Thursday, August 6, 2009

ဖယောင်းတိုင်လေး


မှိန်ဖျော့ဖျော့အားအင်လေးနဲ့
ကိုယ်ပိုင်အလင်းကို
ကိုယ်တိုင်စတေးပြီး
တခြားသူအတွက်
အပြုံးမပျက်
သူပေးဆပ်တယ်

ကိုယ်ပိုင်အလင်းရှိပေမဲ့
ကိုယ်တိုင်လောင်မြိုက်ခံရင်း
(တစ်နေ့) အဆုံးသတ်ရမဲ့အချိန်ကို
ကျေနပ်စွာ သူစောင့်ကာ
မကြာခင်
သူ့ဘဝ
အမှောင်ကမ္ဘာထဲမှာ
တစ်ကိုယ်တည်း
အလင်းမဲ့ အထီးကျန်စွာ
ဖယောင်းတိုင်လေး
ပျော်သလိုနေပါစေလေ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger