ရန်သူသည် အတွင်းရန်သူနှင့်အပြင်ရန်သူနှစ်မျိုးရှိသည်။
အပြင်ရန်သူမှာ ရှောင်ရန်လွယ်ကူသော်လည်း အတွင်းရန်သူကားရှောင်ရန်မလွယ်ကူပေ။
ရပ်ကွက်တခု၌မိမိရန်သူရှိနေသည်ကို သိပါက ထိုရပ်ကွက်ကိုရှောင်သွားလျှင် လွတ်သည်သာဖြစ်၏။
သို့သော် မိမိစိတ်ဟုဆိုအပ်သည့် အတွင်းရန်သူကိုကား ရှောင်ရန်ခဲယဉ်း၏။
မနာလိုခြင်း ဝန်တိုခြင်းတို့သည် အတွင်းမှလာသော အတွင်းရန်သူများဖြစ်၏။
အသိဥာဏ်ဖြင့်လည်းသတ်နိုင်၏။
မဂ်ဥာဏ်ဖြင့်သတ်နိုင်သူကို အရိယာဟုခေါ်၏။ အသိဥာဏ်ဖြင့်သတ်နိုင်သူကို သူတော်ကောင်းဟုခေါ်၏။
မည်သည့်ဥာဏ်နှင့်မျှမသတ်နိုင်လျှင် မည်မျှရာထူးကြီးကြီး မည်သည့်ဘွဲ့တွေရရ မသူတော်စာရင်းဝင်လေ၏။
ကဲ့ရဲ့စရာအကွက်တွေ့လျှင် လူတရာလျှင် တရာလုံး ကဲ့ရဲ့တတ်ကြသော်လည်း ချီးမွန်းစရာတွေ့လျှင်ကား တယောက်လောက်သာ ချီးမွန်းစကားပြောတတ်ကြ၏။
ကျန်(၉၉)ယောက်က မသိသလိုနေတတ်ကြ၏။ ကောင်းကွက်တွေ့ပါလျှက် မချီးမွန်းခြင်းသည် က္ကဿာမစ္ဆရိယခေါ် အတွင်းရန်သူထံ ကျွန်ခံနေရသူသာဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်၏။
မှတ်ချက်။ ။ကြိုက်နှစ်သက်၍ မေတ္တာရှင်(ရွှေပြည်သာ)ရေးသော ဘဝနှင့်ရင်းရသော အတွေးအမြင်များ ဆောင်းပါးမှကူးယူဖော်ပြပါသည်။
Dear Angel.....(23)
18 hours ago
8 comments:
ဖတ်ဘူးတယ်။ သဘောကျလို့ ထပ်ဖတ်သွားတယ်နော်။
မျှဝေပေးတာ ကျေးဇူးပါနတ်သမီးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါလို့...
ရန်သူမျိုး၅ပါးက မြင်နိုင်သေးတယ်...။
ဒီရန်မျိုးက စိတ်မနောထဲ ကိန်းအောင်းနေတာမျိုးမို့ မမြင်ရသလို၊ ကြောက်ဖို့လည်း ကောင်းတယ်နော်..။
အစ်ကို ကလိုရီ တရားတွေ ပေါက်ကုန်ဘီ။
သာဓု သာဓု (တစ်ခေါက်ချန်ထားအိ) ပါဗျား။ :D :D :D
မမြင်ရတဲ့ရန်သူက ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာ
ဟုတ်တယ်ဗျာ
Merry Christmas & Happy New Year
ပါဗျာ
စိတ်သာလျှင် အရေးကြီးဆုံး ပါပဲ..
ဖတ်ပြီး မှတ်သွားပါတယ် ညီမငယ်။ ထပ်ပြီးမျှဝေနိုင်ပါစေ။
အတွင်းရန်သူကို ၀ိပဿနာ နဲ့နှိမ်နင်းဖို့ကြိုးစားရဦးမယ်ဗျာ....
Post a Comment