“ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် ” ဆိုပြီး ဘလော့ဂ်ကာများ၏ သဘောထားတချို့ကိုစာရေးဆရာ၊ ကဗျာဆရာ၊ ဒေါက်တာ သက်တန့်ချိုက တဂ်ပို့စ်အဖြစ် ရေးပေးဖို့ ဖိတ်ခေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံက ဖုန်းများအကြောင်း၊ ဈေးနှုန်းများအကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတွေကို အတိအကျမသိတဲ့ကျမအဖို့ ဒီလိုပို့စ်မျိုးကို တာဝန်ယူရေးပေးဖို့ အခက်အခဲ အနည်းငယ်ရှိတဲ့အတွက် ကျမနေထိုင်ရာ ဆိုက်ပရပ်စ်( Cyprus)နိုင်ငံက Sim Card အကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြပါရစေ။
ဆိုက်ပရပ်စ်နိုင်ငံမှာ အသုံးပြုတဲ့ Sim Card များကို Soeasy , MTN နှင့် Prime tel ဆိုတဲ့ ကုမ္ပဏီ(၃)ခုမှ ထုတ်လုပ်ပါတယ်။
အဲဒီထဲကမှ အသုံးအများဆုံး ကုမ္ပဏီကတော့ Soeasy ကုမ္ပဏီပဲဖြစ်ပါတယ်။
Soeasy Sim Card များကို Cyta Mobile Card နှင့် Vodafom Card ဆိုပြီး (၂)မျိုးခွဲခြားထားပါတယ်။
Cyta mobile Card သုံးစွဲသူများဟာ Sim Card တစ်ခုအတွက် (၁၅)ယူရိုဖြင့် မည်သည့် စတိုးဆိုင်တွင်မဆို မိမိတို့ကြိုက်နှစ်သက်ရာ မှတ်မိလွယ်သော ဂဏန်း(၈)လုံးပါ ဖုန်းနံပါတ်ကိုရွေးယူပြီး လွတ်လပ်စွာ ဝယ်ယူနိုင်ကြပါတယ်။
ထိုSim Card ကို မိမိတို့ဖုန်းတွင်ထည့်ပြီး ကဒ်မှာပါတဲ့ ဂဏန်းများကို ရိုက်နှိပ်ပြီး Cyta Mobile ဌါနကို Message ပို့ရပါတယ်။
အဲဒါကလည်း မခက်ပါဘူး၊ Sim Card ကို ဝယ်ယူတဲ့အခါ အသုံးပြုပုံကိုပါ လမ်းညွှန်ပေးထားတဲ့
အတွက် စာဖတ်ပြီး လိုက်လုပ်ယုံပါပဲ။
အဲဒီလို Message ပို့ပြီး ၁၀မိနစ်ခန့်အကြာမှာ Cyta Mobile ဌါနမှ အလိုအလျှောက်မှတ်ပုံတင်ပြီး Reply Message တစ်ခုကိုပြန်ပို့ပါတယ်။
ဒီအဆင့်ဟာ ဖုန်းကဒ်ဝယ်ယူသူအတွက် ကိုယ်ပိုင်ဖုန်းနံပါတ်တစ်ခု ပိုင်ဆိုင်သွားတဲ့အဆင့်ပါ၊ ဒုတိယအဆင့်ကတော့ အဲဒီဖုန်းနံပါတ်ကို အသုံးပြုဖို့ ဖုန်းထဲကို ပိုက်ဆံထည့်ဖို့လိုပါပြီ။ အဲဒီအတွက် ကုမ္ပဏီမှရောင်းချတဲ့ ၅ယူရို၊ ၁၀ယူရို၊ ၂၀ယူရို၊ ၃၅ယူရို အစရှိတဲ့ ပိုက်ဆံကဒ်များကို ဝယ်ရပါတယ်။
အဲဒီလို ဝယ်ယူရာမှာလဲ Soeasy ကုမ္ပဏီရဲ့ လက်ဆောင်အဖြစ် တန်ဖိုးအများဆုံးကဒ်ဖြစ်သော ယူရို ၂၀တန်အတွက် ၂ယူရိုအလကားသုံးခွင့်၊ ၃၅ယူရိုကဒ်အတွက် ၆ယူရိုအလကားသုံးခွင့် ထပ်စောင်းပေးထားပါတယ်။
သုံးစွဲပုံကလည်း လွယ်ပါတယ်၊ အဲဒီကဒ်များရဲ့အနောက်ဖက်မှာ ခဲပတ်နဲ့အုပ်ထားတဲ့ လျှို့ဝှက်ဂဏန်း(၁၆)လုံးကို
မိမိတို့ရဲ့ဖုန်းထဲကို ရိုက်ထည့်ကာ ပိုက်ဆံကုန်တဲ့အထိ သုံးစွဲနိုင်ပြီး ပိုက်ဆံကုန်သွားပါက မိမိတို့အဆင်ပြေရာ ၅ယူရို၊ ၁၀ယူရို၊ ၂၀ယူရို၊၃၅ယူရိုကဒ်များကို အဆင်ပြေသလို ထပ်မံဖြည့်စွက် သုံးစွဲနိုင်တဲ့ အမျိုးအစားပါ။
မြန်မာပြည်က FEC၂၀တန် ကဒ်တွေကတော့ တစ်ခါကုန်သွားလို့ နောက်တစ်ကဒ်ဝယ်တဲ့အခါ ဖုန်းနံပါတ်ပါ ပြောင်းသွားတဲ့အတွက် ဆက်သွယ်မှုပိုင်းမှာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံက ဖုန်းကဒ်တွေကတော့ ၁၅ယူရိုနှုန်း (မြန်မာငွေ၂သောင်းခန့်)နဲ့ဝယ်ယူပြီး နံပါတ်မပြောင်းပဲ ငွေထည့်သုံးစွဲသွားယုံပါပဲ။
တစ်ကယ်တော့ ၁၅ယူရိုတောင်မကျပါဘူး၊ Sim Card တစ်ခုကို ဝယ်တဲ့အခါ ကုမ္ပဏီက ဝယ်ယူသူတွေ အသင့်သုံးစွဲနိုင်ရန် ၅ယူရိုကို အလကားသုံးစွဲခွင့် ပေးပြီးသားမို့ ဖုန်းကဒ်တစ်ခုရဲ့ တန်ဖိုးဟာ ၁၀ယူရို(မြန်မာငွေ ၁သောင်းကျော်)မျှသာကျပါတယ်။
နံပါတ်ပြောင်းလဲဖို့မလိုတဲ့အတွက် ဆက်သွယ်ရေးပိုင်းမှာလဲ အဆင်ပြေပါတယ်၊
နောက်တစ်ခုက အဲဒီဖုန်းကဒ်ကို တစ်ချို့သောနိုင်ငံတွေမှာ သုံးစွဲလို့ရပါတယ်။
Vodafom Card ဆိုတာကတော့ တစ်လပြည့်တဲ့အခါ မိမိသုံးစွဲထားတဲ့ ကုန်ကျငွေကို Bill နဲ့ရှင်းရတဲ့ မြန်မာပြည်က ဖုန်းတွေလို အခွန်ဆောင်ရတဲ့စံနစ်ပါ။
အဲဒီစံနစ်ကို အသုံးပြုတဲ့သူတွေကတော့ ဆီပရီယိုနိုင်ငံသား လုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်။
ကျမတို့လို ဆိုက်ပရပ်စ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားများ၊ ဆိုက်ပရပ်စ်နိုင်ငံမှ လူငယ်ကျောင်းသား/ကျောင်းသူများကတော့ ငွေကုန်ရင် ငွေထပ်ဖြည့်ရတဲ့ Cyta Mobile Card ကိုပဲ အသုံးပြုကြပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှ Sim Cardများကို ဆူပါမားကက်များ၊ စတိုးဆိုင်များ အစရှိသည့် မည်သည့်နေရာတွင်မဆို လွယ်ကူစွာဝယ်ယူနိုင်ခြင်း၊ လူတန်းစားမရွေး ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ခြင်းတို့ကြောင့် လူကြီးရော ကလေးများပါမကျန် ဖုန်းများကို အသုံးပြုကြသော ဒေသခံလူဦးရေ(၇၀၀၀၀)နှင့်ဖွဲ့စည်းထားသော ကျွန်းနိုင်ငံလေးမှ အားကျဖွယ် Sim Card များအကြောင်းကို တင်ပြရင်း သက်တန့်ချိုမေးထားသော မေးခွန်းတစ်ချို့ကို ဖြေကြားပေးလိုက်ပါတယ်။
(မေး)၁။ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
(ဖြေ)၁။လွန်ခဲ့တဲ့(၅)နှစ်က အမှန်တစ်ကယ်ကို ၂၅သိန်းပေးပြီး ဝယ်ခဲ့ရတဲ့အတွက် (၁၀)သိန်းတန်ဖုန်း၊ (၅)သိန်းတန်ဖုန်းတွေပေါ်လာတဲ
ကျမ အနေနဲ့ ဖုန်းတစ်လုံးကို သုံးစွဲမှုအပေါ်မှာ ဖုန်းရဲ့တန်ဖိုးထက်ထိုဖုန်း
(ဖြေ)၂။မြန်မာပြည်နှင့် တခြားသော ဆင်းရဲနိုင်ငံများမှာ ဟန်းဖုန်းကို လူတိုင်း မကိုင်ဆောင်နိုင်ကြပါဘူး၊ချမ်းသာတဲ့ နိုင်ငံများ၊ တိုးတက်တဲ့နိုင်ငံများမှာတေ
သူတို့အတွက် ဒါဟာ အဆန်းမဟုတ်တော့ပါဘူး။
မြန်မာပြည်မှာကတော့ ဟန်းဖုန်းကိုင်ဆောင်ထားတဲ့ သူတွေဆိုရင် လူအထင်ကြီးခံရပါတယ်။
အဲဒါဟာ ဘာကြောင့်လဲ?
ဖုန်းရဲ့ (၂၅)သိန်းဆိုတဲ့ တန်ဖိုးကြောင့်ပါပဲ။
“မြန်မာပြည်မှာ ဟန်းဖုန်းကို လူတန်းစားတစ်ရပ်သာလျှင် ကိုင်ဆောင်နိုင်ရမည်”ဆိုတဲ့
အဲဒီအယူအဆဟာ သိပ်ကိုမှားပါတယ်။
ကျမအမြင်ကတော့“ ဖုန်း”ဆိုတာ ဆက်သွယ်ဖို့ပါ၊ ဖုန်းတစ်လုံးရှိယုံနဲ့ အချိန်တိုအတွင်းမှာ အလုပ်ပေါင်းများစွာ၊ နိုင်ငံနဲ့ချီတဲ့ သတင်းများစွာကို အချိန်တိုအတွင်းမှာ သိရှိနိုင်ပါတယ်။
အချိန်ကုန်၊ လူပင်ပမ်းသက်သာပါတယ်။
“ဖုန်း”တစ်လုံးရဲ့အသုံးဝင်မ
အဲဒီအတွက် မြန်မာပြည်သူတွေမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများကို တီရှပ်များပေါ်စတေကာကပ်တောင်းဆိုခြင်းများဟာလည်း တောင်းဆိုသင့်တဲ့အခွင့်အရေးတစ်ခုလို့ မြင်ပါတယ်။
(ဖြေ)၃။လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ တောင်းဆိုသင့်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။
သို့သော် ဖုန်းတစ်လုံး(၅၀၀၀)ကျပ်ဖြစ်ရေးထက် ပိုပြီးအရေးကြီးတဲ့တောင်းဆိုချက်တွေ အများကြီးရှိနေပါသေးတယ်ဆိုတာကို သတိပေးပါရစေ။
(မေး)၄ ။ ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
(ဖြေ)၄။ ကြိုဆိုပါတယ်။
၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
၅။ဟန်းဖုန်းတစ်လုံးကို ငွေအနည်းငယ်မျှဖြင့် ဝယ်ယူသုံးစွဲနိုင်ကြမယ်ဆိုရ
(၅၀၀၀)တန်ဖုန်းကို တစ်ကယ်ထုတ်မယ်ဆိုရင် ထုတ်လို့ရပါတယ်၊
(၅)သိန်းတန်ဖုန်းတောင်ထွက်ေ
မြန်မာပြည်နဲ့ပတ်သက်လို့ မည်သည့်ကိစ္စမဆို တိုးတက်ဖို့ဆိုရင် ထောက်ခံမဲတစ်မဲ အသင့်ကိုင်ဆောင်ထားပါကြောင်
Dear Angel.....(23)
18 hours ago
10 comments:
မမရဲ့ အမြင်လေးလာဖတ်သွားပါတယ်ရှင့်
မမရေ အိမ်မှာကွန်မကောင်းလို့ဘလော့တွေကိုအလုပ်တက်မှဖတ်နိုင်လို့ ခုမှလာရပါတယ်
အသေးစိတ်ရေးထားတဲ့မမရဲ့ အမြင်လေးကိုတလေးတစားဖတ်သွားပါတယ် .
အားလုံးရဲ့ဆန္ဒတွေအမြန်ပြည့်ကြပါစေ
ချစ်တဲ့
ဒိုးကန်
မဆိုးဘူး မိုက်တယ်း)
အခုလို တဂ်ပို့စ်လေးကို မအားတဲ့ကြားကနေပြန်ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ် နတ်နတ်ရေး)))
ယုံကြည်ချက်တွေကြောင့် မုချ အောင်မြင်လာကြမှာပါ ။
ဖိုက်တင်းးးးး
နတ်နတ် အကိုတော်
သက်တန့်ချို
နတ်နတ်ရေ
အတွေးလေးတွေဖတ်ခဲ့ပြီနော်
ချစ်တဲ့ sis jasmine
မှတ်သားလောက်တဲ့ စာလေးတွေပါ..ဖတ်သွားပါ၏
၅ ထောင်တန် ဆင်းမ်ကဒ်တွေ ပေါ်လာရင်တော့ လက်ကိုင်ဖုန်းကို အရွားကြီးကိုင်ပစ်မယ်.. ဟီးးးး။။။
ဆိုက်ပရပ်စ်ရဲ့ ဖုန်းစနစ်လည်း မဆိုးဘူး မိုက်တယ်နော်..
တို့မြန်မာလည်း အဲလိုဖြစ်လာဖို့ လိုသေးတယ်
ဖြစ်သင့်ပါပြီ
လူတိုင်းဖုန်းကိုင်နိုင်စေချင်သည်။:)
တဂ်ပို့ စ်လေး လာဖတ်သွားတယ် နတ်နတ်ရေ..ဆိုက်ပရစ်၊ စင်္ကာပူ၊ စတိတ်က ဖုန်းစနစ်တွေက တူတယ်..မတူတာက မြန်မာပြည်
Post a Comment