
လေညှင်းလေးတွေ
ငါ့အနားကို
ယောင်လည်လည်နဲ့
ချဉ်းကပ်လာကြတယ်
ပြီးတော့ လူအလစ်မှာ
ပြောသွားကြသေးတယ်
“မင်းကို သူလိုက်ရှာနေတယ်”တဲ့
ဝဲလာတဲ့
မျက်ရည်တွေကို ပြန်သိမ်းဖို့
ကောင်းကင်ကို
မော့အကြည့်မှာပဲ
တိမ်တွေက
ထပ်ပြောပြန်တယ်
“မင်းကို လွမ်းလို့
သူ ရူးနေပြီ”တဲ့
မျက်စိကိုစုံမှိတ်
ခေါင်းကို ခါရမ်းပြီး
သူတို့နဲ့ ဝေးရာကို
ပြေးထွက်ဖို့
ဟန်ပြင်လိုက်စဉ်
ဗြုန်း....ဆို
ရွာချလိုက်တဲ့ မိုးနဲ့အတူ
သူ ပါးလိုက်တဲ့
သူ့ရဲ့ အလွမ်းမိုးရည်တွေ
ကျမတစ်ကိုယ်လုံးကို
လွှမ်းခြုံသွားတော့တာပါပဲ
----------------------------------
ထပ်ချပ်မကွာ
(ငါ့)နောက်ကို
လိုက်နေတဲ့အလွမ်း
(ငါ) ပြေးလို့မှမလွတ်နိုင်တော့တာ
(ဒီတော့) ခြေစုံရပ်ပြီး
ရင်ကိုကော့ ခေါင်းကိုမော့
လက်နှစ်ဖက်ကို ဆန့်တန်းလို့
ကဲ....အလွမ်း!
နင့်ကို ငါကြိုနေတယ်
ပြေးဝင်လာခဲ့ ငါ့ရင်ထဲကို
လွမ်းချင်သလောက်သာ
နင်.... လွမ်းလိုက်စမ်း
0 comments:
Post a Comment