အမှတ်တရလေးတစ်ခုပါ..
ကျမ ငယ်ငယ်တုန်းကပေါ့..
အမေက ကျမကို သနပ်ခါးပါးကွက်လေးကွက်ပေးပြီးတဲ့အချိန်
မှန်ထဲက ပါးကွက်ဝိုင်းဝိုင်းလေးနှစ်ဖက်နဲ့ သိပ်လှနေတဲ့ ကျမရဲ့ပုံရိပ်ကိုကြည့်ပြီး အမေ့ကို ပူဆာခဲ့ဖူးတယ်..
“မေ.. သမီးသေသွားရင်လေ သမီးကို ဒီလိုပုံစံလေးပဲ ထပ်မွေးပေးနော်” ဆိုတော့
အမေက “ဟဲ့.. ဒီကောင်မလေး မပြောကောင်းမဆိုကောင်း ဘာတွေလျှောက်ပြောနေတာလဲ”တဲ့
အဲဒီအချိန်က ကျမက ကလေးပဲရှိသေးတာလေ၊ ပြောကောင်းတဲ့စကား မပြောကောင်းတဲ့စကား၊ နမိတ်မရှိတဲ့စကားရယ်လို့မှ နားမလည်တာ..။
ကျမရဲ့စိတ်ထဲမှာရှိနေတာက မှန်ထဲက ကျမရဲ့ပုံရိပ်ကို ကြည့်ပြီး သဘောကျလွန်းလို့ ရင်ထဲက ဆန္ဒအတိုင်းပြောလိုက်မိတာပါ..
သမီးကို ဒီလိုပုံလေးမွေးပေးခဲ့တဲ့ အမေ့ကို သမီးကျေးဇူးအရမ်းတင်ပါတယ်..
အမေရောက်ရာဘုံမှာ နတ်သမီးလေးလို အဆင်းလှပြီး အေးချမ်း ငြိမ်းချမ်းတဲ့ဘဝကို ပိုင်ဆိုင်ပါစေလို့ သမီးဆုတောင်းပါတယ်ရှင်..

10 comments:
အမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
အမေနေ့ အမှတ်တရ..အမကို..အမောင်ပြောမယ်..မရေးဘူးလို့ မပြောမဲ့..ဘလော့မှာစာရေးပါ.မှတ်ထား..မေ့ရင်..မောင်က ဂျင်ကလိနဲ့ ဆိုပ်ပရက်ကိုရောက်အောင် ပစ်မယ်..ခိခိ...အမေ့သမီးလေး...ပျော်ရွှင်ပါစေဗျာ
အမေသိမှာပါ....
နတ်နတ်ရေ
သတိထားနော်----အပေါ်ကတစ်ယောက်ကတော့
ဂျင်ကလိနဲ့ ဆိုပ်ပရက်ကိုရောက်အောင် ပစ်မယ်တဲ့
အမေများနေ့ကိုသတိတရရေးထားတာမို့
ခံစားခဲ့တယ်
အစ်မ. Cbox လည်းမချိဘူး.။ လာလည်သွားပါတယ်..ခင်ဗျ
လင့်ခ်လည်းယူသွားပါတယ်ခင်ဗျ
အခုတစ်လော အလုပ်ရှုပ်နေလို့ အိမ်လည်တွေ ပျက်ကွက်နေတယ် နတ်သမီးလေးရေ။ အမေများနေ့မှာ နတ်သမီးလေးရဲ့ တောင်းဆုအတိုင်း မာတာမိခင် အေးချမ်းတဲ့ဘုံဘဝမှာ လှပတဲ့အဆင်းနဲ့ အချင်းကိုပိုင်ဆိုင်ခွင့်ရထားမှာပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
နတ်သမီးပို့စ်လေးဖတ်ပြီး အမေ့ကို သတိရသွားတယ်..
နတ်သမီးပို့စ်လေး ဖတ်ပြီး အမေ့ကို အရမ်း သတိရသွားမိတယ်..။
အမေဆိုတာအမြဲလှတဲ့နတ်သမီးတစ်ပါးပါ ညီမငယ်။ ဆုတောင်းပြည့်မှာပါ။
Post a Comment