သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ်၁၃၇၄ ခု တန်ခူးလပြည့်ကျော်(၁၁)ရက် (အဂါင်္နေ့)သည် မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်ခဲ့သည်။
Facebook ပေါ်တွင် အမဝါဝါခိုင်မင်း ဆီမှ ရွှေတိဂုံဘုရားကြီးအား ဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့သည်။
ဆိုက်ပရပ်စ်နိုင်ငံတွင်ရောက်ရှိနေသော ကျမအဖို့ နှစ်ဆန်း(၁)ရက်နေ့တွင် မြန်မာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်လေ့ရှိသော ဘုရားသွားခြင်း၊ ငါး ၊ငှက် ၊ဆိတ် ၊နွား၊ တရိစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သဲများ ညှပ်ပေးခြင်း အစရှိသော ကုသိုလ်ကောင်းမှုများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးဖို့ အခွင့်အရေးမရခဲ့။
ရောက်ရှိနေသောနိုင်ငံတွင် မိမိအခန်းတွင်း ပူဇော်ထားသော ဗုဒ္ဓဆင်းတုတော်(၂)ဆူအား ရေသပ္ပာယ်ခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊အလင်းတိုင်၊သောက်တော်ရေများဆက်ကပ်၍ ကုသိုလ်ယူခြင်းမျိုးကိုသာ တစ်နိုင်ပြုလုပ်နိုင်ခဲ့သည်။
နှစ်ဆန်း(၂)ရက်နေ့တွင်တော့ ကျမအား မိခင်ရင်းကဲ့သို့ ဆုံးမသွန်သင် ၊ ချစ်ခင် မေတ္တာထားပြီး ကြင်နာ ဂရုစိုက်လေ့ရှိသော အန်တီတင့်ရဲ့မွေးနေ့လေးဖြစ်တယ် ဆိုတာကို သိခဲ့ရတယ်။
ကျမရဲ့ ဝါသနာအတိုင်း တီတင့်ရဲ့မွေးနေ့လေးကို ငြိမ်းချမ်းစွာ ပြုလုပ်ပေးရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်..
တီတင့်ရဲ့မွေးနေ့လေးမှာ ကော်ဖီနဲ့သစ်သီးကိတ်လေးများနဲ့ ဧည့်ခံထားပါတယ်..









တီတင့်အတွက် နှင်းဆီပန်းစည်းလေး...

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝပါစေ...
တီတင့်ချစ်သော ဘလော့ဂ်ကာ မိသားစုနဲ့အတူ စာပေဗဟုသုတများကို ဆက်လက်ဝေငှနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...
ပြီးတော့ တီတင့်ကို ဖက်ပြီး အားပါးတရ အာဘွားအကြီးကြီးပေးလိုက်တယ်.....း)
8 comments:
တီတင့်မွေးနေ့လားမသိလိုက်ဘူး
သိရင်တော့တခုခုလုပ်ဖြစ်မှာပါလေ
မွေးနေ့ပြုလုပ်ပေးတဲ့နတ်နတ်ရော
တီတင့်ပါ
မြန်မာနှစ်ကူးမှ စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်း
ပျော်ရွှင်ခြင်း အရာအားလုံး ပြည့်စုံပါစေလို့
တီတင့်မွေးနေ့လေး ခမ်းနားလိုက်တာ...သစ်သီးကိတ်လေးတွေ အကုန်စားချင်စရာ ဒါပေမယ့်အကုန်မစားနိုင်တာခက်တယ် ..။ နတ်သာမီးတို့ကတော့ တကယ်စံပဲ......။ မီးမီးကြိုက်ကြိုက်ကော်ကော်လေးပါသောက်သွားတယ်..။
ချစ်ဖို့ကောင်းတဲ့ နတ်သမီးလေးရဲ့ တီတင့်အတွက် ကျင်းပပေးတဲ့ မွေးနေ့ပွဲလေးကို ရောက်လာခဲ့တယ်။ ဗုဒ္ဓမြတ်စွာကို အရင်ဆုံးဖူးမျှော်ပြီး တည်ခင်းထားတဲ့ ကိတ်မျိုးစုံရယ် လိုက်ဖက်တဲ့ ကော်ဖီကိုအားပေးပြီး လက်ဆောင်ပေးလိုက်တဲ့ နှင်းဆီမွေးနေ့ကဒ်လေးနဲ့ နှင်းဆီ ပန်းစည်းလေး ယူသွားပြီ နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝပါစေလို့နော်။
မေတ္တာဖြင့်
အန်တီတင့်
ထူးထူးခြားခြားမြန်မာနှစ်ဆန်းတစ်ရက်နေ့ပါလားတီရေ့း)
မွေးနေ့မှသည်...
နှစ်ပေါင်းရာကျော်တိုင်အောင်
ဘာသာ၊သာသနာ၊မိသားစုအကျိုးကို
ဆထက်တန်ဖိုး.ထမ်းရွက်နိုင်ပါစေရှင်..
အိမ်ပိုင်ရှင်လည်း နှစ်ပေါင်းများစွာတိုင်ပါစေ..း)
တီတင့်ရေ..
နှစ်သစ်မွေးနေ့မှသည် ရက်ပေါင်း များစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ သက်ရှည်ကျန်းမာ ချမ်းသာကြွယ်ဝပြီး ဘလော့လောကကြီးကို ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေ ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
တီရဲ့ ယခုဖြတ်ကျော်ခဲ့သောမွေးနေ့မှသည် အသက်ရှိထင်ရှားရှိနေသမျှကာလပတ်လုံး အေးငြိမ်းချမ်းသာစွာ တရားဘာဝနာပွားများအားထုတ်နိုင်ပြီး ဘာသာသာသနာအကျိုးကိုဆထက်တစ်ပိုး ထမ်းဆောင်နိုင်ပါစေ။
စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒြုပည့်ပါစေ
ချစ်တဲ့
ဒိုးကန်
အွန်လိုင်းပေါ် မပတ်ဖြစ်တာ သုံးလေးရက်လောက်ရှိသွားလို့ အန်တီတင့်မွေးနေ့တောင် မသိလိုက်ဘူး...အိမ်လိုက်သွားပြီး မွေးနေ့ဆုတောင်းပေးလိုက်ပါဦးမယ်...
ကိတ်တွေကတော့ ရေလည်အလန်းစားဘဲ
တကယ့်ကို စားချင်စိတ်ပေါက်လာတယ်။
ရှိသေးရင် ကျွေးပါဦးနောက်ကျနေလို့ ကုန်ြပီထင်ပါတယ်။
တီတင့်မွေးနေ့မှစပြီး တစ်သက်တာပတ်လုံး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပါစေ..
ဆန္ဒအားလုံး ပြည့်ဝပါစေနော်။
မွေးနေ့ရှင်အစား နတ်သမီးကျွေးတဲ့ မုန့်တွေကို တဝ စားသွားပါတယ်။ ကျင်းပပေးတဲ့သူလည်း ပျော်ရွှင်ပါစေ..
Post a Comment