ကျမ... ကြွေကျသွားခဲ့တယ်
အနီရောင်ဝိုင်ထက်ပြင်း
မသိခြင်း မရှိခြင်းတွေကြားက
မထိတထိ ကြင်နာခြင်းတွေအောက်
ကျမ.. ဒူးထောက် ခစားခဲ့တဲ့ည
သူ့ရဲ့ဂီတရင်ခွင်ထက်
မှေးစက်အိပ်ပျော်
စိတ်မှော်ပင်အောက်
အသိစိတ်တွေ အလင်းပျောက်ခဲ့တုန်းက
မှော်ဆရာအိပ်မက်ပေး
ခပ်ရေးရေးပုံဖော်
မယုံသော်ခက်ခက်
စွဲလန်းမိတဲ့ ဒီအိပ်မက်
ကြင်နာသယောင် သူအရောင်ဆောင်ပြတဲ့
ရောင်စုံအကြင်နာ...ည
ရင်မှာသိပ်လှခဲ့တယ်...။
17 comments:
လှလိုက်တဲ့ကဗျာ မမရာ
ရေးတတ်သူများ ဘယ်လိုေ၇းရေးကောင်းနေတာပဲ
အားကျလိုက်တာ
အစ်မ ဖြူရေ တဂ်ထားတယ်ဗျို့ ဖြေပေးပါဦး နတ်မသီး အဲလေ နတ်သမီး မွမွ ရေ အောက်မှာ လင့် ပေးထားတယ်
http://www.thettantcho.com/2012/02/blog-post_29.html
မောင်ငယ်
သက်တန့်ချို
မ..အဖြူရောင်နတ်သမီးတော့ ခုတစ်လော ရင်ဘတ်ထဲက
ကဗျာလှလှလေးတွေ ခဏခဏ အန်ကျနေတော့ တာပဲ..
ဟေမာနေ၀င်းရဲ့ မှော်ဆရာ သီချင်းတောင်ပြေးမြင်မိတယ်..။
စာသားလေးတွေလှတယ်
ကဗျာတွေကိုချစ်တယ်
ခုကဗျာရေးတဲ့သူကိုလဲချစ်တယ်
jasmine
သြော် အချစ်အချစ်
အချစ်ဆိုတာ ကဗျာတွေပေါက်ဖွားရှင်သန်စေတဲ့ အရာပါလားနော်
မောင်ဘကြိုင်
ကဗျာလေး လှလိုက်တာ ...
ခင်တဲ့
မြတ်
ကဗျာအလန်းစားတွေရေးတတ်လို့ အားကျတယ်း))
ကဗျာခေါင်းစဉ်လေးဖတ်ပြီး ထူးအိမ်သင်သီချင်းလေးတောင် ဆိုချင်စိတ်ပေါက်သွားတယ်။။။
အမ
ကဗျာလေး
အရမ်းကောင်းတယ်
ရင်ထဲကိုတခါထဲ
ရောက်သွားတာဘဲ..
ပစ်ပစ်
လှလိုက်တဲ့ ကဗျာ..ဒါပေမယ့် မမကိုတော့ မမှီပါဘူးလေ...:):)
မှော်ဆရာတစ်ယောက်သာ ရအောင်ရှာထား..သူငယ်ချင်းတို့ရေ
ကဗျာတွေ ဝေါကနဲ ဝေါကနဲထွက်ကျလာလိမ့်မယ်..
နတ်သမီးဖန်ဆင်းတဲ့ကဗျာမဟုတ်ဘူး..
မှော်ဆရာဖန်ဆင်းထားတဲ့ ကဗျာတွေလေ..:))
လှပပြီးပြည့်စုံတဲ့ ကဗျာလေးကို ဖတ်ပြီး လင့်ပါ ယူသွားပါတယ် အစ်မ...
ထူးအိမ်သင် ရဲ့  သူရင်ဘတ်နဲ့ ရေးတဲ့ အခွေ အမည် ကို အမှတ်ရစေပါတယ် ...နတ်မိမယ် ဆိုတာကို အစွဲလမ်းဆုံး လေ...
ထူးအိမ်သင်နှလုံးသွေးစီးဆင်းရာ မှော်ဆရာ အိမ်မက် ထဲ က နတ်မိမယ် ရယ် အမေ့အိမ် ကရထားသံရယ် အမှတ်ရမိပါတယ်
ခေါင်းစဉ်က အပေါ်ကတစ်ယောက်ပြောသလို ကိုငှက်ရဲ့ ဒုတိယ သီချင်းခွေ ခေါင်းစဉ်နဲ့တူနေပါတယ် ညီမငယ်။ အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ဂီတနဲ့ ဖျော်ဖြေသွားလေသလား။
အရာရာကို ဖန်ဆင်းနိုင်စွမ်းတဲ့ မှော်ဆရာတစ်ယောက်ရဲ့ အိပ်မက်ဟာ ဘယ်လောက်များ ဆန်းပြားမှုတွေနဲ့ အတိပြီးလိမ့်မလဲ..
မှော်ဆရာဟာ အိပ်မက်ရဲ့ စေစားခံလား..
အိပ်မက်သည်ပင် မှော်ဆရာရဲ့ ၀ိဥာဉ်လေလား..
ပုဂ္ဂလခံစားချက်ကတော့..
နှလုံးသားတွေကို
ခွင့်ပြုချက်မယူဘဲ ပိုင်နင်းကျူးကျော်ဝံ့သည့်တိုင်.. သူ့ခြေရာတွေကို ကျေနပ်စွာသိမ်းဆည်းထားစေခဲ့တဲ့..
အကိုငှက်ဟာ..
ကျွန်တော့်အတွက်..
တကယ့် မှော်ဆရာတစ်ယောက်ပါ...
အဖြူရောင်နတ်သမီးရဲ့..
လှလွန်းတဲ့ကဗျာလေးကို နူးနူးညံ့ညံ့ခံစားရင်း..
အကိုငှက်(ထူးအိမ်သင်)ကို သတိရမိလို့ပါ..
Post a Comment