အခုနောက်ပိုင်း လူတွေဟာ ဘာဖြစ်လာလဲဆိုတော့
ဖူးစာထက် နီးရာလူကို လက်ထပ်ကြတယ်။
သူတို့မှာ နှဖူးစာရွာလည်ဖို့ အချိန်မပေးနိုင်ကြဘူး။
အခြေနေမပေးဘူး။
မိုးလင်းက မိုးချုပ်တဲ့အထိ စားဖို့ရှာနေရတာ၊
အဲဒီတော့ အသက်အရွယ်အရ အိမ်ထောင်ပြုတဲ့အခါ အချစ်ထက်၊
နှဖူးစာထက် သင့်တော်မယ်ထင်တဲ့ မိမိတို့ရဲ့ပတ်ဝန်းကျင်ကလူ၊
အလုပ်ထဲကလူ၊ အနီးနားက လူကို လက်ထပ်လိုက်ကြတယ်။
အချစ်စစ်ဆိုတာ နောက်ပိုင်းလူတွေမသိတော့ဘူး
ရှာလည်းမရှာတော့ဘူး
စားဝတ်နေရေးက အဓိကဖြစ်နေပြီ။
“အချစ် လက်စ်ဒန်း စားဝတ်နေရေး”
တစ်နည်းအားဖြင့်...
အချစ်<စားဝတ်နေရေး... ပေါ့.....
Dear Angel.....(23)
18 hours ago
8 comments:
ဟုတ်ဗျို့ ကျုပ်ကအဲဒီလိုပါဆိုတော့ ကလေးလေးတွေဘယ်လိုမွေးလဲမေးကြတယ်။အဲဒါအဖြေရှိရင် ပေးပါအုံး။ကျုပ်အသက် ၂၈ နှစ်မှာ အိမ်ထောင်ပြုမှဖြစ်မယ်ဆိုတာသိလာလို့ မင်းကိုချစ်တယ်ပြောမှ ပြည့်စုံမယ်ဆိုရင် ချစ်ပါတယ်လို့ တစ်ခွန်းပဲပြောခဲ့တာပါ။သူလဲအဲဒါ စိတ်ဝင်စားပုံမပေါ်ပါဘူး။ကိုယ်လဲစိတ်ထဲကမပါဘူးကိုး။နောက်သမီးကြီး ၅ နှစ်အရွယ်လောက် အဝေးကနေဖုန်းနဲ့လှမ်းပြောတော့သူက ဟားတယ်။ကျုပ်လဲမင်းအဲဒါပြောတာ သူများတွေချစ်ချတယ်ချစ်တယ်ဆိုတော့ ဟုတ်မလားလို့ နောက်မပြောတော့ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ဒီနေ့ထိ အိမ်ထောင်ရေးမှာ စားလေး ၃-၄ ရက်လောက်မပြေကြတာကလွဲရင်အားလုံးအဆင်ပြေပါတယ်။
ဟီး မမပြောသလိုဖြစ်နေကြပြီထင်တယ်
လမင်းချစ်သူလည်းအဲလိုလုပ်သွားရင် ဗုဒ္ဓေါ
အချစ်စစ်စစ်ကို ရူးမိုက်စွာရှာဖွေသူတွေကြတော့လဲ လက်မထပ်ဖြစ်တော့ဘူး ဆိုပါစို့...း)
အမရယ်..
ရေးထားတာလေးဖတ်ပြီး..
စိတ်ထဲဘယ်လိုဖြစ်မှန်းတောင်
မသိတော့ပါဘူးလေ...
အချစ်အတွက် အချိန်ဆိုတာ
မပေးနိုင်ကြတော့လို့ထင်ပါရဲ့လေ
အင်း----ဟုတ်သလိုလိုပဲနော်
နတ်နတ်တစ်ယောက်
နှဖူးစာထက် သင့်တော်မယ်ထင်တဲ့ မိမိတို့ရဲ့ပတ်ဝန်းကျင်ကလူကိုရှာပြီးပြီထင်ပါရဲ့
ဖူးစာခေတ်ကျော်လွန်ပီး ဦးရာခေတ်ကို
ချီတက်နေကြတဲ့ခေတ်ပေကိုး..
အဖွားကြီး ဆေးမှန်မှန် မသောက်ဘူးနဲ့ တူပါတယ်နော်
ဘာတွေ ရေးနေမှန်းကိုမသိတော့ဘူး ခွီးမှပဲကွာ..
လာလည်မိတာ မှားပါတယ်...
အဲဒီလိုတကယ်ဖြစ်နေပြီလား။ အဲဒါကတော့ ပြည်ပတွေမှာမှန်နေမလားပဲ။ မြန်မာပြည်မှာတော့ နည်းမယ်ထင်ပါရဲ့
Post a Comment