Wednesday, July 6, 2011

လွမ်းဖို့မလိုတော့ပါ


ကျမအပါအဝင် ဆိုက်ပရပ်စ်နိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာများအတွက် ဖိလစ်ပိုင်နိုင်ငံမှ ထုတ်လုပ်သော ငပိရည်ကြို တစ်ပုလင်းကို ၂ယူရိုခွဲနှုန်းဖြင့် ဖိလစ်ပိုင်လူမျိုးများရောင်းချသော ကုန်စုံဆိုင်များတွင် လိုသလောက်ဝယ်ယူနိုင်ပြီဖြစ်သဖြင့် ကျမအပါအဝင် ငပိရည်ကြိုက်နှစ်သက်ကြသော မြန်မာများမှာ အမိမြန်မာပြည်နှင့် ဝေးနေရပါသော်လည်း ငပိရည်ကို လွမ်းဖို့မလိုတော့ပါကြောင်း.... သတင်းကောင်းပါးရင်း ယနေ့ ကျမရဲ့ထမင်းပွဲလေးကတော့ ပုဇွန် အာလူးဆီပြန်၊ မုန်လာဥချဉ်ရည်ဟင်းနဲ့ ငပိရည်ကြိုတို့ပဲဖြစ်ပါတယ်..။
သုံးဆောင်သွားကြပါအုံးနော်...။








25 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဒါဖြင့်လဲ မလွမ်းတော့ပါဘူးလေ။ ဒါပေမဲ့ ဖဦးထုပ်ငါးပိနှင့် ရွှေငါးပိ ဘယ်လိုအရသာ ကွာသည်မသိ။း))

ခင်မင်လျက်

အဖြူရောင်နတ်သမီး said...

အဲ.. မြည်းကြည့်အုံးမှ..
“ပလပ်..ပလပ်..”
ငံကြည့်ကြည့်အရသာချင်းတော့ တူသား...:D

ကိုကိုမောင်(ပန်းရနံ့) said...

အင်း.. ငံတာကို ငံမှန်း သိလာပြီဆိုရင်တော့ နတ်သမီး ပုံမှန်ဖြစ်သွားပြီ။ မပူတော့ဘူးးးးးးးးး။ ဟာ ဟ။

ခင်မင်လျက်

သဒ္ဓါလှိုင်း said...

သွားရေကျအောင်လုပ်နေပြီနော်။
ဒါနဲ့ ပုံမှန်ဖြစ်သွားပြီတဲ့..ဟုတ်လား။
ချစ်တဲ့
သဒ္ဓါ

ညိမ်းနိုင် said...

အဲ....ဖ တွေက ငပိရည်စားကြတယ်လား...၊ကျွန်တော်က
ငပါရည်ဆိုတာဒို့မြန်မာလူမျိုးတွေရဲ့ မူပိုင်အစားအစာလို့
ထင်နေတာ...၊

ကိုအောင်(ပျူနိုင်ငံ) said...

ဖဦးထုပ်ဆိုင်မှာ ရှာကြည့်ဦးမယ်၊ ကျေးဇူး ...

Han Kyi said...

ငပိတော့ ကြိုက်ဘူးဗျို့...ဒါကလည်း မြင်နေရလို့ပဲ ဖြစ်မယ်...ဒါပေမယ့် နတ်သမီးလို နိုင်ဂျံဂါးရောက်သွားရင်လည်း အဲဒီငပိကိုပဲ တတမ်းတတ ဖြစ်နေရဦးမယ်ထင်ပါရဲ့...လောလောဆယ်တော့ ငပိမြင်ရင် ဝေါင်ဝေါင်ရှေးတုန်းပဲ...

တောက်ပကြယ်စင် said...

သူကြီးမင်းက ရယ်စရာ လုပ်တတ်တယ်နော်။ ဟား ဟား။ ငပိရေကြိုလေး ကောင်းမည့်ပုံပဲ။ ကျန်နှစ်မယ်ကတော့ ရှယ်မည့်ပုံပါ။ ကျန်းမာပျော်ရွှင်ပါစေနော့...

Angelhlaing(May everybody be happy and healthy! said...

ညီမလေးတော့ ဝေးနေဆဲမို့ လွမ်းနေရဆဲပဲ..မမ...:P

jasmine(တောင်ကြီး) said...

ငါးပိပုလင်းလိုက်မသွားပါတယ်...
စိတ်မဆိုးပါနဲ့။
ဟင်းကောင်းလေးအတွက်ကျေးဇူးအများကြီးထားခဲ့ပါတယ်ရှင်။

rose of sharon said...

ပျော်စရာကြီးပေါ့... လွမ်းစရာမလိုဘဲ အချိန်မရွေးစားလို့ရပြီဆိုတော့ :)

သက်တန့်ချို said...

ဝင်ကြိုက်သွားပါသည် ။ တောသားမို့ ငါးပိရည် တအားကြိုက်ပါကြောင်း ဟိဟိ :)

SHWE ZIN U said...

ငါးပိ ကတော့ ဘာဖြစ်ဖြစ် အသေစားတယ်

mstint said...

ဟင်းပွဲလေး ဝင်ကြည့်သွားပါတယ်ကွယ်။
ပျော်ရွှင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့...... said...

အင်းး ငပိရည်စားရတာ ရွှေရသလိုပါပဲလားးး...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့ကတော့ ငပိရည်နဲ့ မဝေးဘူးကွယ် ဒါကြောင့် မလွမ်းတော့ဘူး
ခုစားချင် ခုရတယ် ဟဲဟဲ

...အလင်းစက်များ said...

သူညားတွေညား ငပိရည်စားရတာလေး ထအော်နေလိုက်တာ....။ နတ်သမီးမမ တို့ သနားစရာ ......... ဟီးဟီး။

T T Sweet said...

ဖဦးထုတ်တွေလဲ ငါးပိရည်စားသပေါ့။ ဒီမှာလဲ မြန်မာဆိုင်မှာ မြန်မာငါးပိရည်စစ်စစ်ရတော့ လွမ်းစရာမလိုတော့ပါ။

မိုးယံ said...

အံမယ်လေးးးးးးးးးးးးးးးးးး ငါပိရည်ကိုများ နတ်သုဒ္ဓါ ကျနေတာပဲ။ မစားရလဲ ဘာမှ မဖြစ်ဘူး။ စားရလဲ ငါးပိစော်နံတာပဲ။

ကိုယ့်ဘာသာ အိမ်မှာ တစ်ကိုယ်စာ ငါးပိသိပ်ပေါ့ကွယ်။

နောက်တစ်ခုက ငံပြာရည်တော့ ရမှာပဲလေ။ ငံကျိကျိ အရသာလောက်တော့ ငံပြာရည်ကို ငရုတ်သီးမှုန့်ဖြူး အချိုမှုန့် နည်းနည်းထည့်ပြီး စားပေါ့။
ပြောသာပြောရတယ်.. အဲဒါတွေရော ရှိရဲ့လား မသိဘူး။

အော်... နတ်သမီးနဲ့ ငါးပိ ရည် ဘယ်လို အဆက်အစပ်လဲ မသိ။

ချစ်ကြည်အေး said...

နတ်သမီးရေ...မတူဘူး ညီမရဲ့ မတူဘူး၊ အဲဒီပုလင်းထဲက ဟာကြီးနဲ့ တူကို မတူဘူး။ ဟဟဟ နတ်သမီး စိတ်လေအောင် ပြောသွားတာ....:))

ဆွေလေးမွန် said...

ဟီး လွမ်းဖို့ မလို့ တော့ ပါဆိုလို့ လာကြည့်တာ.
ဆွေလေးတို့ ကတော့ လွမ်းတာပဲ အေ...
ဒီမှာ ရှိမှ ရှိပဲ.

:) :)

ရင်ထဲက မေတ္တာ said...

မြန်မာဟာ မြန်မာမို့  ငပိရည်တော့ ကြိုက်တယ် မရေ

ကျေးဇူး မ ရေ ..

လူကြုံမရတော့ ရင်ဝယ်စားမယ်နော် ..

မ တစ်ယောက် ကျန်းမာပျော်ရွှင်စိတ်တိုင်းကျသူ ဖြစ်ပါစေ

ချစ်လျှက် ....

မေသိမ့်သိမ့် ကျော် said...

ထိုင်းက ငပိရည်လဲ ကောင်းတာပဲ။ အဲဒီမှာ ရှိမရှိတော့မသိ။ အင်း အလွမ်းပြေပေါ့။ ငပိရည်တော့ပါပြီ။ တို့စရာကော ပါဘူးလား။း)

sosegado said...

အာလာမ လို့ခေါ်တဲ့ ဖဦးထုပ်ငါးပိဖြစ်မယ်၊ သတိထားသူတို့ကစီအင်ဇိုင်းသုံးတယ်၊

crystalsnow said...

I love to read your posts. It is a real beauty of your work. I love your thought and imagine. It is so clear and simple. It is make you look more beautiful. I wish you can write more and more. When I read your post, I feel so relax and peaceful. I feel like you are one of my friend. We can not see each other in the real world but you are so close to me. Thank you so much for your picture.
with love
msw

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger