ဒီနေ့ဆိုင်မှာ အလုပ်လုပ်နေရင်းစာရွက် မိတ္တူကူးစရာရှိလို့ ရုံးခန်းထဲကို သွားခဲ့ပါတယ်။
ရုံးခန်းထဲရောက်တော့ သူဌေးက တီဗီကြည့်နေရင်း မိတ္တူကူးနေတဲ့ကျမကို စကားလှမ်းပြောပါတယ်။
အဲဒီစကားကတော့ “ငါ အခုလေးတင်ပဲ မင်းတို့နိုင်ငံရဲ့သတင်းကိုကြည့်နေတာ”
“သတင်းထဲမှာ မင်းတို့နိုင်ငံက ၁၀ကျော်သက်တွေရဲ့ဝတ်စားဆင်ယင်မှုတွေကိုပြတယ်”ကျမလည်း မျက်လုံးအပြူးသားနဲ့ စိုးရိမ်တစ်ကြီးလှမ်းမေးလိုက်ပါတယ်
“ဟင်..ဟုတ်လား.. ဘယ်လိုပုံတွေကိုပြတာလဲ”
သူဌေး။ ။ “၁၀ကျော်သက် လူငယ်တွေ အဝတ်အစားဝတ်တာ တခြားနိုင်ငံတွေလို
ခေတ်ဆန်လာတာတွေကို ရိုက်ပြထားတာပါ”
သူဌေးရဲ့မျက်နှာကို လှမ်းပြီးအကဲခတ်လိုက်တော့ ထူးခြားမှုသိပ်ပြီးမတွေ့ရဘူး။
ကျမ စိုးရိမ်သွားတာက လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ FB ပေါ်က “သင်္ကြန်ဝတ်စားဆင်ယင်မှုကို ရှုံ့ချထားတဲ့နိုင်ငံခြားရောက်မြန်မာအမျိုးသမီး(၂)ဦး”ရဲ့ ဗွီဒီယိုတွေကိုကြည့်ထား နားထောင်ထားတဲ့ကျမ၊ သင်္ကြန်တုန်းက ပုံတွေကို သူဌေးမြင်သွားလားဆိုတာကိုပါပဲ။
ကျမကသာ စိုးရိမ်နေတာပါ၊ သူဌေးကတော့ ကျမကို မြန်မာမှန်းသိထားတာကြောင့် TVသတင်းမှာ မြန်မာပြည်အကြောင်း ပြတာကို သတင်းပေးတဲ့အနေနဲ့ ပြောယုံလောက်ပါပဲ။
သင်္ကြန်မတိုင်ခင်ကလည်း ငလျှင်လှုပ်တဲ့သတင်း၊ အင်ဒိုနီးရှားက မုန်တိုင်းသတင်းကိုလည်း သူကပဲ ပြောပြတာ။
အန်တီစုအကြောင်းဆိုလည်း သတင်းမှာ လာသမျှ သူကအကုန်ပြောပြနေကျ။
ကျမ သက်ပျင်းတစ်ချက်ချမိပါတယ်..။
ဘာကြောင့်လဲဆိုတော့ ကျမ အလုပ်လုပ်တဲ့ တရုတ်စားသောက်ဆိုင်ကြီးမှာ ကျမဟာ တရုတ်ဝတ်စုံနဲ့ မြန်မာဝတ်စုံကိုဝတ်လေ့ရှိပြီး မြန်မာပြည်ရဲ့ယဉ်ကျေးမှုအကြောင်းကို အချိန်ရရင် ရသလိုပြောပြနေကျမို့ အခု သူဌေးကြည့်မိသွားတဲ့ သတင်းထဲက “မြန်မာတွေ ခေတ်ဆန်လာပြီ” ဆိုတဲ့ ပုံရိပ်တွေဟာ ဘယ်လိုပုံတွေများမိုလို့ ဆိုက်ပရပ်စ်လို ကျွန်းနိုင်ငံလေးရဲ့TVဖန်သားပြင်ပေါ်မှာ သတင်းတစ်ခုအနေနဲ့ ပြရလောက်အောင် ဖြစ်လာသလဲဆိုတာကို တွေးနေမိပါတယ်။
ပြီးခဲ့တဲ့လက ဆိုက်ပရပ်စ်အစိုးရက တာဝန်ရှိသူတွေ မြန်မာပြည်ကို သွားကြတယ်၊ စီးပွားရေးကိစ္စတွေ ဆွေးနွေးတိုင်ပင်လာကြတယ်လို့လည်းသိရပါတယ်။
အဲဒီတုန်းက ရိုက်လာတဲ့ ဗီဒီယိုတွေလည်းဖြစ်နိုင်ပါတယ်။
ကျမကတော့ ကိုယ့်နိုင်ငံအတွက် မလုံမလဲဖြစ်ရပါတယ်၊
ရှေ့ကကြွား... နောက်က ဖော်သလိုများဖြစ်နေမလားလို့ပေါ့....။
ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ဆန်တာလည်း ဆန်ကြပါ..
သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်နိုင်ပါတယ်
မြန်မာဝတ်စုံကိုပဲဝတ်ပြီး ခေတ်နောက်ပြန်ခိုင်းနေတာမျိုးမဟုတ်ပါဘူး
လှအောင်ဝတ်လို့ရပါတယ်
ကိုယ့်အဝတ်အစားနဲ့ကိုယ် သူများလက်ညှိုးထိုးခံရလောက်အောင် သရုပ်ပျက်လာတာကတော့ ကိုယ့်အတွက်လည်းမကောင်းဘူး၊ မိဘ ဆွေမျိုးတွေအတွက်လည်းမကောင်းဘူး၊ တိုင်းပြည်အတွက်လည်းမကောင်းဘူးပေါ့၊
ခေတ်ဆန်တာနဲ့ခေတ်ပျက်တာ..
တစ်နည်းအားဖြင့် ယဉ်ကျေးမှုကို ပျက်အောင်ဖျက်နေတာမျိုးတော့ မဖြစ်စေချင်ပါဘူး၊
ကိုယ့်ရဲ့ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းကြစေချင်ပါတယ် ။
ဝန်ခံချက်။ ။ လတ်တလော ကျမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်လေးကို ချရေးယုံသက်သက်ပါ။

15 comments:
မျိုးဆက်သစ်လေးတွေအတွက် ပညာပေးသဘောနဲ့ လူငယ်ယဉ်ကျေးမှုသင်တန်းလေးတွေ သီးသန့် ဖွင့်ပေးရင်အနည်းနဲ့အများတော့ ထိရောက်မယ်ထင်တယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူငယ်ချင်းရေ . . . ငါလည်း ရင်မောပါတယ် ။ ။ အယ် မျိုးဆက်သစ် တွေကိုတော့ ပြောပြချင်တယ် . .. မြန်မာ့ ယဉ်ကျေးပျုဌာတဲ့ မျိုးဆက်ကို ထိန်းသိမ်းကြစေချင်တယ်လို့ . .
ခင်မင်စွာဖြင့်
ှဗညားရှိန်
ဖောင့်က အတော့်ကိုသေးနေတယ်. နတ်သမီးရေ... အခုခောတ် မြန်မာပြည်မှ ဖြစ်နေတာကတော့. .ဘာပြောရမှန်းတောင်မသိတော့ဘူး.. ဒါနဲ့ မျိုးစက်သစ်အစား.. မျိုးဆက်သစ်လို့ ပြင်လိုက်ပါလားလို့ ...း)...
ခင်မင်လျက်
နေ၀သန်

နတ်နတ်ရေဖတ်ပြီးဘာပြောရမှန်းတောင်မသိတော့ပါဘူး
ခုလောလောဆယ်တော့ ပုံတွေမြင်ရတာ ခေတ်ကိုလွန်သွားသလားလို့----
မြန်မာပြည်က ဆယ်ကျော်သက်တွေ ဘာကြောင့်
ဒီလိုမျိုးဖြစ်သွားကြလဲ ဆိုတာ ပြောတောင် မပြောတတ်တော့ပါဘူး......
ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ပြည်ပရောက်ရောက် ပြည်တွင်းမှာဘဲ နေနေ လူတိုင်းက ထိန်းသိမ်းသင့်တာ အမှန်ပါ။
ဒီပိုစ့်လေးရေးပြီး ကိုယ့်အမြင်ကို တင်ပြရဲတာ လေးစားပါတယ်... ခုလို ကိုယ်နဲ့ အမြင်တူတဲ့သူတွေရှိနေသေးတဲ့အတွက် အားတက်ရပါတယ်... ကျေးဇူးပါ...
ဖတ်သွားပါတယ် မမWhite Angel....
မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးကြပါစို့
တန်ဖိုးထားကြပါစို့
မိန်းကလေးချင်းသတိပေးစကားတွေဆိုတာကို အစ်ကိုတို့တန်ဖိုးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေထဲမှာ လူတိုင်းအဲဒီလိုမဟုတ်ဘူးဆိုတာကို သက်သေပြသလို အမှန်အမှားကိုခွဲခြားနိုင်အောင်တွန်းအားပေးသလိုဖြစ်လို့ပါ။ ကောင်းပါတယ် ညီမငယ်။ ဆက်လုပ်ပါ။
ဖတ်သွားခဲ့ပါတယ်။
ခင်မင်စွာဖြင့်
မြတ်
စာကောင်းပေးကောင်းကဲ့သို့၊မိမိကိုယ်ပိုင်ညာဏ်ဖြင့်သုံးစွဲ
သင့်မသင့်၊အတုခိုးသင့်မသင့်၊ကိုယ်ဆောင်ရွက်မှုမှန်သမျှ
အရိပ်လိုက်သည်၊ကောင်းသောအရိပ်ဖြစ်ပါစေ။
မျိုးဆက်သစ်တွေကို ဒီပို့ စ်လေး ဖတ်စေချင်တယ်
Post a Comment