Thursday, August 13, 2009

အမေပေးတဲ့...“အား”


လွန်ခဲ့သော(၃)ရက်ခန့်က...စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ကျမတို့နေသော...အဆောင်၏ဘေးခန်းတွင်ဖြစ်ပွားခဲ့သည်။ ကျမအလုပ်လုပ်သော...Restaurant မှ..ကျမအပါအဝင် ဝန်ထမ်းအားလုံးနေထိုင်ရန်..ကုမ္ပဏီမှ..(၁)စားဖိုမှူးများအဆောင်။(၂)ကျမကဲ့သို့ Contract (Working Visa) နှင့် အလုပ်လုပ်သော ဝန်ထမ်းများအဆောင်။ (၃)Student Visa နှင့် အလုပ်လုပ်သော တရုတ်လူမျိုးများနေသည့် အဆောင်....ဟူ၍ အဆောင်(၃)ဆောင်ကို Restaurant အနီးတွင်...စီစဉ်ပေးထားသည်။
အဲဒီညက....အလုပ်ပြီး၍ ဝန်ထမ်းများ မိမိတို့၏ အခန်းအသီးသီးသို့ ပြန်လာခဲ့ကြစဉ်.....တရုတ်ဘာသာစကားဖြင့်....“သူခိုး...ခိုးခံရတယ်”...
ဟူသော...အော်သံကြောင့်...ဝန်ထမ်းများမှာ..အသံလာရာ ကျောင်းသားများနေသော..
အဆောင်(၃) ဆီသို့ အပြေးရောက်ရှိသွားကြသည်။
အဆောင်(၃)ရှိ အခန်း(၃)ခန်းအတွင်းတွင်...ကျောင်းသူ/သား (၆)ဦး ..နေထိုင်ကြသည်။
Cyprus ၏ ဥပဒေအရ...ကျောင်းသားများ အလုပ်လုပ်ပိုင်ခွင့်မရှိစေရ ၊ Bank Account ထဲတွင်...ကျောင်းစားရိတ်အဖြစ်ပို့သော...ငွေမှလွဲ၍ Bank Account ထဲသို့...ငွေထည့်သွင်းပိုင်ခွင့် မရှိစေရ ဟူသော အမိန့်ကို ထုတ်ပြန်ထားသည့်အတွက်...ကျောင်းသူ/သားများမှာ မိမိတို့၏လုပ်အားခများကို...မိမိတို့၏ အခန်းတွင်းတွင်သာ သိမ်းဆည်းကြရသည်။
ကျမကဲ့သို့..Contract (Working Visa) သမားများကတော့...တရားဝင် လစာ...လုပ်အားခများကို...Bank Account ထဲတွင်...လိုသလို...ထည့်သွင်းနိုင်ခွင့်ရှိသည်။ဤ ဥပဒေကို သိထားသော မသမာသူလူတစ်စုသည်

ကျောင်းသားများနေထိုင်သော အဆောင်တွင်းသို့..ပြတင်းပေါက်မှတဆင့် ဝင်ရောက်မွှေနှောက်၍ ငွေသားများနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြသည်။
ပျောက်ဆုံးသွားသော စာရင်းစုစုပေါင်းမှာ....EU 11800, Computer (၃)လုံး, Passport(၃)အုပ်, Mobile Phone (၃)လုံး, ကျောင်းသားကဒ်များနှင့် ကားမောင်း လိုင်စင်တို့ဖြစ်သည်။
အခင်းဖြစ်ပွားရာသို့..ရဲများနှင့် CID မှ တာဝန်ရှိသူများ ရောက်လာပြီး...မေးမြန်စစ်ဆေးမှူများ ပြုလုပ်ခဲ့သော်လည်း...ပြန်ရဖို့ကား...မျှော်လင့်ချက်မရှိဟု...နောက်ဆက်တွဲ သတင်းအဖြစ် ကြားသိခဲ့ရသည်။
ကျောင်းသားများအတွက် ကျမစိတ်မကောင်းဖြစ်ယုံကလွဲ၍...ဘာမှမကူညီနိုင်ခဲ့....။နိုင်ငံရပ်ခြားတွင် အလုပ်လုပ်လျှက်ရှိကြသော...ဝန်ထမ်း(ဘဝတူခြင်း)အချင်းချင်း ကိုယ်ချင်းစာသည်။မစားရက် မသောက်ရက် စုထားသောငွေများ....ပြန်၍ မရနိုင်တော့သည့်အတွက်...ဝမ်းနည်းပူဆွေးရသည်..။နောင်... ဤသို့မဖြစ်ရန်...ဂရုစိုက်ရတော့မည်...။ ဤ Post အား...ဖတ်မိသူ...နိုင်ငံရပ်ခြားတွင် အလုပ်လုပ်လျှက်ရှိသော...ဘဝတူ...သူငယ်ချင်းများအား...သင်္ခန်းစာ ယူနိုင်ရန် သတိပေးချင်ပါသည်။
ပို၍စိတ်မကောင်းဖြစ်ရသည့် အကြောင်းရင်းမှာ...ငွေများပျောက်ဆုံးသွားသော...ကျောင်းသူ/သားများထဲမှ....“Gai” ဆိုသော..ကောင်လေးမှာ...(၁)နှစ်စာ...စုဆောင်းထားသော ငွေသား EU 5000 ကို...နာမကျန်းဖြစ်နေသူ သူ၏မိခင်ထံသို့ ပို့ရန်စီစဉ်နေစဉ်....(၁)ရက်အလိုတွင် အခိုးခံရခြင်းဖြစ်သည်..။“Gai”၏ အခန်းဖော် ကျောင်းသားလေး၏ ပြောပြချက်အရ...“Gai”ဟာ..သူစုထားတဲ့ အဲဒီငွေတွေကို...တစ်နေ့တစ်ခါ ထုတ်ကြည့်ပြီး...ပြုံးနေတတ်တယ်”.....တဲ့...။
အခင်းဖြစ်ပွားပြီး နောက်နေ့တွင်...“Gai” ဟာ...သူ၏ မိခင်ထံ သို့ Phone ဆက်ပြီး...ငွေမပို့နိုင်တော့ကြောင်းကို ရှင်းပြရင်း....“Gai” မှာ...ကြေကွဲစို့နင့်စွာ မျက်ရည်များကျခဲ့ရသည်။...
သူ၏မိခင်မှာ မိမိအားငွေမပို့နိုင်၍ ပူဆွေးသောကများနှင့် ဝမ်းနည်းကြေကွဲနေသော..သားဖြစ်သူအား...နွေးထွေးသော လေသံဖြင့်...ပြန်၍ပြောကြားလိုက်သည်မှာ.....
“ငါ့သား.....ငွေတွေဆုံးရှုံးသွားပေမဲ့.....စိတ်ဓာတ်မကျနဲ့.....မင်းမှာ လက်နှစ်ဘက်နဲ့.....ခြေထောက် နှစ်ဘက် ကျန်ရှိနေသေး လို့ အမေ ဝမ်းသာတယ်”....တဲ့..။
To let 'Gai' ....know....
This Post for you.....to reduce your sadness......
I know that ...you had stolen your computer....
But...I believe that...you will see my Post....one day.....
Don't be sad .....'Gai'....
You will get more money soon....

2 comments:

chit chit said...

so sad story

Anonymous said...

ကောင်းတယ်..ကောင်းတယ် အမ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger