတဲ့မြို့လေးဘဲ။ရှုခင်းလေးကပြာနေတာဘဲ
အင်း ညီမ ရေ လွမ်းမောဖွယ် မြို့လေးဘဲ ဇာတ်လမ်းအပြည့်အစုံ သိရရင်ပိုကောင်းမယ်နော်
လှလိုက်တာ။ အုတ်ဂူမှာစာမရေးပဲနံရံမှာ ရေးထားတာလား ရှင့်။ ဘာများ ရေးထားတာလဲ မသိဘူးနော်။ စိတ်ဝင်စားဖို့ကောင်းတယ်။
ခင်မင်လေးစားလျက်
ဟုတ်တယ် တော်တော်လှတယ်နော်
ပင်လယ်ကြီးပြာနေတာ သဘောကျလိုက်တာ
မိဖုရားအကြောင်းလည်းစိတ်ဝင်စားတယ် အသေးစိတ် ပြောပြရင်သိပ်ကောင်းမယ်
သဘောင်္အကြောင်းတော့ ဗဟုသုတရတယ်
ကျေးဇူး
မိဖုရားနာမည်က ဘာတဲ့လဲညီမ
အဲ့သင်္ဘောနဲ့ မြန်မာပြည် ပြန်လာခဲ့လေ... :P
ပုံလေးတွေကြည့်ရတာ ကြည်နူးလိုက်တာ...ဒီရက်ပတ်မှာ ရင်ထဲမှာ မွမ်းကျပ်ပြီး စိတ်ညစ်နေတာ ခရီးသွားလိုက်ချင်ပေမယ့် တာဝန်တွေကြောင့် မသွားဖြစ်ပေမယ့် နတ်သမီးကျေးဇူးနဲ့ ခရီးသွားသလို ခံစားလိုက်ရလို့ ကျေးဇူးပါ...
Post a Comment