
ကျမစာရေးတာဝါသနာပါသည်။ စာဖတ်ခြင်းကိုတော့ အလုပ်မအားတာရယ်၊ပျင်းတာရယ်ပေါင်းပြီး မဖတ်ဖြစ်ခဲ့၊။ အလုပ်ပင်ပမ်းတဲ့အခါမျိုး၊ ရင်ထဲကစကားတွေကိုဖွင့်ထုတ်ပစ်ချင်သည့်အခါမျိုးတွေမှာ စာအုပ်ထဲမှာချရေးဖြစ်သည်။တခါတလေကျမဖြတ်သန်းကျင်လည်နေရသည့်ပါတ်ဝန်းကျင်ကအဖြစ်အပျက် ၊ဗဟုသုတရစေမည့်အကြောင်းအရာတွေကိုရေးဖြစ်သည်၊အဲဒီကနေတဆင့်တက်ပြီးကျမကဲ့သို့သော သူတွေကို ကျမသိသလောက် မျှဝေချင်လာသည်။ ဒီလိုနဲ့ပဲ Blogger လို့အမည်တပ်ထားသော စာရေးသူဘဝသို့ရောက်ရှိလာရင်းစာတိုစာထွာတချို့နှင့်အရည်အသွေးမမှီသော၊ကဗျာအတိုအစလေးတွေစုဝေးနေသော Blog အိမ်လေးတစ်လုံးဖြစ်လာခဲ့သည်။အမှန်မှာတော့ ကျမ စာရေးတတ်၍ရေးခြင်းမဟုတ်၊ စာရေးချင်၍ရေးခြင်းသာဖြစ်ပါသည်။ကျမ၏မိတ်ဆွေကိုမိုးသွေးကပြောသည်၊“စာရေးတတ်ချင်ရင် စာများများဖတ်ပါ”တဲ့၊တရက်(၂၄)နာရီမှာ ကျမ၏အလုပ်ချိန် (၁၃)နာရီရှိသည်။ အိပ်ချိန်(၈)နာရီပေါင်းလျှင် (၂၁)နာရီဖြစ်နေပြီ။ကျန်(၃)နာရီမှာဟိုလှည့်ဒီလှည့်နှင့်အချိန်ကုန်သွားခဲ့သည်။“မည်သူမဆိုညအိပ်ရာဝင်ချိန်၌မနက်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမားဆုံးသောပြစ်မှုကို ကျူးလွန်ရာရောက်သည်”..ဟု ဆရာ(ဦး)ဖေမြင့်ကပြောဖူးသည်။ မှန်သည်..လူသည်မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် ဒီကနေ့ ပညာပိုရှိရမည်၊ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်။သည်အတွက် ဘယ်လိုလုပ်မည်နည်း။ တနည်းသာရှိသည်၊ “စာဖတ်ရမည်”။ အခုတော့ကျမ၏အိပ်ချိန်ထဲက အချိန်တချို့ကို အနည်းငယ်ဖဲ့ယူပြီး စာဖတ်ဖြစ်သည်။ အိပ်ရာဝင်ခါနီး ခေါင်းအုံးဘေးမှာကိုယ်ဖတ်ချင်သည့်စာအုပ်လေးတွေကိုအဆင်သင့်ထားသည်။လွယ်အိတ်ထဲမှာစာအုပ်တစ်အုပ်ရှိသည်၊ဆိုင်ကအလုပ်စားပွဲပေါ်မှာစာအုပ်တစ်အုပ်ရှိသည်၊ ထမင်းစားပွဲပေါ်မှာ စာအုပ်တစ်အုပ်ရှိသည်၊ အဲဒီလိုဖတ်မှစာဖတ်ချိန်လေးတွေ ၅မိနစ်..၁၀မိနစ်..ဟိုနည်းနည်း ဒီနည်းနည်း၊ စုစုပေါင်းကာ ၁၀မိနစ် ၊၁၅မိနစ်ရမှာသေခြာသည်။ ဒီကြားထဲ မအိပ်ခင်ကတည်းက ကုတင်ဘေးက ကုလားထိုင်ပေါ်မှာ Computer ကိုတင်ထားသဖြင့် မျက်စိနှစ်လုံးပွင့်သည်နှင့် Computer ကိုဖွင့်ပြီး စာဖတ်ဖြစ်သည်။ အခုတော့ ဖတ်စရာစာတွေမှပြည့်လို့။ သူငယ်ချင်း Blogger မောင်နှမတွေရဲ့ကျေးဇူး ကျမအပေါ်မှာကြီးမားလှသည်။ ကျမကို စာဖတ်ချင်လာအောင် တိုက်တွန်းခဲ့သော ကျမ၏မိတ်ဆွေ အကိုမိုးသွေး၊ ဘလော့ဂါမိတ်ဆွေများနှင့် ရင်းနှီးခွင့်ရအောင် သူတို့ရေးသောစာများကို ဖတ်ခွင့်ရအောင် ကျမအတွက် ဘလော့ဂ် အိမ်လေးတစ်လုံးဆောက်လုပ်ပေးခဲ့သောကိုနေစစ်သူ၊ ဘလော့ဂ်အသုံးပြုပုံများကို စာတွေ့သင်ပြပေးခဲ့သော(ကို) CO2 ၊ ကျန်းမာရေး၊လူမှုရေးပိုင်းတွေမှာမောင်နှမအရင်းအခြာကဲ့သို့ အကူအညီတွေပေးခဲ့သော (ကို)သက်တန့်ချို၊ဗဟုသုတရစေမည့် စာပေများကို ဖတ်ခွင့်ပေးခဲ့သော၊ ကျမရေးခဲ့သော အရည်အသွေးမမှီသည့် စာပေများကို ဖတ်ရှုအားပေးခဲ့ကြသော သူငယ်ချင်း ဘလော့ဂါမောင်နှမအားလုံးကို အထူး(ရှယ်) ကျေးဇူးတင်ရှိရင်း ကျမလေ ...ခေတ်သစ်ကျည်ပွေ့အတက်ပေါက်ခဲ့ရပြီ..။


ဒီနေ့ဟာ ကျမနဲ့ ဘလော့ဂါမောင်နှမများကို တွေ့ခွင့်ရအောင် ပထမဦးဆုံးဆက်သွယ်ပေးခဲ့သူ၊ ကျမကို ဘလော့ဂါတစ်ယောက်အဖြစ် အသက်သွင်းပေးခဲ့တဲ့ (ကို)နေစစ်သူ ရဲ့မွေးနေ့လည်းဖြစ်ပါတယ်၊ အဲဒီအတွက်အမှတ်တရဖြစ်စေဖို့ “ကျေးဇူးကမ္ဘာပါ...ဘလော့ဂါ” post လေးကို ရေးရင်း...
(ကို)နေစစ်သူရဲ့မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် အနာရောဂါကင်းဝေးစွာဖြင့် ကိုယ်ဖြစ်ချင်သော “ဆန္ဒနှင့် ဘဝ” တထပ်တည်းကျနိုင်ပါစေလို့ဆုတောင်းပေးရင်း...
HAPPY BIRTHDAY..... “NAY SIS THU”
8 comments:
စာလာဖတ်ရင်း “ကိုနေစစ်သူ” ရဲ့မွေးနေ့လေးပါ
နွဲသွားတယ်ဗျာ
ပျော်ရွင်ဖွင်ရာမွေးနေ့လေးပါ ကိုနေစစ်သူရေ....
စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေဗျို့
ကျွန်တော်လည်း...ဆုတောင်းပေးပါတယ်ခင်ဗျာ...။ ကိုနေစစ်သူနဲ့ မသိဘူးပေမယ့်လည်းလေ...။ စာတွေများများဖတ်ပြီး... များများရေးနိုင်ပါစေ အဖြူရောင်နတ်သမီးလေး....
ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ ကိုနေစစ်သူး))
ဟုတ်ပါတယ် အစ်မ
စာပေဆိုတာ မိတ်ဆွေစစ်မိတ်ဆွေမှန်ပါပဲ...
အခုဆို ဘလော့ဂ်ဂါမောင်နှမတွေက
စာတွေကို အပြန်အလှန်ဝေမျှနေကြတော့...
စာသိပ်မဖတ်ဖြစ်ရင်တောင် ကွန်ပြူတာရှေ့ရောက်တာနဲ့
ဘလော့ဂ်အိမ်တွေကို လျှောက်လည်ရင်း စာတွေဖတ်ဖြစ်တာပေါ့...
ဘာလော့ဂ်ဂါတယောက်ကိုအသက်သွင်းပေးခဲ့တဲ့ ကိုနေစစ်သူကိုလည်း
မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...
အမြဲတမ်းကျန်းမာပျော်ရွှင်ပါစေ...
စာများများဖတ်လေ ကောင်းလေပါပဲ။
“မ” ရေ...ကျေးဇူးတင်ပါတယ် ....အခုလို ဆုတောင်ပေးတဲ့ “မ” နဲ့ အတူ သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ...
( နေစစ်သူ )
မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ မမ နဲ့အတူ ဆုတောင်းပေးလိုက်ပါတယ် ကို နေစစ်သူ ရေ
ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေကိုနေစစ်သူ ရေ အမလည်းပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ
Post a Comment