ဆိုင်မှာ အလုပ် လုပ်နေရင်း သူငယ်ချင်းဖြစ်သူ တရုတ်မလေးတစ်ယောက်၏ “အလုပ်ပြီးရင် အိမ်မှာ ပါတီပွဲရှိတယ်” ဆိုတဲ့ Information ကြောင့် ဆိုင်က ကျွေးတဲ့ Staff's dinner ကို မစားတော့ပဲ အိမ်သို့ပြန်လာခဲ့ကြတယ်..။
အိမ်ရောက်တော့ ဟင်းပွဲ စားစရာ သောက်စရာ အစုံအလင်နဲ့ ပါတီပွဲလေး“စ”ခဲ့ကြတယ်...။
ကျမအလုပ် လုပ်သော Chinese Restaurant တွင် တရုတ်လူမျိုး ဝန်ထမ်းများနှင့် (ကျမ အပါအဝင်) မြန်မာ( ၄) ယောက်ရှိသည်။ ဝန်ထမ်းပေါင်း(၂၅)ယောက်ကျော်ရှိသောဤစားသောက်ဆိုင်ကြီးတွင် အလုပ်လုပ်ရသည်မှာ ပျော်စရာကောင်းသောနေ့တွေ ရှိသလို စိတ်ညစ်စရာနေ့များလည်းရှိခဲ့ ပါတယ်...။
“မ” တစ်ထောင်သားတွေ မို့လား။
တစ်နေ့ ဝန်ထမ်းအသစ်များဖြစ်ကြသော တရုတ်မလေး..“Dicy" နှင့် သူမ၏ ချစ်သူ “Gai” ဆိုသူတို့ ဤဆိုင်တွင် အလုပ်လုပ်ရန်ရောက်ရှိလာခဲ့သည်..။
သူတို့(၂)ယောက်စလုံးဟာ အလွန်ဖော်ရွှေပြီး အလုပ်ကြိုးစားသူများ ဖြစ်ကြသည်ကို မနာလိုသော စားပွဲထိုးများလည်းရှိသည်။
သူတို့ အလုပ်“စ” ဝင်သည့်နေ့မှ (၂)ပါတ်ခန့် အကြာတွင် တရုတ်မလေး
“Dicy” သည် Restaurant ၏အနောက်ဖက်တွင် ငိုနေသည်ကို ကျမ တွေ့လိုက်ရသည်..။
သူမ၏ ရည်းစား ပြောပြချက်အရ သူတို့ကို တရုတ်ဝန်ထမ်းဟောင်းများက ဝိုင်းဝန်း နှိပ်ကွပ်ကြကြောင်း သူတို့ သိ/တတ် သမျှကို မသင်ပေးပဲ မှားကွက်ကိုသာ စောင့်နေကြောင်ျးနှင့် တရုတ်မလေး“Dicy” မှာEnglish စကားကို ကျွမ်းကျင်စွာ မပြောတတ်သည့်အတွက် လွန်စွာစိတ်ဓာတ်ကျပြီး အလုပ်မှနှုတ်ထွက်တော့မည်ဟုသာ တွင်တွင်ပြောနေလေတော့သည်... ။
“ Dicy ” အား ကျမ ဘဝတွင် ကြုံတွေ့ခဲ့ဖူးသော အခက်အခဲများ ဖြတ်သန်းခဲ့ပုံများကို ပြောပြရင်း အလုပ်မထွက်ရန် အားပေးခဲ့သည်..။
ပြီးနောက် ကျမ၏ ဆံထုံးတွင် အမြဲတန်း ထိုးထားသော “ဆံထိုး” လေးကိုဖြုတ်ပြီး “Dicy”၏ ဆံထုံးတွင် ထိုးပေးရင်း
“ဒီ...ဆံထိုးလေး မင်းနဲ့ အတူရှိနေသ၍ ငါ...မင်းရှေ့မှာ အမြဲရှိနေမယ်”
ဟု...ပြောလိုက်စဉ်...“Dicy”ထံမှ အပြုံးတစ်ခုကို ကျမမြင်လိုက်ရသည်..။
အဲဒီနေ့က “စ”ပြီး“Dicy”သည်ကျမတို့ဆိုင်အတွက် အားထားရသော ဝန်ထမ်းကောင်းအဖြစ် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ရင်း.. (၆)လ ခန့် အကြာတွင် အကြောင်းကိစ္စတစ်ခုကြောင့် တစ်ခြားဆိုင်သို့ အလုပ်ပြောင်းသွားခဲ့သည်..။
သူမ၏ ချစ်သူ“Gai” ကတော့ ယ္ခုထိတိုင် ကျမတို့၏ ဆိုင်တွင် ရှိနေဆဲပါ။
“Dicy” အလုပ်မှ ထွက်သွားသော်လည်း...
သူမ၏ ချစ်သူဆီသို့ မကြာခန လာလည်ရင်း ကျမဆီသို့ ဝင်လာတတ်ပါတယ်။
သူမအတွက် ပိုကောင်းသွားတာက....
သူမ လက်ရှိလုပ်နေသော...Restaurant မှာ“သူမ”ရသော လစာသည် ကျမ၏လစာထက် ပိုများနေခြင်းကို
ကျမရော သူမ၏ ချစ်သူပါ သူ့အတွက် ဝမ်းသာခဲ့ရသည်..။
ဒီည....ကျမတို့ရဲ့ ပါတီပွဲတွင် “Dicy” နှင့်“Gai”တို့စုံတွဲလည်းပါဝင်ခဲ့သည်..။ ကျမ၏ ဘေးတွင် “Dicy” ထိုင်သည်..။
ကျမကို..Post Card တစ်ခု လက်ဆောင်ပေးသည်....။
အဲဒီထဲမှာရေးထားတာကတော့...
“Dear...Nan,
Wish you happy every day,a happy life!
Thank you once I am in the most difficult
time to encourage me, let me stay.
I have been here before.
I am very grateful to you !
I hope you like my give
I love you.
From: Dicy and Gai
လွန်ခဲ့သော(၆)လခန့်က အလုပ်ထွက်လုဆဲဆဲသူမကို အားပေးခဲ့တဲ့အတွက်..သူမ အားတက်ခဲ့ရကြောင်း....
လက်ရှိအလုပ်မှာ လစာလည်းကောင်းကြောင်း...၊
အလုပ်ထဲမှာလည်း နံမည်ကောင်းနှင့် Custamer များ၏
ချစ်ခင်မှုကို ရရှိကြောင်းကို Englishဘာသာဖြင့် ကျွမ်းကျင်စွာရှင်းပြရင်း. သူမ၏ လွယ်အိတ်ထဲမှ ကျမ ပေးခဲ့သော “ဆံထိုးလေး”ကို ထုတ်ပြခဲ့သည်...။
“ငါ့ မှာ...စိတ်ဓာတ်ကျစရာနဲ့ ကြုံလာတိုင်း ဒီ..“ဆံထိုးလေး”ကိုကြည့်ပြီး အားပြန်မွေးတယ်၊ ဒီ“ဆံထိုးလေး”ထဲမှာ မင်းရဲ့ “အားပေးမှု”တွေရှိနေတယ်လို့ ငါ ယုံကြည်တယ်..”... ဆိုတဲ့ သူမရဲ့ စကားကြောင့်ကျမ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်....။
အဲဒီ..“ည” က...ပါတီပွဲမှာ..စားခဲ့တဲ့...အစားအစာတွေဟာ... ကျမအတွက် နတ်သုဒ္ဓါ ထက်ပိုပြီး..အရသာရှိခဲ့တယ်. .ဆိုပါလျှင်..
1 comments:
မနန်းမ၀ တော်တော်လေးကိုတော်တယ်
တစ်ခုခုကိုသိလိုက်သလိုပါဘဲ ထင်တာပါ
ကျွန်တော်ကတော့ မနန်းမ၀ရဲ့ဓါတ်လေးတွေကို
ဆက်ပြီး ဝေဖန်ပေးနေအုန်းမှာပါ ကျွန်တော်ဝေဖန်တာလေးတွေကိုမကြိုက်တာရှိရင်
ကြိုပြီးတောင်းပန်ပါတယ် ကျွန်တော်က၀ါသနာရှင်အစဥ့်လောက်ဘဲရှိပါသေးတယ်
အခုတွေ့တဲ့ပုံသစ်လေးတွေလည်းတော်တော်လေးကောင်း
ပါတယ် vzo ကထွက်သွားတာတော့စိတ်မကောင်းပါဘူး မိတ်ဆွေတစ်ယောက်လျော့သွားသလိုပါဘဲ တစ်ခြားသူတွေလည်း အဲ့ဒီလိုမျိုးခံစားနေရမှာပါ
Post a Comment