Tuesday, September 17, 2019

ရင်ဘတ်ထဲကလူ( အက်ဆေး ၁၁)

အလွမ်းတွေက မိုးလိုအုံ့တော့
ပြိုဖို့အတွက် စောင့်ရတဲ့အချိန်တွေက
ကြာလွန်းတယ်..
အချစ်ရှိရာဆီ သွားဖို့
ပုံမှန်နှုန်း ကီလို၆၀ဆိုပေမယ့်
နင်းမိတဲ့ လီဗာအရှိန်က
၁၀၁ကီလို
ကွဲကွာခြင်းအပူချိန် ၄၂ဒီဂရီမှာ
သူ့ရဲ့လောင်မြိုက်မှုတွေက
ခုလောက်ဆို..
ပြာကျလောက်ရောပေါ့
ကိုယ်ချင်းစာပါတယ်
ကိုယ်သာ ' မိုး'ဆိုရင်
သည်းသည်းမဲမဲ
ရွာချပေးလိုက်ချင်ပြီ
ချစ်သူတစ်ကိုယ်လုံး
အလွမ်းတွေ အနမ်းအဖြစ်နဲ့
ရွှဲရွှဲစိုစေတော့ကွယ်
**********
နမ်းမဝ(ရင်ဘတ်ထဲကလူ - ၁၁




0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger