အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝါနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့ ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။
ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့်ဝါကျွတ် သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့သီတင်းဝါကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်အို လူကြီး မိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ထိုသို့ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘ ဆရာသမား ရဟန်းတော်များကိုလည်းကောင်း ၊ မိမိတို့၌ အပြစ်ရှိခဲ့သော် ထိုအပြစ်တို့မှ ပပျောက်ရန် ကန်တော့ပါ၏ ဟုဆို၍ ကာယကံမြောက်ကန်တော့ကြသော ပွဲတော်ကြီးပေါ်ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသောမြတ်စွာဘုရားသခင် ကိုလည်း ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကြသည် ဟူ၍လည်း ဆိုကြသည်။
ကျမ မှတ်မိနေပါသေးတယ်..။ ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း“ဖေဖေနဲ့ မေမေတို့က သမီးလေးကို အမြဲခွင့်လွှတ်ပြီးသားပါ” ဆိုတဲ့အဖြေလေးနဲ့အတူ“သမီးလေးအတွက်” ဆိုပြီး မုန့်ဖိုးပေးပြီး အိမ်တွင်း သီတင်းကျွတ်မီးထွန်းပွဲတော် ကိုကျမတို့ မိသားစု ၃ယောက်ပျော်ရွှင်စွာဆင်နွှဲကြ မြဲ။ သိမ်ကြီးဈေးက ဖေဖေဝယ်လာတဲ့စက္ကူမီးပုန်းလေးတွေကို အိမ်ရှေ့ဝရန်တာမှာ အလှဆင်ရင်း မေမေရဲ့လက်ရာ လ္ဘက်သုတ်နဲ့ရေနွေးပူပူလေးကို မိသားစု၃ယောက် ထိုင်းပြီး စားခဲ့ဖူးတယ်။ကလေးပီပီ မီးဆော့ချင်တဲ့ကျမဟာ မီးဖိုစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်၊ မြေစောင့်နတ်၊ ကျောက်ပြင်စောင့်နတ်၊ လှေခါးစောင့်နတ် အစရှိတဲ့ နတ်များကို ပူဇော်ဖို့ ဖုယောင်းတိုင်ထွန်းတဲ့တာဝန် ကိုယူရင်း လေတိုက်လို့ မီးငြိမ်းသွားတဲ့အခါ အပြေးလေး မီးညှိရင်း မီးဆော့ခဲ့ဖူးတယ်။
သီတင်းကျွတ်မီးထွန်းပွဲတော် ညဈေးတန်းကို ဖေဖေ ၊မေမေတို့နဲ့လမ်းလျှောက်ထွက်တိုင်းလည်း တွေ့သမျှ မုန့်ပဲသားရည်စာများကို စားပြီး ဗိုက်ပြည့်တဲ့အခါ ဖေဖေ့ပခုံးထက်မှာ အိပ်ပျော်ရင်း မိသားစု၃ယောက် အိမ်ပြန်လာခဲ့ကြတဲ့ဘဝလေးကို ကျမ ပြန်စဉ်းစားရင်း ကျမ မျက်ရည်လည်လာမိတယ်။
အသက်ကြီးမှ အိမ်ထောင်ကျခဲ့ကြတဲ့ဖေဖေနဲ့ မေမေတို့ဟာ တဦးတည်းသော သမီးဖြစ်တဲ့ ကျမကို အရမ်းချစ်ကြပါတယ်။ မေမေကတော့ မိန်းမပီပီ သမီးမိန်းခလေးဖြစ်တဲ့ကျမကို မိန်းမတို့တတ်ထားသင့်သည့်အိ မ်တွင်းမှုကိစ္စအဝဝနဲ့ အိမ်ရှင်မပီသအောင် သင်ပေးရင်း ကျမကို မျက်နှာသာပေးလေ့မရှိပါဘူး။ေ ဖဖေကတော့ ကျမဘာလုပ်လုပ် ခေါင်းလေးတညိတ်ညိတ်နဲ့ပြုံး ပြီး ကြည့်နေတတ်တဲ့သူပါ။
ဖေဖေ့ရဲ့ အားပေးမှုကြောင့် ကျမဟာ မူလတန်းအရွယ်က စလို့ နေရာတကာမှာ ပါလေရာဖြစ်ခဲ့ရတယ်။ကျောင်း ကာယ အားကစားအသင်း၊ ဘင်ခရာအသင်း၊ ပန်းချီပြိုင်ပွဲ၊ ပညာရည်ထူးခွန်ဆုတွေနဲ့ကျမဟာ ဖေဖေရဲ့ ပစားပေးမှုကြောင့် “မစွာတေး”လေးဖြစ်ခဲ့ရသတဲ့.. .း)
ကျမကို ဖေဖေက ပစားပေးပြီး မေမေကနှိပ်ကွတ်... ကျမက စွာတူးလန်နေအောင် ပြန်ပြောပြီးလို့ ... သီတင်းကျွတ်ရောက်တိုင်း မိဘတွေကို လက်အုပ်ချီပြီး ပြန်တောင်းပန်...
ဒီလိုနဲ့ပဲ..မုန့်လုံးစက္ကူက ပ်ခဲ့ရတဲ့သီတင်းကျွတ်ရောက်တိုင်း ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာလက်အုပ်ချီပြီး တောင်းပန်ကန်တော့ရင်းမုန့်ဖိုးတွေ တပွေ့တပိုက်ကြီး ရခဲ့တဲ့ကျမတို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးရဲ့ ဘဝဟာအခုတော့ ဟိုးးးးး အတိတ်ဆီမှာ ကျန်လို့နေခဲ့ပါပြီ..။
အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်ရင်း........ ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေ့ကိုတမ်းတမှန်းဆ ကန်တော့ရင်း........
မိဘအရွယ် လူကြီးသူမများကို မိဘအမှတ်နဲ့ ကန်တော့ရင်း....
မီးပုန်းလေးတွေကိုမြင်တိုင်း...
ညပွဲဈေးတန်းမှာ လျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း...
ဖခင်ရဲ့ပခုံးထက်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေတဲ့ကလေးငယ်တွေကိုမြင်တိုင်း...
ကျမလေ....ဟိုးးးးးး အဝေးဆီက မိသားစုလေးကို လွမ်းတယ်...
သြော်....ရောက်ခဲ့ပြန်ပြီ.. .သီတင်းကျွတ်ဆီ......

ဝန်ခံချက်။ ။ ကဗျာနှင့် အပေါ်ဆုံးအပိုဒ်ကို ဆရာမောင်ထင်ရေးသည့် ၁၂လရာသီမှ ကူးယူဖော်ပြပါသည်။
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝါနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့ ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။
ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့်ဝါကျွတ်
ကျမ မှတ်မိနေပါသေးတယ်..။ ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း“ဖေဖေနဲ့
သီတင်းကျွတ်မီးထွန်းပွဲတော်
အသက်ကြီးမှ အိမ်ထောင်ကျခဲ့ကြတဲ့ဖေဖေနဲ့
ဖေဖေ့ရဲ့ အားပေးမှုကြောင့် ကျမဟာ မူလတန်းအရွယ်က စလို့ နေရာတကာမှာ ပါလေရာဖြစ်ခဲ့ရတယ်။ကျောင်း ကာယ အားကစားအသင်း၊ ဘင်ခရာအသင်း၊ ပန်းချီပြိုင်ပွဲ၊ ပညာရည်ထူးခွန်ဆုတွေနဲ့ကျမဟာ
ကျမကို ဖေဖေက ပစားပေးပြီး မေမေကနှိပ်ကွတ်... ကျမက စွာတူးလန်နေအောင် ပြန်ပြောပြီးလို့ ... သီတင်းကျွတ်ရောက်တိုင်း မိဘတွေကို လက်အုပ်ချီပြီး ပြန်တောင်းပန်...
ဒီလိုနဲ့ပဲ..မုန့်လုံးစက္ကူက
အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကိ
မိဘအရွယ် လူကြီးသူမများကို မိဘအမှတ်နဲ့ ကန်တော့ရင်း....
မီးပုန်းလေးတွေကိုမြင်တိုင်
ညပွဲဈေးတန်းမှာ လျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း...
ဖခင်ရဲ့ပခုံးထက်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေတဲ့ကလေးငယ်တွေကိ
ကျမလေ....ဟိုးးးးးး အဝေးဆီက မိသားစုလေးကို လွမ်းတယ်...
သြော်....ရောက်ခဲ့ပြန်ပြီ..
ဝန်ခံချက်။ ။ ကဗျာနှင့် အပေါ်ဆုံးအပိုဒ်ကို ဆရာမောင်ထင်ရေးသည့် ၁၂လရာသီမှ ကူးယူဖော်ပြပါသည်။
3 comments:
let me share the poem,pls!
ပျော်ရွှင်စရာတွေပြည့်နေတဲ့သီတင်းကျွတ်လေးဖြစ်ပါစေနော်
ပိုစ့်လေးဖတ်ပြီး လွမ်းတယ်တောင်ကြီးကို
ပုံလေးကချစ်စရာကောင်းလိုက်တာ
ဖတ်ခဲ့တယ် ကြည့်ခဲ့တယ်
လွမ်းသွားတယ်
ချစ်တဲ့ jasmine
စာဖတ်ရင်း ဆွေးတမြေ့မြေ့ ခံစားမိပါတယ်။ ဖတ်ခဲ့ဖူးသလိုလို မှတ်မိနေပေမဲ့ ပြန်ဖတ်တော့လဲ ခံစားမှုက အတူတူပါဘဲ။ ။
Post a Comment