Thursday, August 6, 2009

ရွှေသွင်းခြင်း၊မျက်နှာပေါင်းတင်ခြင်း၊ချေးချွတ်ခြင်း အကြိမ်များပါက အရေပြားရောဂါများဖြစ်ပွားနိုင်


ယနေ့ခေတ်လူငယ်များ ပြုလုပ်နေလေ့ရှိသော ရွှေသွင်းခြင်း ၊
မျက်နှာပေါင်းတင်ခြင်း ၊
ချေးချွတ်ခြင်းများ ပြုလုပ်ရာတွင်
ခန္ဓာကိုယ်အရေပြားအတွင်းသို့ သဘာဝမှ
ရရှိသောပစ္စည်းများမဟုတ်ပဲ
ဓါတုပစ္စည်းများ လိုအပ်သည်ထက်
ပိုမိုဝင်ရောက်ပါက အရေပြားရောဂါများသာမက
ရေရှည်တွင် လူ၏ အထွေထွေ ကျန်းမာရေကိုပါ
ထိခိုက်လာတတ်ကြောင်း
အရပြားဆရာဝန်များထံမှ သိရှိရသည် ။
မျက်နှာရွှေသွင်းခြင်းပြုလုပ်ရာတွင်
အလှပြင်ဆိုင်များ၌ နိုင်ငံခြားမှတင်သွင်းသော
ပစ္စည်းများရှိသကဲ့သို့
ပြည်တွင်းတွင်ပင် အလွယ်တကူရရှိနိုင်သော
ရွှေဆိုင်းများဖြင့်လည်း
အသုံးပြုကြကြောင်း အလှပြင်ဆိုင်များမှသိရသည် ။

အရေပြားထဲကို
ဝင်နိုင်တဲ့
အလှကုန်ပစ္စည်းတွေကို သုံးတဲ့အခါမှာ သစ်သီးသစ်ဖုကနေ
လုပ်တဲ့ပစ္စည်းတွေကလွဲပြီး
ကျန်တဲ့ ဓာတုဗေဒပါတဲ့ ဘယ်ပစ္စည်းတွေကိုမဆို
လိုအပ်တာထက်
ပိုပြီး မသုံးသင့်ဘူး ”
ဟုအရေပြားအထူးကု ဆရာဝန်တစ်ဦးမှ
ပြောကြားခဲ့သည် ။
နေအိမ်တွင်ပြုလုပ်သူများ
အဓိကဆင်ခြင်ရမည့်အချက်မှာ
ဝက်ခြံများပေါက်နေသောအချိန်တွင် ပြုလုပ်မိပါက
ဝက်ခြံအပေါက်များထဲသို့
ရွှေဝင်သွားပြီး ၊ ဝက်ခြံများ ပိုပွားလာခြင်းနှင့်
အခန့်မသင့်ပါက
မျက်နှာယားယံခြင်း ၊ နီရဲလာခြင်းများ ကြုံတွေ့ရတတ်ပါသည်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger