ဒီနေ့ဟာ Christmas Eve (၂၄)ရက် ဒီဇင်ဘာနေ့ဖြစ်သည်။
အလုပ်ထဲကို ကျမရောက်တော့ သူငယ်ချင်းဖြစ်သူ တရုတ်မလေးတစ်ယောက်က ကျမအတွက် ကျောက်စိမ်း အကာနှင့်လုပ်ထားသော ပန်းသီးလေးတလုံးကို လက်ဆောင်ပေးရင်း “(၂၄)ရက်နေ့၊ဒီဇင်ဘာလတွင် လက်ဆောင်းပေးရသော ပန်းသီး” အကြောင်းကိုရှင်းပြခဲ့ပါတယ်။
(၂၄)ရက်နေ့၊ ဒီဇင်ဘာလ၊ “ည”အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း)ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple(ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့် =Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း) =Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။
ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်းလက်ဆောင်အဖြစ်သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။
ဤပန်းသီးလက်ဆောင်ကို (၂၄)ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ထိုညကို
Safe Night = Ping An Ye(ဖျင်န်အန်ယဲ့)ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်ျနှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသောည ”ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ဒီဇင်ဘာ ညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လား......။
ကဲ............ရော့
သူငယ်ချင်းတို့အတွက် ကံကောင်းခြင်းနဲ့ ကျန်းမာပျော်ရွှင်ခြင်းတွေ အပြည့်ထည့်ထားတဲ့
“ပန်းသီး လက်ဆောင်”....
6 comments:
အစ်မတော် ပျော်ရွင်ချမ်းမြေ့ပါဇေ
ဗဟုသုတတစ်ခုရတဲ့ အတွက်ကျေးဇူးပါ
ရှယ်မလို့ ကူးယူသွားပါတရ်
တစ်ကယ်လို့ ခွင့်မပြုရင်တော့ ချက်ချင်းပယ်ဖျက်ပေးပါမည်
ခင်တဲ့ မောင်လေး နတ်ဆိုးလေး
ဗဟုသုတနေနဲ့မှတ်သားသွားပါတယ်ညီမရေ။
ပန်းသီးလက်ဆောင်နဲ့အတူတူ ဗဟုသုတလေးကိုယူသွားခဲ့ပါတယ်။ပန်းသီးလက်ဆောင်လေးကိုလည်းပြန်ပေးခဲ့ပါတယ်ဗျာ။နောက်ကိုလည်းဗဟုသုတ၇မဲ့စာတွေကိုလည်းေ၇းနိုင်ပါစေ။
ပန်းသီးလက်ဆောင်လေးအကြောင်း လာဖတ်ရင်း
ပန်းသီးလက်ဆောင်လေး လာယူသွားတယ်အမရေ..:)
ခင်တဲ့...မိုးနတ်
ချစ်ရတဲ့ နမ်းရေ
ပန်းသီးလက်ဆောင်လေး ယူသွားတယ်.။
ဘဝခရီးလမ်းမှာ ကံကောင်းခြင်းတွေ အပြည့်နဲ့ ကျန်းမာပျော်ရွှင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေ.။
ချစ်တဲ့
သဒ္ဓါ
လာပေးတဲ့သူမရှိုလို့ ကိုယ့်ဖာသာဘဲ ၀ယ်စားလိုက်တယ်။း)
Post a Comment