ငါဟာ သေစားသေစေ အမိန့်ကျခံထားရတဲ့ နှင်းဆီတစ်ပွင့်..
ငါက ကဗျာကိုသတ်တာလား..
ကဗျာက ငါ့ကိုသတ်တာလား..
ရှေ့နေငှါးမှ ထောင်လုံးလုံးကျခဲ့ရ
မသကာ အယူခံလေးတော့ပေးဝင်သင့်တာပေါ့ကွယ်
ဘယ်လိုပဲဖြစ်ဖြစ်
နင့်ကို ငါ ခွင့်လွှတ်တယ်.. ပန်းသတ်သမားတို့ ငါ့ကိုမျှော်
နောက်ဆုံးကြိုးမိန့်အတွက်
ငါ့မျက်လုံးတွေအမှိတ် စိတ်ထဲက ဆန္ဒလေးတစ်ခု...
ကဗျာတစ်ခွက်လောက်တော့
နောက်ဆုံးသောက်ခဲ့ပါရစေ...
4 comments:
ချစ်ရတဲ့နမ်းရေ.
ကဗျာလေးသောက်ရင်း နောက်ထပ်နမ်းရဲ့ ကဗျာလေးတွေကို အမြဲသောက်ချင်ပါတယ်။
နူးညံ့တဲ့ကဗျာလေးတွေ အမြဲသောက်ဖို့
မျှော်နေပါတယ်။။
ချစ်တဲ့
သဒ္ဓါ
ကဗျာလေးက ဆွတ်ဆွတ်ကျင်ကျင်လေး ထိရှခဲ့ရပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
ကဗျာလေးကိုအားပေးခဲ့ပါတယ်နော့....မ
အမရေ ကဗျာလေးဖတ်သွားတယ်၊၊ နောက်ကွယ်က ဒဏ်ရာတွေ ပျောက်ကင်းနိုင်ပါစေနော်
Post a Comment