Wednesday, October 24, 2012

“နောက်ဆုံးသောက်တဲ့ကဗျာတစ်ခွက်”


ငါဟာ သေစားသေစေ အမိန့်ကျခံထားရတဲ့ နှင်းဆီတစ်ပွင့်..
ငါက ကဗျာကိုသတ်တာလား..
ကဗျာက ငါ့ကိုသတ်တာလား..

ရှေ့နေငှါးမှ ထောင်လုံးလုံးကျခဲ့ရ
မသကာ အယူခံလေးတော့
ပေးဝင်သင့်တာပေါ့ကွယ်

ဘယ်လိုပဲဖြစ်ဖြစ်
နင့်ကို ငါ ခွင့်လွှတ်တယ်..
နေဝင်ချိန်စည်တီး
ပန်းသတ်သမားတို့ ငါ့ကိုမျှော်

သွားတော့မယ် အချစ်ရယ်
နောက်ဆုံးကြိုးမိန့်အတွက်
ငါ့မျက်လုံးတွေအမှိတ်
စိတ်ထဲက ဆန္ဒလေးတစ်ခု...

ကဗျာတစ်ခွက်လောက်တော့
နောက်ဆုံးသောက်ခဲ့ပါရစေ...

4 comments:

သဒ္ဓါလှိုင်း said...

ချစ်ရတဲ့နမ်းရေ.
ကဗျာလေးသောက်ရင်း နောက်ထပ်နမ်းရဲ့ ကဗျာလေးတွေကို အမြဲသောက်ချင်ပါတယ်။
နူးညံ့တဲ့ကဗျာလေးတွေ အမြဲသောက်ဖို့
မျှော်နေပါတယ်။။
ချစ်တဲ့
သဒ္ဓါ

ညီလင်းနိုင် said...

ကဗျာလေးက ဆွတ်ဆွတ်ကျင်ကျင်လေး ထိရှခဲ့ရပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

roseayemaung said...

ကဗျာလေးကိုအားပေးခဲ့ပါတယ်နော့....မ

တိမ်ပြာ(မနောမြေ) said...

အမရေ ကဗျာလေးဖတ်သွားတယ်၊၊ နောက်ကွယ်က ဒဏ်ရာတွေ ပျောက်ကင်းနိုင်ပါစေနော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger