“ပိတောက်”တဲ့လား
နွေအရောက်မှာ သူပွင့်တယ်...
ရွှေဝါရောင်အဆင်းနဲ့
ဝင်းသန့်သန့်သူထင်ရှား..
မြန်ပြည်တစ်လွှားမှာ
မွှေးပျံ့လို့သင်းတဲ့
အသင်.. “ပန်းပိတောက်မင်း”
ရနံ့အဆင်းနဲ့ ဂုဏ်သတင်းကြွယ်
ထည်ထည်ဝါ သူလင်းချင်းတဲ့
နွေဂိန်မှန် သင်္ကြန်ရာသီမှာ
ရွှေပြည်သူ ရွှေပြည်သားတို့
ပြုံးပျော်လို့ရေကစားတယ်..
ညစ်ကြေးရယ်တဲ့ ကုန်ကုန်စင်
ခါတော်မီ ဒီသင်္ကြန်လမှာ
ဖွားသူအတွက် ကဗျာစပ်မယ်...
လူတစ်ကာ မက်မောတဲ့
ရွှေဝါရောင်အဆင်းနဲ့
ဝင်းသန့်သန့်သူထင်ရှား..
မြန်ပြည်တစ်လွှားမှာ
မွှေးပျံ့လို့သင်းတဲ့
အသင်.. “ပန်းပိတောက်မင်း”
ရနံ့အဆင်းနဲ့ ဂုဏ်သတင်းကြွယ်
ထည်ထည်ဝါ သူလင်းချင်းတဲ့
နွေဂိန်မှန် သင်္ကြန်ရာသီမှာ
ရွှေပြည်သူ ရွှေပြည်သားတို့
ပြုံးပျော်လို့ရေကစားတယ်..
ညစ်ကြေးရယ်တဲ့ ကုန်ကုန်စင်
ခါတော်မီ ဒီသင်္ကြန်လမှာ
ဖွားသူအတွက် ကဗျာစပ်မယ်...
လူတစ်ကာ မက်မောတဲ့
ရွှေပိတောက်နဲ့ယှဉ်ကာနှိုင်း
ရွှေဘုန်းတော် တိုးစေဖို့
ရွှေအတိတ် ငွေနမိတ်ဖြိုးကာရွာစေတော့
မွေးနေ့သဘင် အခါသမယမှာ
“ပန်းပိတောက်မင်း”အတွက်
ဆုတောင်းတယ်လေး...။
ယနေ့(၁၀.၀၄.၂၀၁၂)မှာ ကျရောက်တဲ့ ကိုဇော်ရဲ့မွေးနေ့အတွက် ရေးထားတဲ့ လက်ဆောင်ကဗျာလေးပါ
ကိုဇော်အတွက် အမှတ်တရပေါ့..။
သင်္ကြန်ရာသီမှာ ကျင်းပတဲ့ မွေးနေ့ပွဲလေးမို့ သင်္ကြန်မှာကျွေးလေ့ရှိတဲ့ မြန်မာမုန့်များနဲ့ဧည့်ခံလိုက်တယ်နော်...း)







မြန်မာနှစ်ရဲ့ နှစ်သစ်ကို ကူးပြောင်းချိန် ကာလမှာ မွေးဖွားခဲ့တဲ့ ကိုဇော်တစ်ယောက် မွေးနေ့မှစလို့ ကျက်သရေရှိသော ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက်ဖြစ်ပြီး ဘာသာ သာသနာ၏ အကျိုးကို သယ်ပိုးနိုင်သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..။
HAPPY BIRTHDAY.. KO ZAW
ပုံများအားလုံးကို Google Image မှယူပါသည်။
ရွှေဘုန်းတော် တိုးစေဖို့
ရွှေအတိတ် ငွေနမိတ်ဖြိုးကာရွာစေတော့
မွေးနေ့သဘင် အခါသမယမှာ
“ပန်းပိတောက်မင်း”အတွက်
ဆုတောင်းတယ်လေး...။
ယနေ့(၁၀.၀၄.၂၀၁၂)မှာ ကျရောက်တဲ့ ကိုဇော်ရဲ့မွေးနေ့အတွက် ရေးထားတဲ့ လက်ဆောင်ကဗျာလေးပါ
ကိုဇော်အတွက် အမှတ်တရပေါ့..။
သင်္ကြန်ရာသီမှာ ကျင်းပတဲ့ မွေးနေ့ပွဲလေးမို့ သင်္ကြန်မှာကျွေးလေ့ရှိတဲ့ မြန်မာမုန့်များနဲ့ဧည့်ခံလိုက်တယ်နော်...း)









HAPPY BIRTHDAY.. KO ZAW
ပုံများအားလုံးကို Google Image မှယူပါသည်။
6 comments:
မင်္ဂလာရှိတဲ့မွေးနေ့မှသည် သက်ရာကျော်ရှည်ပြီး
မိန်းမမြန်မြန်ရပါစေဗျာ
း))
ကိုဇော်အတွက်အထူးဆုတောင်းခဲ့ပါတယ်း)
မောင်ဘကြိုင်
မွေးနေ့ ရှင် ကိုဇော်ကို happy birthday ပါလို့ ... ကဗျာလေး ဖတ်ရင်း မုန့် တွေကို သရေယိုသွားပါတယ်ဗျာ...
ဟက်ပီးဘတ်ဒေး ကိုဇော်...
ညီမငယ်....ကဗျာကိုခံစားနေတုန်းမှာပဲ အောက်ကမြန်မာမုန့်တွေမြင်လိုက်တော့ ကဗျာကို ခံစားနေတဲ့စိတ်တွေကနေဗိုက်ဆာတဲ့စိတ်ကိုပြောင်းသွား တယ်။ မွေးနေ့ရှင်ကို ဆုတောင်းပေးတာကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုမနောက်ကြေးနော်။ ကဗျာနဲ့ မုန့်တွေကို သတ်သတ်စီတင်ပါလား။ ပိတောက်ကသတ်သတ်၊ မုန့်ကသတ်သတ် ခံစားလို့ရတာပေါ့။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကိုဇော်.။
မွေးနေ့ဧည့်ခံပေးတဲ့ နမ်းလည်း ကျန်းမာပျော်ရွှင်ပါစေ.။
မုန့်တွေကိုတော့...
ချစ်တဲ့
သဒ္ဓါ
ဟမ်...ဒီလူပြိုဂျီးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တစ်ရက်တည်း မွေးတာပါလား...ဒီမွေးနေ့မှသည် ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ တစ်သက်တာလုံး ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသဗျား...
Post a Comment