မွေးနေ့တွေကို ကန်ထရိုက်စွဲထားတယ်ပဲ ပြောပြော
မွေးနေ့ရှင် သူငယ်ချင်းတွေရဲ့ အပြုံးကို မြင်ရရင် ကျမပျော်ပါတယ်..
မနေ့က ကိုဇော်ရဲ့မွေးနေ့ပါ..
ဒီနေ့ကတော့ ကျမတို့ရဲ့ အကိုကြီး ဆရာဦးဟန်ကြည်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်..၊
ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် အင်တာနက် ကော်နက်ရှင်တွေ ပြတ်တောက်နေတာကြောင့် မွေးနေ့ပို့စ်လေးကိုတင်ဖို့ နောက်ကျခဲ့ပါတယ်..၊
မောင်ငေး ဟန်ကြည်ကတော့ ခုလောက်ဆိုရင် နှုတ်ခမ်းပဲဆူနေမလား၊
မျှော်ရလွန်းလို့ လည်ပင်းပဲ ရှည်နေပြီလားဆိုတာ ကျမတွေးဆလို့ရနိုင်ပါတယ်..။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မွေးနေ့မှာ သူ့အတွက် ဝီစကီ ဘရန်ဒီတွေနဲ့ ဧည့်ခံပါမယ်လို့ ကျမက မျှော်လင့်ချက်တွေ ပေးထားခဲ့ဖူးလို့ပါ..။
ကဲ..
အချိန်မနှောင်းခင် ကျမတို့ရဲ့ဘလော့ဂ်ကာ အကိုကြီး ဆရာဟန်ကြည်အတွက် Happy Birthday သီချင်းလေးဆိုရင်း မွေးနေ့ပွဲလေးကို ဆင်နွှဲလိုက်ကြရအောင်နော်...
ကလိုရီစားသောက်ဆိုင်က မှာယူထားတဲ့ တရုတ်အစားအစာများနဲ့ဧည့်ခံထားပါတယ်..
ဦးဟန်ကြည်ရဲ့မွေးနေ့ကျရင် ဝီစကီ ဘရန်ဒီတွေပါ ထည့်ပေးမယ်လို့ ပြောထားဖူးတဲ့အတိုင်း ထည့်ပေးထားတယ်နော်..း)
ယနေ့(11.4.2012)မှာ ကျရောက်တဲ့ အကိုရင်းတစ်ယောက်လို ချစ်ခင်ရပါသော ဆရာဦးဟန်ကြည့်ရဲ့မွေးနေ့လေးမှာ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း လိုအင်ဆန္ဒပြည့်ဝခြင်းများနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေးရင်း..
အတာကူးတဲ့နှစ်သစ်အခါသမယမှာ အချစ်သစ်နဲ့( အဲလေ..ယောင်လို့..)
မဒမ်ဟန်ကြည်နဲ့ ရေသဘင်ပွဲတော်ကို တူယှဉ်နွှဲပျော်နိုင်ပါစေကြောင်း...
အထီးကျန်.....
1 week ago
7 comments:
အရှေ့မှာတစ်ယောက်မှမတွေ့ဘူး ပွတာပဲ အရင်ဆုံးဝါးမယ်ကွာ....။ စားတာများသွားလို့ ၀ီတွေ ရမ်တွေနဲ့ မျောချလိုက်တယ်...။ ဂွတ်မှဂွတ်ပဲ...။ ကဲ စားလို့လဲဝပြီဆိုတော့ မွေးနေ့ရှင် ဆရာဦးဟန်ကြည်တစ်ယောက်မွေးနေ့မှာရော မနက်ဖြန်မှာကျရောက်မယ့် နှစ်သစ်မှာပါ ချစ်ဇနီးနဲ့တူ အေးချမ်းစွာဖြတ်ကျော်နိုင်ပါစေလို့...။ အဟိ မနက်ကပဲ ဇာတ်သိမ်းပိုင်းလေးမှာ သွားမန့်ထားပြီးပြီ...။
အရှေ့မှာတစ်ယောက်မှမတွေ့ဘူး ပွတာပဲ အရင်ဆုံးဝါးမယ်ကွာ....။ စားတာများသွားလို့ ၀ီတွေ ရမ်တွေနဲ့ မျောချလိုက်တယ်...။ ဂွတ်မှဂွတ်ပဲ...။ ကဲ စားလို့လဲဝပြီဆိုတော့ မွေးနေ့ရှင် ဆရာဦးဟန်ကြည်တစ်ယောက်မွေးနေ့မှာရော မနက်ဖြန်မှာကျရောက်မယ့် နှစ်သစ်မှာပါ ချစ်ဇနီးနဲ့တူ အေးချမ်းစွာဖြတ်ကျော်နိုင်ပါစေလို့...။ အဟိ မနက်ကပဲ ဇာတ်သိမ်းပိုင်းလေးမှာ သွားမန့်ထားပြီးပြီ...။
ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ ဦးဟန်ကြည်ရေ.... အသက်ရှည် အနာမဲ့ ကျန်းမာချမ်းသာဖို့က အဓိကဆိုတော့ အားလုံးပြည့်ပါစေလို့......
ခင်မင်စွာဖြင့်
အလို...
Hennessy တင်မကဘဲ Remy Martin တောင် အဆစ်ပါသေးသဟဲ့...Johnny လမ်းလျှောက်ကလေးတွေကလည်း အဆစ်း)
နတ်နတ်ကောင်းမှုနဲ့ ဧည့်သည်တွေတော့မတိဝူး...မွေးနေ့ရှင်တော့ ၀ူးဘီး)
မနက်ဖြန်မနက် သင်္ကြန်ခရီးမထွက်နိုင်ရင်တော့ မဒမ်ဟန်ကြည်လက်ချက်မိတော့မှာ သေချာပါ့...
ဆရာဦးဟန်ကြည် မွေးနေ့ပါတီက အပျံစားပါလားနော်
အစားတွေလည်း ရှယ် အသောက်တွေလည်း ရှယ်ပါလား..း)
မွေးနေ့ရှင် ဦးဟန်ကြည်တစ်ယောက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မဒမ်ကြည်နဲ့ ရာသက်ပန် ပျော်ရွှင်ပါစေနော..
စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများ အားလုံးလည်း ပြည့်စုံပါစေ..
မွေးနေ့ပွဲစီစဉ်သူလည်း အမြန်ဆုံး စွံပါစေး)
ဟန်နဆီသောက်ပီး.တော်တော်ကိုမူးသွားရပါတယ်ဗျာ....ခုလိုမိတ်ဆွေများရဲ့မွေးနေ့ပို့စ်လေးတွေရေးတဲ့.အိုင်ဒီယာ လေးကိုလဲ..အတုယူမှတ်သားသွားပါတယ်..
ရှလွတ် အဟွတ်ဟွတ် ကောင်းလွန်းလို့ သီးတောင်တောင် သီးသွားတယ်။ တကယ်စားရရင်ပိုကောင်းမယ် အစ်မရယ်။ :P အဟိ ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း!! ရေလည်းလာလောင်းပါတယ်ဗျိုး။ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေခင်ဗျာ!!
Post a Comment