ဂစ်တာအိုပြုစား
ရင်ပင်လယ် လှိုင်းခတ်
လူးလွန့်လှိုက်ဖို
ရှိုက်ငိုခဲ့ရတဲ့ သူ့ကဗျာ..
အသိတစ်ခုမှာ
သတိပြုမိသွားတဲ့
ရင်ထဲက ဘာသာစကား
သူ့အတွက် ခပ်ပါးပါးကိုယ်ခံစား
ဂရုဏာတို့ကွန်းခို
နှုတ်ခွန်းချိုချိုက ကိုယ်မဆို
မျက်ဝန်းညိုညိုကတဆင့်
ပြောခွင့်ပြုပါ...။
...............................................
မှတ်ချက်။ ။
တီတင့်က ဘလော့ဂ်ကာတွေကို၁၂.၁၂.၂၀၁၂ မှာ အမှတ်တရ ပို့စ်တင်ဖို့ ကြိုပြောခဲ့ပေမဲ့ မသိလိုက်ဘူး၊ သိလိုက်ရတဲ့အချိန်က အရမ်းကို ကပ်နေခဲ့ပြီ၊ ဆောင်းပါးရေးဖို့ကလည်း အချိန်မမှီနိုင်တော့ဘူး။
အဓိက က အမှတ်တရ တစ်ခုခု ရေးတင်ဖို့ပါပဲ..။
အဲဒါနဲ့ပဲ ဒီကဗျာလေးကို အမှတ်တရ တင်ဖြစ်ခဲ့ပါတယ်။
၁၂.၁၂.၂၀၁၂(ဗုဒ္ဓဟူးနေ့)မှ အစပြုလို့ သတ္တဝါအပေါင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်..။

3 comments:
အမှတ်တမဲ့ ပြောခဲ့တဲ့ စကားလေးကို အသိအမှတ်ပြုခဲ့တဲ့ နတ်သမီးလေးကို ကျေးဇူးတင်ပါတယ်း)
ကဗျာလေးအားပေးသွားရင်း နတ်သမီးလေးရဲ့ တောင်းဆုလေးနဲ့ ပြည့်ဝကြပါစေလို့။
မေတ္တာဖြင့်
အန်တီတင့်
လည်လည်လာရင်း စာလေးတွေ ဖတ်သွားပါတယ် မမ
အမြဲအားပေးနေပါတယ်
~ Kk ~
မမ
ကျွန်တော်က မမ ရဲ့စာဖက်ပရိတ်သတ် အသစ်ပါ။ မမ ရဲ့နှစ်သစ်ကူးဆုတောင်းလေးကို မြန်မာ နှစ်သစ်ကူးအချိန် မှာ တိုက်တိုက်ဆိုင်ဆိုင် ဖက်ရလို့ ပျော်မိတယ်။ မမ လည်းအောင်မြင်တဲ့ နှစ်သစ်တစ်ခု ထပ်တိုးပြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Post a Comment