ပိတောက်ပွင့်တဲ့...နွေ
သစ်ရွက်ခြောက်တို့ တစ်ဖျောက်ဖျောက်ကြွေ
အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပါပဲ..
နင်ထားရစ်ခဲ့တဲ့ နွေ အတွေး
မြေ့မြေ့လေး ဆွေးတယ်..
ဧပရယ်လ်နဲ့ပိတောက်
ဒီ နွေလေက ခပ်ခြောက်ခြောက်
“အတိတ်”ဆိုပေမယ့်
ဒီရာသီ ဒီအချိန်ရောက်တိုင်း
ငယ်ထိပ်ကို တက်တက်ဆောင့်တော့
နှလုံးသားကြွေကျ
မျက်ရည်တွေက မြေခ
နွေရယ်..
မပြုစားနဲ့တော့ကွယ်...
နှလုံးသားပြက္ခဒိန်သစ်ကိုရိုက်နှိပ်
ဘဝသစ် မပြောနဲ့
အတိတ်မှာ နင့်အရိပ်တောင်မရှိစေရဘူး..
အလွမ်းတွေ “သုံည” ကြွင်းဖို့
နွေကို နွေနဲ့စား
ဆည်းကြိုနေတဲ့ လှမ်းလက်တစ်စုံကြား
ငါ ခိုဝင်နားလို့
အချစ်သစ်နဲ့ နှစ်သစ်ကိုကြိုမယ်
နွေရယ်..
ငါ နှုတ်ဆက်ခဲ့တယ်
နေရစ်တော့ကွယ်
သွားတော့မယ်....။
6 comments:
နွေအတွက်နှုတ်ဆက် ကဗျာလေး အားပေးသွားတယ် နတ်သမီးလေးရေ။ ကျန်းမာရေး လူမှုရေး စီးပွားရေး အစစအရာရာ အဆင်ပြေမဲ့ နှစ်သစ်မင်္ဂလာလေးဖြစ်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နတ်သမီးရေ
အခုထိတော့ နွေက နှုတ်ဆက်မရဘူးဖြစ်နေတယ် ပူလိုက်တာ အသက်ထွက်တော့မယ်
ချစ်အမကြီး
ရွှေစင်ဦး
အချစ်သစ်နဲ့နှစ်သစ်ကိုကြိုမယ်တဲ့လား
နတ်နတ်ရေ
နွေကိုလဲနုတ်ဆက်ပြီး မိုးကိုမကြိုဘူးလား
ကိုငှက်ကြီးရဲ့ လွမ်းရစ်မယ့်နွေသီချင်းလေးတောင် ပြေးသတိရတယ် နတ်နတ်ရေ...
ဒါပေမယ့် ဒီမှာတော့ ပူလွန်းလောင်လွန်းလို့ နွေကို အတော့်ကို စိတ်ကုန်နေသပ...ဖြစ်နိုင်ရင် နွေမရှိဖို့တောင် ဆုတောင်းမိသေး...
အနှီနွေကို နှုတ်ဆက်ရုံတင်အားမရဘဲ မောင်းထုတ်ပစ်ရင် ကောင်းမလားလို့ စဉ်းစားမိပါသဗျား( ဦးဟန်ကြည်တို့ ကဗျာဆန်ပုံများကတော့ )
အလွမ်းတွေ သုံည ကြွမ်းဖို့
နွေကိုနွေနှင့်စား
.
.
.
နွေရယ်
ငါနှုတ်ဆက်ခဲ့တယ် .........
Post a Comment