၎.၀၈.၂၀၁၁ နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်ကတော့ ဘလော့ဂ်ရွာမှာ ပျောက်ချက်သားကောင်းနေတဲ့ (မ)“အနမ်း”( သုခုမနန်းတော်)ပဲဖြစ်ပါတယ်ရှင်..
သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲလေးများကို လုပ်ပေးနေကျအတိုင်း ကျမ ချစ်ရတဲ့ (မ)အနမ်းရဲ့မွေးနေ့ပွဲလေးကို ကျမရဲ့လက်ရာ ဟင်းပွဲများနဲ့ ဧည့်ခံလိုက်ပါတယ်..ကောက်တေးလ်အအေးစုံ
ဖြူဖြူဖွေးဖွေး..ပူပူနွေးနွေး လေး..
ငါးကြွပ်ချိုချဉ်ကြော်
ပုဇွန်ရုန်းပုဒေသီး ဆီပြန်
အအီပြေ ဘူးသီးချဉ်ရည်
ကြက် ပုဇွန် ကြာဇံကြော်
ငါးပတ်မွှေဆီပြန်
ကြက်သားဆီပြန်
ငပိရည်ချိုနဲ့ငါးခြောက်ကြော်
မှိုငြုပ်သီးစိမ်း အစပ်ကြော်
အချိုတည်းဖို့ စတော်ဗယ်ရီပူတင်းပေါင်း
(မ)အနမ်းအတွက် သီးစုံမွေးနေ့ကိတ်လေး
မွေးနေ့ဆုတောင်းကဒ်လေးနဲ့အတူ...နတ်သမီးရဲ့ Favourate ရေမွှေးဖြစ်တဲ့ Dream (Tommy Hill Figer)ရေမွှေးလေးကို လက်ဆောင်အဖြစ် ပေးလိုက်တယ်နော်...
မနမ်းတယောက် စိတ်သွားတိုင်း ကိုယ်ပါ၍ လိုအင်ဆန္ဒများအားလုံး “တ”သမျှ “ရ” ပါစေ..
မိဘများအတွက် အားကိုးရသော သမီးကောင်းတယောက်ဖြစ်ပါစေ...
အနာရောဂါ ကင်းရှင်းပြီး ကျက်သရေရှိသော မြင့်မြတ်သော မြန်မာအမျိုးသမီးကောင်းတယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်...
HAPPY BIRTHDAY.... ပါ (မ)အနမ်း...ရေ....
တယ်လီဖုန်း.....
13 hours ago
10 comments:
သူများမွေးနေ့မှာ လာဝါးလိုက်အုံးမယ်..
ချက်ကျွေးတဲ့ မမနတ်သမီးလေးရော... မွေးနေ့ရှင် အနမ်း ရေ... birthday kiss.. arr-bwer!!! heehee...
Happy Birthday ပါ ညီမရေ
မင်္ဂလာမွေးနေ့လေး ဖြစ်ပါစေ အမနမ်းရေ။
နတ်သမီးရေ...
ဟိုနေ့က ရဲစခန်းလိုက်ခဲ့ဆိုလို့ လိုက်သွားလိုက်ပါတယ်။ အမှန်က စခန်းမှူးသမီးက မွေးနေ့ဘဲ ဖိတ်တာလေ။ သူလဲ နတ်သမီး ဧည့်ခံသလို ဧည့်ခံတာကလား။း)))
ဒီနေ့ အနမ်းရဲ့ မွေးနေ့ပွဲမှာတော့ စခန်းရောက်စရာ အကြောင်း မရှိလောက်တော့ပါဘူး။ ဟိုနေ့က ဧည့်ခံပွဲနဲ့ သိပ်မတူလို့။ ဟာ ဟ။
အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်လျက်
ပုံမှန် ၀ါးနေရတာပဲနော်....စားသွားတယ် တ၀ ပါဆယ်ပါထုပ်သွားတယ်နော်
အလို...ဒီတစ်ခါ မွေးနေ့က တယ်ပြီးမြန်မာဆန်သလိုပါကလား...အိမ်း...ဗိုက်ကိုတော့ ခွေးနမ်းချေဦးတော့မယ်ထင်ပါ့...
ပျော်ရွင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါစေ မမနန်းရေ....ဧည့်ခံတဲ့ အစားသောက်တွေကောင်းလို့ အိမ်မပြန်နိုင်တော့ဘူးမမ လိုက်ပို့...:P:P
ဟုတ်ပ.. အဲဒီမွေးနေ့ရှင်က ပျောက်နေလေရဲ့.. ဟက်ပီးဘတ်ဒေးပါဗျာ...း))
ခင်မင်လျက်
နေ၀သန်
မွေးနေ့ရှင်လည်း ကျန်းမာပါစေ။။
ဆုတောင်းပေးတဲ့ အမတော်လည်း ကျန်းမာပါစေ။။
ပုံတွေကြည့်ပီး မျက်ရည်ဝဲသွားတယ်။။။
ငတ်နေတာ ကြာပေါ့။။။
စားသောက်သွားတယ်။ မွေးနေ့ရှင်လည်း အမြဲပျော်ရွှင်ချမ်းမြေ့ပါစေလို့....။
ခင်တဲ့
မင်္ဂလာရှိတဲ့နေ့တွေပိုင်ဆိုင်နိုင်ပါစေသောဝ်
း)
ခရီးသွားနေရလို့ အခုမှ လာဂလုနိုင်တယ်ဗျာာာာ
း)
မောင်ဘကြိုင်
Post a Comment