ဒီဇင်ဘာလအတွက် ပို့စ်လေးတခု ရေးမယ်လို့ စိတ်ကူးနေချိန်မှာ အလျင်းသင့်စွာပဲ ညီမလေး ရို့စ်က “ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်” ဆိုတဲ့ပို့စ်လေးကို ရေးဖို့တဂ်လာခဲ့ပါတယ်။
အဲဒီအတွက် ကျမ စာရေးဖို့တွေးရပြီပေါ့...
ညီမလေးရို့စ် မေးထားတဲ့မေးခွန်းတွေထဲက “ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။” တဲ့..
ကျမ ဖြေပါမယ်...
“ဒီဇင်ဘာနဲ့နှင်း”ဆိုတာ ခွဲထားလို့မှမရတာ..။
ဒီဇင်ဘာလကိုရောက်တိုင်း နှင်းလေးတွေနဲ့ဆုံဖြစ်ခဲ့တာပေါ့..။
နှင်းတွေထဲမှာလည်း ကစားခဲ့ဖူးတယ်၊ နှင်းတွေထဲမှာလည်း လွမ်းဆွေးခဲ့ဖူးတယ်၊ ပြီးတော့ နှင်းမကျခင်အချိန်လေးကိုလည်း ကျမ နှစ်သက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှင်းမကျသေးပေမယ့် အေးလွန်းလှတဲ့နေ့တချို့ဟာ ကျမဘဝအတွက် အမှတ်ရစရာနေ့တချို့ဖြစ်ခဲ့လို့ပါပဲ။
ကျမရဲ့အတွေးထဲမှာ မြင်ယောင်လာမိတဲ့ ပုံရိပ်တချို့...
သိပ်အေးလွန်းတဲ့ နေ့လေးတနေ့မှာပေါ့..၊
ကောင်လေးနဲ့ကောင်မလေး သိပ်လှတဲ့နေရာတချို့ကို လျှောက်လည်ခဲ့ကြတယ်..။
နှင်းမကျပေမယ့် နှင်းကျသလိုမျိုးကိုအေးနေတဲ့ရာသီမှာ လမ်းပေါ်မှာလက်တွန်းလှည်းနဲ့ရောင်းတဲ့ လတ်လတ်ဆတ်ဆတ်အသားညှပ်ပေါင်မုန့်တခုစီရယ်၊ လ္ဘက်ရည်ပူပူတခွက်စီရယ်ကို ဝယ်ပြီး ခုံတန်းလေးတခုပေါ်မှာ ထိုင်ပြီး စားခဲ့ကြတယ်။
ကျယ်ဝန်းလှတဲ့ပန်းခြံကြီးတခုထဲမှာ ဆောင်းကိုနှုတ်ဆက်ရင်း မြေခပေးကြတဲ့ သစ်ရွက်ဝါတွေက သူမတို့နှစ်ယောက်အတွက် ကော်ဇောဝါကြီးတခု ခင်းပေးထားသလိုမျိုးပေါ့..။
သူမတို့နှစ်ယောက် အေးလွန်းတဲ့ဆောင်းရာသီမှာ တယောက်နှင့်တယောက် နွေးထွေးမှုတွေအပြန်အလှန်ပေးခဲ့ကြဖူးတယ်။
အဲဒီအချိန်က နှင်းဆိုတာ မရှိပေမယ့် သူမတို့ရင်ထဲမှာ အေးချမ်းလွန်းလှတယ်..။
ဆောင်းနဲ့ဒီဇင်ဘာ.. ဒီဇင်ဘာနဲ့နှင်း.. ပြီးတော့ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်း..
ဘယ်တော့မှ မမေ့နိုင်တဲ့ ဒဏ္ဍာရီမဟုတ်တဲ့ Memory တခုပါပဲ။
............................................................................
ဘာလိုလိုနဲ့ Christmas ရောက်ဖို့ (၂)ရက်သာ လိုတော့သည်။
ကျမအတွက် စိတ်လှုပ်ရှားမှုတစုံတရာမရှိသော Christmas လို့ပြောလျှင် ဘယ်သူယုံကြမည်လဲ။
စားသောက်ဆိုင်တွင် အလုပ်လုပ်ရသော ကျမအဖို့ Christmas Eve ၊ Christmas ၊ New Year Eve ကဲ့သို့သော နေ့ထူးများတွင် ပို၍အလုပ်လုပ်ရသည်။
ထို့အတွက် ဒီဇင်ဘာနှင့် ပတ်သက်သော နေ့ထူးများသည် ကျမအဖို့ ပို၍ တာဝန်ကြီးသည်။
ထို့နေ့မရောက်မီ (၁)လအလိုကတည်းက ဆိုင်တဆိုင်လုံးကို Christmas Decorationများဖြင့်အလှဆင်ရသည်။
ထိုနေ့အတွက် အထူးဟင်းပွဲများကိုစီစဉ်ရန် စားဖိုမှူးများနှင့် တိုင်ပင်ရသည်။ အစမ်းချက်ထားသော ဟင်းပွဲများကို သက်ဆိုင်သူ မန်နေဂျာများကို ပြသပြီး ဆုံးဖြတ်ချက်ကိုရယူရသည်။
သူငယ်ချင်းများ၊ ဆိုင်ကို လာနေကျ ဧည့်သည်(ဖောက်သည်)များထံသို့ Christmas Card များကို (၁)ပတ်ကြိုတင်၍ ပို့ပေးရသည်။
ဆိုင်မှဝန်ထမ်းများအတွက် အသေးစားလက်ဆောင်များကို စီစဉ်ရသည်။
Christmas ပြီး၍ New Year နေ့မရောက်ခင် ဒီဇင်ဘာ(၃၁)ရက်နေ့ညမှာတော့ နှစ်သစ်ကို ကူးပြောင်းမည့် ည(၁၂)နာရီကို လူတိုင်းလိုလို မိမိတို့၏ မိသားစုများနှင့်အတူတကွ ဖြတ်သန်းကြသည်။
ကျမကတော့ ထုံးစံအတိုင်း ဧည့်သည်များကြား၊ အလုပ်များစွာကြားတွင် အချိန်ကုန်ရင်း ဖြတ်သန်းခဲ့ရသည်ချည်းပင်။
ထိုနေ့ဆိုလျှင် ဆိုင်တွင် လူကျသည်သာမက ဧည့်သည်များက ည(၁၂)နာရီကို ညစာ စားရင်း ဖြတ်ကျော်ကြသည့်အတွက် အလုပ်ပြန်ချိန်နောက်ကျသည်။
ည(၁၂)နာရီ မထိုးခင် မိနစ်ပိုင်းအလိုတွင် (၁၂)နာရီထိုးချိန်တွင် ပုံမှန်ဖွင့်ပေးထားသော တီးလုံးကို နှစ်သစ်ကိုကြိုဆိုသည့် တီးလုံးအဖြစ်သို့ ပြောင်းရန် စီစဉ်ခြင်း၊ အသံနှင့်တကွ ရောင်စုံစက္ကူလေးများ ပြန့်ကြဲဖွာကျသည့် ဗျောက်အိုးကဲ့သို့သော(အန္တရာယ်မရှိသည့်) ပစ္စည်းတခုစီကိုဝန်ထမ်းများအား အသီးသီးပေးထားပြီး ည(၁၂)နာရီထိုးချိန်တွင် ဝန်ထမ်းများမှ ဧည့်သည်များကြား တပြိုင်နက်ထဲ ဖောက်ခွဲပေးကြရန် မှာကြားခြင်း။
ရှန်ပိန်များကို ဖန်ခွက်များတွင်းထည့်ပြီး ည(၁၂)နာရီ ထိုးသည်နှင့် ဧည့်သည်များအား ရှန်ပိန်တခွက်စီဖြင့် နှုတ်ဆက်ရသည်မှာ ကျမ၏အလုပ်။
အလုပ်ပြီး၍ ကျမ၏ အခန်းသို့ပြန်ရောက်ချိန်တွင်တော့ တကမ္ဘာလုံးမှ လူများ နှစ်သစ်ကိုကြိုဆိုပြီး၍ အိပ်မောကျချိန်သို့ ရောက်ရှိခဲ့လေပြီ။
အဲဒီလိုနဲ့ပင် Christmasနေ့နှင့် New Year နေ့များကို ဖြတ်ကျော်လာခဲ့သည်မှာ (၇)နှစ်ကျော်၍ (၈)နှစ်ထဲသို့ပင်ရောက်ရှိလာခဲ့ပြီပေါ့။
ကျမ မျှော်လင့်ပါသည်..
တနေ့နေ့ တချိန်ချိန်တွင် ဤကဲ့သို့သော Christmas နေ့၊ New Year Eveနေ့များကို ကျမ၏ ချစ်သူနှင့်အတူ၊ ထိုမှတဆင့်တက်၍ ကျမတောင်းတခဲ့ရသော၊ ကျမ မရခဲ့ဖူးသော ကျမ၏ ကိုယ်ပိုင်မိသားစုလေးနှင့်အတူ ဖြတ်ကျော်ခွင့်တော့ ရချင်ပါသေးသည်။
ဤပို့စ်လေးကို ရေးဖြစ်ရန် တဂ်ပေးသော ညီမလေးရို့စ်နှင့်အတူ စာဖတ်သူ သူငယ်ချင်းများအားလုံး Christmas နှင့် New Year နေ့များကို မိသားစုများနှင့်သော်၎င်း၊ ချစ်သောသူငယ်ချင်းများနှင့်သော်၎င်း ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပါစေကြောင်း ဆုတောင်းပေးရင်း နှစ်သစ်ကို ကြိုဆိုလိုက်ရအောင်လားရှင်..။
မှတ်ချက်။ ။ ဤတဂ်ပို့စ်ကို ကျမ၏သူငယ်ချင်းများဖြစ်ကြသော သက်တန့်ချို၊ ကိုလင်းဦး(စိတ်ပညာ)၊ကိုမြစ်ကျိုးအင်း၊ ညလင်းအိမ်၊ အလင်းသစ်၊ မောင်(စွယ်စုံကြမ်း)၊ ကိုဘကြိုင်(ချဉ်ပေါင်ခြံ)၊ ကိုဇော်၊ ဗညားရှိန်၊ နေဝသန်၊ ကိုကိုးအိမ်၊ မကိ(KIKI)၊ မမခြင်၊မဝါဝါခိုင်မင်း၊ သဒ္ဓါလှိုင်း၊ မ အနမ်း၊ ခိုင်နုငယ်၊ မဝင်းမင်းတို့ကို ဆက်ပြီးတဂ်ပါတယ်၊ မေးခွန်းလေးကတော့...
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။.....................တဲ့
25 comments:
ပျော်ရွှင် စရာ ခရစ်စမတ်ပါ
မမမျှော်လင့်နေတဲ့ ရင်ထဲက့  ခရစ်စမတ်အချိန်လေးတွေ အမြန်ဆုံး ရောက်ရှိပါစေလို့ ဆန္ဒပြုရင်း ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေမမရေ..
May all of your wishes come true, sis. I really love to read your writing and your work experiences. Be happy and fighting!! :D Have a wonderful 2012!
Merry Christmas & Happy New Year !!!
ရင်ထဲကဆန္ဒတွေ ပြည့်ဝပါစေ နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မျှော်လင့်ထားတဲ့နေ့တွေ အမြန်ဆုံးရောက်လာပါစေ အလှနတ်ဘုရားမရေး)
တောင်းတခဲ့ဖူးသလိုအရာအားလုံးပြည်ွှဝပါစေလို့
Merry Christmas & Happy New Yearပါရှင်
နတ်သမီးလေးရေ
စိတ်ကူးတွေအားလုံးအကောင်အထည်ဖြစ်ပါစေတော့လို့
Merry Christmas & Happy New Year ပါဗျာ
Merry Christmas & Happy New Year par .း))
မနတ်သမီး မျှော်လင့်ထားတဲ့ နေ့ရက်တွေ
အမြန်ဆုံး ရောက်လာနိုင်ပါစေ ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
လာရောက်အားပေးသွားပါတယ်ဗျာ..အချိန်မရပဲ စာတွေရေးနိုင်တာကိုလဲ ချီးကျူးပါတယ်ဗျာ..
Merry Christmas & Happy New Year
စိတ်ကူးတွေလဲ စိတ်ထဲကအတိုင်းဖြစ်ပါစေနော်
ပျော်ရွှင်ပါစေ....
ပျော်ရွှင်သောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။
မရေ..
ပျော်ရွှင်စရာခရစ်စမတ်လေးဖြစ်ပါစေရှင်..
Merry X-mas & Happy New Year to မမအဖြူရောင် နတ်သမီး !
ဟုတ် ရေးပါ့မယ်မမနတ်သမီး ခုညနေဆိုတော့
နောက်တော့ကျနေပီပေါ့နော..ရေးလိုက်မယ်
Marry Christmas ပါ ချစ်နတ်သမီးလေး...အာဘွားးး
နတ်သမီးရဲ့ ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်
Merry Christmas Happy New Year ပါနော်။
Christmas present တွေ အများကြီးရပါစေလို့
ဒို့ မကြီးနော်...ပြောရတော်တော်ခက်..စွယ်စုံကျမ်းကို ရေနွေး ကြမ်းနဲ့ ကြမ်းထားပါလား ဟွင်းဟွင်း..ရပင့်မသတ် ကျမ်းနော်...အကြမ်းခံ
ချင်ပီထင်တာပ.....ေိေိေိ
design ပြောင်းထားတာ လှတယ်။ စာကြွေးဆပ်ဘို့ စဉ်းစားရင်း လာချောင်းတာ...:)..
တက်ဂ်ပိုစ့်လေး လာဖတ်သွားပါတယ် မမ..
လင့်ခ်လေးယူသွားပါရစေနော်.. မမချောပုံက ကျက်သရေရှိပြီး ရင့်ကျက်တဲ့ပုံနော်.. ဓာတ်ပုံ Slide show လေးလည်း ကြည့်သွားတယ် :D
X-mas မှာ အိပ်ပုတ်ကြီးနေတုန်းလား အစ်ကို ကလိုရီရေ :P
တက်ဂ်ပို့စ်ကို ခံစားဖတ်ရှုသွားပါတယ်ညီမငယ်။
ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ ....(သီချင်းစာသား)း)း)
နှစ်ကူးမယ့်ရက်ပိုင်းအလိုမှာဖြစ်ဖြစ်တင်နိုင်မယ်ထင်တယ်ဗျာ တဂ်ပို့စ်ရေးပါ့မယ်
မမေ့မလျော့ပဲ တဂ်တဲ့အတွက် ဝမ်းသာပါတယ် (ဂစ် ..ဂစ်)
း)
ပျော်ရွှင်စေ...အစ်မချောချောရေ...း)
၂၀၁၂ ရောက်တော့မယ်နော်း)
အိမ်သစ်က လှလှချေလား...ဒီလောက်တောင် အချိန်ယူပြီးဆောက်မှတော့ လှပြီပေါ့...ဟုတ်လား...
ပျော်ရွှင်ချမ်းမြေ့သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျား...
Happy New Year !!!!
Happy New Year !!!!
Post a Comment