Tuesday, June 19, 2012

Wishing you all the best from Chloe's Chinese Restaurant


ဒီပုံလေးကတော့ ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ ကျမ အလုပ်လုပ်တဲ့ တရုတ်စားသောက်ဆိုင်တစ်ခုရဲ့ဧည့်ကြိုကောင်တာဘေးက မှန်ဘီဒိုထဲမှာ အန်တီစုကို နေရာတစ်နေရာအဖြစ် ထားရှိပေးထားတာပါ..။

ဒီပုံလေးကို ဓာတ်ပုံရိုက်နေတဲ့ကျမကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက မေးကြတယ်..
“နင်ဘာလုပ်နေတာလဲ”တဲ့..
“သူဘယ်သူလဲ”လို့ မမေးဘူးနော်..
ဘာလို့လည်းဆိုတော့ အန်တီစု ဘယ်သူလဲဆိုတာ သူတို့သိနှင့်နေပြီးသားဖြစ်နေလို့ပါ..
ပြီးတော့ ဓာတ်ပုံကိုကြည့်ပြီးပြောသေးတယ်..
“အန်တီစုက သာမန်အမျိုးသမီးတစ်ယောက်ရဲ့ပုံစံမဟုတ်ဘူး”..တဲ့
“သူ့ကိုကြည့်ရတာ အားမာန်အပြည့်ရှိတဲ့(အရှိန်အဝါရှိတဲ့)အမျိုးသမီးတစ်ယောက်ဆိုတာ သိသာပေါ်လွင်တယ်”တဲ့..
ကျမက ပြောလိုက်တယ်..


“ဒီနေ့ ငါတို့နိုင်ငံရဲ့HEROဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့”လို့ ဝန်ထမ်းတွေကို
ပြောပြတော့ ဝန်ထမ်းတွေက အန်တီစုကို မွေးနေ့ဆုတောင်းပေးချင်တယ်တဲ့..
အဲဒါနဲ့ပဲ VIDEO လေးရိုက်ယူခဲ့ပါတယ်။

အန်တီစုတစ်ယောက် မွေးနေ့မှာ ကြည်နူးခြင်းများစွာနဲ့ ပြုံးပျော်နိုင်ပါစေရှင်..။
HAPPY BIRTHDAY ပါ အန်တီစုရေ....


ခေတ္တ ဆိုက်ပရပ်စ်နိုင်ငံ

5 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပျော်ရွှင်ကြည်နူးစရာကောင်းတယ် မွေးနေ့ဆုတောင်းလေး နားထောင်ရတာ။

လွင်ပြင်လှိုင်းငယ် said...

HAPPY BIRTHDAY ပါ အမေစု

thaingarra said...

ဂုဏ်ယူမိပါတယ် ခင်ဗျာ ...

မိုးဇက် said...

ဒို့အမတို့က ဒီလိုတောင် ဂုဏ်ပြုပေးတယ်ဆိုတော့ ဘာမှလုပ်မပေးနိုင်တတဲ့ ကျနော်တော့ အားငယ်တယ်ဗျို့

mstint said...

ကွန်နက်ရှင်ကို အံတုရင်း မွေးနေ့ဆုတောင်းလေး ကြည်နူးစွာနားထောင်သွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger