ပင်လယ်ကို မျက်နှာမူပြီး ရပ်နေပေမယ့်လည်း
“လေပြေ”က ကျမဆီကို ရောက်မလာခဲ့ဘူး..
ဒီလိုနဲ့ပဲ လှိုင်းကြတ်ခွတ်လေးတွေကို အဖော်ပြုရင်း
မုန်တိုင်းနဲ့ ရင်းနှီးခဲ့ရတယ်..
မကြာခင် နေဝင်တော့မယ်..
ဒီတစ်နေ့လည်း..
ကျမတို့ နှုတ်ဆက်ကြအုံးစို့....
G o o d N i g h t ပ င် လ ယ်
18 comments:
လှလိုက်တာ ပန်းချီကားလေးအတိုင်းဘဲး))
တနေ့နေ့ တချိန်ချိန်တော့ လေပြေလေးက
ရောက်လာမှာပါ
ဂွတ်နိုက် နတ်သမီး..........
Good Night ပါ ပင်လယ်ရေ.......
ကဗျာလေး ဖတ်ပြီး
ရင်ထဲမှာ ခံစားမှု့လေး တစ်ခု
ဖြစ်သွားတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
G n ပါ ပင်လယ် :)
တနေ့တော့ လေပြေ ရောက်လာမှာပေါ့။
ကဗျာလေးက တိုပေမယ့် အဓိပ္ပါယ်ပြည့်စုံတယ်
နမ်းရေ.နေကောင်းလား။
အဲလိုပင်လယ်ကြီးကိုမျက်နှာမူပြီး နှုတ်ဆက်ချင်ပါသေးတယ်။
ချစ်တဲ့
သဒ္ဓါ
ပုံလေးနဲ့ စာနဲ့ အရမ်းမိုက်တယ်..
လိုက်ဖက်တယ် နတ်သမီးရေ.
Good night ပါပင်လယ်
ရင်ခွင်ကျယ်မှာ
ဆူနာမီ မချယ်လှယ်သရွေ့
တစ်နေ့နေ့အထိ မင်းလှနေဦးမှာပေါ့း)
ဖတ်ရတာ.. သိပ်လွမ်းသွားတယ်.. ဘာကိုလဲ အတိအကျတော့ မပြောနိုင်ဘူး..
ဓာတ်ပုံလေးရော၊ ကဗျာလေးပါ လှတယ်..
ဂွတ်မောနင်းပါ နတ်သမီးလေးရေး)
လေလမ်းကြောင်းလေးပြောင်းတဲ့တစ်နေ့
လေပြေလေး နတ်သမီးဆီရောက်လာမှာပါ။
နေဝင်ရက်တိုင်းရဲ့တစ်ဖက်မှာ နေထွက်ရက်တွေပဲပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းမွန်စွာအိပ်စက်အနားယူနိုင်အောင် နှုတ်ဆက်ခွင့်ရရင် ပင်လယ်ကို ကူးဖြတ်ဖို့ အားတွေရနိုင်မယ်လို့ အနာဂတ်ကို ဖုန်းဆက်နိုင်မယ်ထင်ပါရဲ့ ...
ပင်ပန်းနွမ်းနယ်မှု တွေ ပြေပျောက်ဖို့  ဘဝ အမောတွေ သက်သာဖို့  ပင်လယ်ကမရှိမဖြစ်ပါ ပင်လယ်ကြည့် လိုက်မှ အဖြစ်အပျက်တွေ က သေးငယ်သွားပြီး အားမာန်သစ်တွေ ပေးစွမ်းတာ ပင်လယ်ပါ... အေးချမ်းသော ပင်လယ် သာယာသောညချမ်းပိုင်ဆိုင်နိုင်ပါစေ..
ပင်လယ်က အေးချမ်းမှုတွေ လေနုအေး ရယ် က ဘဝ အမောတွေ ပင်ပန်းနွမ်းနယ် မှုတွေ ကို သက်သာစေတဲ့ အပြင် အဖြစ်အပျက်တွေ ကို သေးငယ်သွားအောင် လုပ်ဆောင်နိုင်ပြီး အားမာန်သစ်တွေ ပေးစွမ်းနိုင်တာ ပင်လယ်ပါ... အေးချမ်းသော ညချမ်းပိုင်ဆိုင်နိုင်ပါစေ..
Good night ပင်လယ်တဲ့လား။ ပင်လယ်ကို ညမှာခံစားတဲ့အရသာကို ကောင်းကောင်းသိတယ်ထင်ပါရဲ့။ လူ့ဘ၀က အဲဒီလိုပဲ ထင်ပါရဲ့။ လေပြည်ကိုမျှော်ပေမယ့် မုန်တိုင်းနဲ့တိုးတယ်။ ဒါပေမဲ့ ရင့်ကျက်စေပါတယ် ညီမငယ်။
ဟာ လမ်းတယ်ဗျို့ ဒီကဗျာလေး
အဆွေးရိပ်သန်းနေတယ် စာသားတိုင်း
Post a Comment