Friday, August 30, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး -၁၀)

နှလုံးသားအနောက်တည့်တည့် ကျောပြင်မှာ "ချစ်တယ်.." ဆိုတဲ့ စာလုံးကို တက်တူး ထိုးချင်လိုက်တာ..
ကျမ မောင့်ကို ကျောပေးနေမိတဲ့အခါ
ကျမ ချစ်တာကို မောင် သိမြင်နေရအောင်ပါ..
ကျမအကြောင်း မောင် မသိတာ မရှိသလို..
မောင် ဘယ်သွားသွား ကျမသိအောင် ဖုန်းလေးနဲ့ videoရိုက်ပို့ပေးတော့..
Videoထဲမှာ ပေါ်နေတဲ့ မောင့်အရိပ်လေးကို ကျမ လိုက်ကြည့်နေခဲ့ရတာပါ
မောင်က မေးတယ်
'ရှုခင်းတွေကို မြင်ရလား' တဲ့
မြင်ရဘူး.. ကျမမြင်တာ.. မောင့်ရဲ့အရိပ်လေး.. ဆိုတော့ မောင် ပြုံးသွားမယ် ဆိုတာ ကျမသိတာပေါ့ကွယ်
တစ်နေ့ တစ်နေ့ ..
မောင်ပြုံးပျော်အောင် လုပ်ရတာလည်း
မောင့်အပေါ်ချစ်တဲ့
ကျမရဲ့ အချစ်တွေပဲပေါ့
ချစ်တယ်..
မောင့်ကိုလည်း ချစ်တယ်
မောင့်အရိပ်လေးကိုလည်း ချစ်တယ်..
မောင့်ကိုယ်သင်းနံ့လေးကိုလည်း ချစ်တယ်..
မောင်နဲ့ ပတ်သက်လာရင် မောင့်ခြေဖုဝါးအောက်က မောင်နင်းထားတဲ့ မြေမှုန်လေးတွေကိုတောင် ချစ်တယ်ကွယ်...
နမ်းမဝ (ရင်ဘတ်ထဲကလူ_အက်ဆေး၁၀)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger