
အလုပ်ကပြန်ရောက်တော့ ည ၁၁း၃၆ ဖြစ်နေပြီ။
ဆိုက်ပရပ်စ်ဆောင်းတွင်းဆိုတာ မိုးပါရွာတတ်တဲ့အမျိုး...
ဒီနေ့ကျမှ ကျမ ကလည်းထီး မယူသွားမိဘူး ။
ဆိုင်နဲ့အိမ် လမ်းလျှောက်သွားရင် ၅မိနစ်သာဆိုပေမယ့်
ထီးမယူသွားမိတဲ့ကျမ ဒီနေ့ည အလုပ်က အပြန်မှာ မိုးမိခဲ့တယ်။
ဆောင်းတွင်းမိုးမို့ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ကျမ ရွှဲရွှဲစိုနေတဲ့အဝတ်တွေကိုလဲ၊ ဆံပင်ကို လေမှုတ်စက်နဲ့ ခြောက်အောင်မှုတ်ရင်း နားထဲကြားယောင်လာတဲ့
“နေကောင်းရဲ့လားနတ်သမီးလေး”..“ကျန်းမာရေးကိုဂရုစိုက်နော်”.. “ဆေးရောမှန်မှန်သောက်ရဲ့လား”..“မတည့်တာတွေ မစားနဲ့လေ”.. “ညည်းက ချူခြာတယ် ကျန်းမာရေးကိုဂရုစိုက်ပါကွာ” ဆိုတဲ့ သူ့ရဲ့ဂရုဏာသံတချို့..
ချူခြာလွန်းတဲ့ကျမကို ဂရုတစိုက်အမြဲကြည့်နေတတ်တဲ့ သူ့ကို ပြေးပြီးသတိရလိုက်မိပါတယ်။
မိသားစုမေတ္တာငတ်ခဲ့တဲ့ကျမ၊ မိဘများမရှိတော့တဲ့ကျမ၊ မောင်နှမသားချင်းမရှိတဲ့ကျမအဖို့ သူဟာ ကျမရဲ့ဘေးမှာ အကိုလို၊ မောင်လို၊ သူငယ်ချင်းလို၊ ပြီးတော့ ကျမရဲ့ကျန်းမာရေးအတွက် ဆရာဝန်တယောက်အဖြစ် အမြဲရပ်တည်ပေးရင်း ကျမကိုနွေးထွေးတဲ့မေတ္တာတွေပေးခဲ့တယ်။
ကျမတို့သိပ်ရင်းနှီးကြတယ်၊ တယောက်နဲ့တယောက်နားလည်ကြတယ်၊
သူ့ရဲ့မိသားစုအကြောင်း ကျမသိသလို၊ ကျမရဲ့ဘဝအကြောင်းကိုလည်း အတွင်းကျကျ သူသိထားတယ်။
သူနဲ့ကျမ ခင်မင်မှုက သိပ်ဖြူစင်ပါတယ်။ မိတ်ဆွေစစ်ရှားတဲ့ကျမအတွက် သူဟာ ကျမရဲ့အနီးကပ်ဆုံးမိတ်ဆွေဖြစ်လာခဲ့တယ်။
ကျမမှာ ပြဿနာတခုခုနဲ့ကြုံရတိုင်း သူဟာ ကျမရဲ့ရှေ့ကနေ အမြဲရပ်တည်ပေးခဲ့ပါတယ်။
အဲဒီလိုနဲ့ အမတယောက်လိုချင်ခဲ့တဲ့သူ့အတွက် ကျမဟာ သူ့ရဲ့အမဖြစ်လာရသလို၊
မောင်နှမမရှိတဲ့ကျမအတွက် သူဟာ ကျမရဲ့မောင်လေးတယောက်ဖြစ်လာခဲ့တယ်။
ပြီးတော့ တယောက်ထဲရပ်တည်နေရတဲ့ကျမအဖို့ တခါတရံ စိတ်ဓာတ်ကျ အားငယ်နေတဲ့အခါမျိုးတွေမှာ
သူဟာ ဆရာဝန်တယောက်အနေနဲ့ရော မောင်ငယ်တယောက်အနေနဲ့ပါ အားပေးရင်း ကျမရဲ့စိတ်ဓာတ်တွေကိုမြှင့်တင်ပေးတတ်တယ်။
အဲဒီလိုနဲ့ ကျမတို့ခင်မင်လာလိုက်တာ ခုဆိုရင် (၂)နှစ်ကျော်(၃)နှစ်ထဲတောင် ရောက်ခဲ့ပြီပေါ့။
ဒီနေ့.. သူ့ရဲ့မွေးနေ့
ဆိုက်ပရပ်စ်မှာတော့ မနက် ၁း၃၀( ယခု စာရေးနေတဲ့အချိန်) ပဲရှိသေးတယ်။
သူ့အတွက် မွေးနေ့လက်ဆောင် အမှတ်တရ ဒီစာလေးကို ချရေးနေမိတယ်..။
ပုံလေးတွေကတော့ လွန်ခဲ့တဲ့ ၁ပတ်အလိုကတည်းက Google Image ကနေ ရှာပြီး အစဉ်လိုက်စီထားပြီးသားမို့ တော်သေးတယ်။
“သက်တန့်ချို” ဆိုတဲ့နာမည်လေးနဲ့လိုက်အောင် “သက်တန့်ရောင်”မွေးနေ့လေးတခု ကျမ သူ့အတွက် ဖန်တီးပေးဖို့ စိတ်ကူးမိရင်း ပုံလေးတွေကို စိတ်ရှည်လက်ရှည်ရှာခဲ့တဲ့နေ့က ကိတ်မုန့်ပုံလေးတွေကိုကြည့်ရင်း ကိတ်မုန့်စားချင်လာလို့ ဝယ်စားခဲ့ရတဲ့ ကျမရဲ့အမှတ်တရလေးနဲ့အတူ မောင်လေး “သက်တန့်ချို”အတွက် “သက်တန့်ရောင်စုံများနဲ့ပြည့်နှက်နေတဲ့ မွေးနေ့လေးတခု” ကို ကျင်းပပေးလိုက်တယ်နော်..
Happy Birthday ပါ မောင်လေးရေ...
ယနေ့မှာကျရောက်တဲ့မွေးနေ့လေးမှအစပြုလို့..
စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး စိတ်သွားတိုင်းကိုယ်ပါ..
လိုအင်ဆန္ဒများအားလုံး တလုံးတဝတည်းပြည့်စုံပါစေလို့ အမက ဆုတောင်းပေးလိုက်ပါတယ်ကွယ်...။


















Dear Angel.....(26)
12 hours ago
2:01 AM
လင်းထက်
Posted in: 

Nicosia Time
11 comments:
မွေးနေ့လေးမှာ မွေးနေ့ရှင်တစ်ယောက်ပျော်ရွှင်ပါစေ။
မွေးနေ့ရှင်သက်တန့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ ပျော်ရွှင်ဖွယ်မွေးနေ့လေးကို နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေ။ မွေးနေ့လေးတွေကို တကူးတက စီစဉ်ပေးတဲ့ ချစ်ရတဲ့ နမ်းလေးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ချစ်သူခင်သူများနဲ့ ဘဝတသက်တာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
ချစ်တဲ့
သဒ္ဓါ
း)) မွေးနေ့ပွဲလေးအတွက် အရောင်အသွေးစုံလင်စွာနဲ့ကျင်းပပေးတဲ့အစ်မတော် နတ်သမီးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ။ အစ်မရေ သက်တန့် ရောင်စဉ် ကိတ်မုန့်လေးတွေနဲ့သစ်သီးလေးတွေကို ရှာဖွေပြီးအွန်လိုင်းမွေးနေ့ပွဲလေး အမှတ်တရကျင်းပပေးတာ ဘယ်လို ၀မ်းသာမိမှန်းတောင်မသိပါဘူး ။ ကျွန်တော်ကိုယ်တိုင်တောင် မေ့နေတတ်တဲ့မွေးနေ့ဆိုတဲ့ရက်ဟာ ၂၇ နှစ် ဒီဇင်ဘာ ၁၇ မှာ တစ်ဖန်ပြန်လည် နိုးကြားလာသလိုပါပဲ ။ အစ်မလည်းကျန်းမာပါစေခင်ဗျာ ။ ( အပြင်မှာလည်း အဲဒီလို ပုံထဲကဟာတွေ ၀ယ်ကျွေးရမှာနော် :))
း)) မွေးနေ့ပွဲလေးအတွက် အရောင်အသွေးစုံလင်စွာနဲ့ကျင်းပပေးတဲ့အစ်မတော် နတ်သမီးကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ။ အစ်မရေ သက်တန့် ရောင်စဉ် ကိတ်မုန့်လေးတွေနဲ့သစ်သီးလေးတွေကို ရှာဖွေပြီးအွန်လိုင်းမွေးနေ့ပွဲလေး အမှတ်တရကျင်းပပေးတာ ဘယ်လို ၀မ်းသာမိမှန်းတောင်မသိပါဘူး ။ ကျွန်တော်ကိုယ်တိုင်တောင် မေ့နေတတ်တဲ့မွေးနေ့ဆိုတဲ့ရက်ဟာ ၂၇ နှစ် ဒီဇင်ဘာ ၁၇ မှာ တစ်ဖန်ပြန်လည် နိုးကြားလာသလိုပါပဲ ။ အစ်မလည်းကျန်းမာပါစေခင်ဗျာ ။ ( အပြင်မှာလည်း အဲဒီလို ပုံထဲကဟာတွေ ၀ယ်ကျွေးရမှာနော် :))
မွေးနေ့ရှင် ပျော်ရွှင်ပါစေ ဆုတောင်းပါတယ် ...
နတ်သမီးစီစဉ်တဲ့ မွေးနေ့တွေထဲမှာ အလှပအရိုးစင်းဆုံးပဲ....။ ပျော်ရွှင်ပါစေ သက်တန့်ရေ....။ နတ်သမီးလေးလဲ ကျန်းမာရေးဂရုစိုက်ပါနော်.....။
့Happy birthday ပါ..ကိုသက်တန့်ရေ..
မွေးနေ့ရှင်လေး မောင်သက်တန့်ရေ Happy belated Birthday ပါနော်။
မွေးနေ့ရှင်လေးရော မွေးနေ့ပွဲလေး ကျင်းပပေးတဲ့
နတ်သမီးလေးပါ လောကီလောကုတ္တရာ နှစ်လီနှစ်ဝ
လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့
တောင်းဆုချွေခဲ့တယ်။
စားသောက်ဖွယ်စုံလင်စွာနဲ့မွေးနေ့ပွဲလေး အားပေးလျှက်-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Happy Birthday ပါအကို...နောက်ကျတဲ့ မွေးနေ့ ဆုတောင်းလေးအတွက် ..ခွင့်လွတ်ပါလို့....
ပျော်ရွင်ဖွယ် မွေးနေ့မှ နောင် နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောသူများနှင့် ဆင်နွဲနိုင်ပါစေလို့ ဆန္ဒပြုရင်း.....
ပျော်စရာ မင်္ဂလာရှိသော မွေးနေ့လေးပါ သက်တန့်ရေ...။ နောက်ကျသွားပေမဲ့ အခုမှ ဘလောဂ့်ပေါ်ရောက်လို့ ခုမှပဲ နှုတ်ဆက်ရပါတယ်။
နတ်သမီးရဲ့ ကျင်းပပေးပုံလေးကလည်း ရှာရှာ ဖွေဖွေ...။ ချစ်စရာကလေးတွေ....
မွေးနေ့မှသည် နှစ်ပေါင်းများစွာ.....
ပျော်ရွှင်ဖွယ် မွေးနေ့ရက်မြတ်ဖြစ်ပါစေ သက်တန့်ချိုရေ....။
Post a Comment