လောကဒါဏ်ကို အံတု
မာန်တစ်ခုနဲ့လျှောက်ခဲ့ရတဲ့လမ်း
မိန်းမတစ်ယောက်အဖို့
ပင်ပမ်းလွန်းတယ်..
“တစ်ကယ်ဆို အချစ်ပဲလိုတယ်”ဆိုပေမယ့်
ဘဝနဲ့ယှဉ်ရင်
အချစ်ဆိုတာလည်း
ဦးနှောက်ရှေ့မှောက်
ဒူးထောက်ခဲ့ရတာပါပဲ..
အသက်အပိုင်းအခြားက
စကားပြောလာတဲ့အခါ
အရွယ်လွန်မိန်းမတစ်ယောက်ရဲ့
ရင့်ကျက်မှုတွေက
မျက်နှာပေါ်မှာအထင်းသား..
ဘဝဇာတ်ဆရာအလိုကျ
ငိုတစ်လှည့် ပြုံးတစ်လှည့်
နိုင်တစ်လှည့် ရှုံးတစ်လှည့်
အလှည့်ကျ မနွဲ့စတမ်းမို့
အထာမကျတဲ့အခါ
မာနတွေအခါခါချ
မျက်ရည်တွေပြိုကျခဲ့ရ..
တစ်ကိုယ်တည်းလျှောက်ခဲ့ရတဲ့လမ်း
ကြမ်းတဲ့အခါကြမ်း
လန်းတဲ့အခါလန်း
ကြမ္မာမုန်တိုင်းတွေကြား
ရုန်းကန်ခဲ့ရတဲ့ “ဗေဒါပန်း”
ဒီလိုပါပဲကွယ်..
“တစ်ဦးတည်းသောသမီး”မို့
ရစ်တွယ်စရာ သွေးသားက မရှိ
ချစ်နွယ်စရာကလည်း နတ္ထိ
ခပ်အိအိနဲ့ခရီးဆက်လာလိုက်တာ
လူလတ်ပိုင်းအရွယ်ကိုရောက်
ခင်မင်သူတွေခေါ်ကြတယ်
ကျမနာမည်...“အပျိုကြီး”
............................................................
။
။
မှတ်ချက်။ ။ “သီတင်းလည်းကျွတ်ပြန်ပြီ အပျိုကြီးရေ...”တဲ့။
ဒီနှစ်သီတင်းကတော့ ကျွတ်ပါစေတော့ကွယ်၊ နောက်နှစ်ကျတော့ ကြည့်ကြသေးတာပေါ့..း)
သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်း၊ အပျိုကြီးရဲ့မွေးနေ့ရောက်ပြီပေါ့ကွယ်.. ဘလော့ဂ်ကာ ကဗျာဆရာများ.. အပျိုကြီးအတွက် မွေးနေ့လက်ဆောင် ကဗျာလေးတစ်ပုဒ်လောက် လက်ဆောင်မပေးချင်ကြဘူးလား..း)
မေတ္တာရှိတယ်ဆိုရင် အပျိုကြီးရဲ့မွေးနေ့ ၁၉ နိုဝင်ဘာ မရောက်ခင် ကြိုရေးထားပေးဖို့ ပူဆာလိုက်တယ်နော်...း)

9 comments:
အရမ်းချောပြီးချစ်စရာကောင်းတဲ့အပျိုကြီး....
ကဗျာလေးက တကယ့်ကိုကောင်းတယ်။ေ၇းလဲရေးတတ်ပါ့
ဟဟ သူ့မွေးနေ့လက်ဆောင်တောင်းပုံလေးက ချစ်စရာ အပျိုကြီးကဗျာနဲ့တဲ့...
ကောင်းတယ် အပျိုကြီးပဲ လုပ်တော့နော်
ချစ်တဲ့ sis jasmine
ချစ်စရာ ကဗျာလေးပါ...
ကဗျာလေးလိုပဲ အပျိုကြီးနေပြီနော်
အပျိုကြီးဆိုပေမယ့်ခန့်ချောကြီးပါအမက
ကဗျာလေးအားပေးသွားပါတယ်နော်
အပျိုကြီးမမ...ေ၇...
အဲလောက်ချောတာ...အပျိုကြီးမဖစ်၇ဘူးနော်...
အသက်အပိုင်းအခြားက
စကားပြောလာတဲ့အခါ
အရွယ်လွန်မိန်းမတစ်ယောက်ရဲ့
ရင့်ကျက်မှုတွေက
မျက်နှာပေါ်မှာအထင်းသား..
ဒါလေးကို ရင်ကို လာငြိတယ်။
Post a Comment