Wednesday, December 2, 2009

မိန်းခလေး..ဘဝ







ဆုံခွင့်ရှိရင် မြင်ချင်မိတယ်
တဘဝလုံးအတွက်ပါ....
ဆုံခွင့်ရှိရင်
အနားမှာနေချင်မိတယ်
တဘဝလုံးအတွက်ပါ....
ဆုံခွင့်ရှိရင်
ဖွင့်ပြောချင်တယ်
ရင်ထဲက စကားလေးတခွန်း
တဘဝလုံးအတွက်ပါ....
"သခင်".....
အချိန်ကာလတွေသာ
ဖြတ်ကျော်လာခဲ့တယ်
ရင်ထဲက စကားတခွန်း
ဖွင့်ဟပြောဖို့ ဆန္ဒရှိလည်း
ပြောမထွက်ခဲ့ပါ....
"မိန်းခလေး...ဘဝ"...ပေမို့...။

16 comments:

ဝေလင်း said...

အစ်မကဗျာလေးတွေ ဖတ်ရတာ ဝေဒနာတစ်ခုခုကို ဖော်ညွှန်းနေကြသလိုပဲ...အားလုံးလိုလိုပဲ။ တကယ်ကျွန်တော်ထင်သလိုဆိုရင်တော့ ဝေဒနာတွေပျောက်ပြီး ပျော်ရွှင်ပါစေဗျာ

kiki said...

ရှင်းရှင်းပြောပါလားးး
ရှင်းရှင်းပြောပါလားးးးး
ရှင်းရှင်း ပြော ပါ လားးးးးးးး

(အုံ့ ပုံး ပူ လူမသိ တဲ့ ..
သိအောင်ပြောလိုက်လေ.. ဟေးဟေး
်ခု ခေတ်က ရင်ဘောင်တန်း နေကြတာပဲ ..
အားမနာနဲ့ .. အားရပါးရသာပြော..သိလား
တော်ကြာနေ ကျန်ရစ် ဖြစ်နေမယ် နော် ..)

ဝက်ဝံလေး said...

yawwwwwww နတ်သမီးရယ် ယောက်ျားလေးက ရည်းစားစကား စ ပြောတဲ့ ခေတ်က ဟိုးးးးးဘိုးတော်ဘုရား လေးဖက်ထောက် ခေတ်မှာ ကတည်းက ကျန်ခဲ့ပြီ သိလား အခု ခေတ် က ၂၁ ရာစုခေတ်လေ ဒီတော့
ချစ်ရင် ချစ်တယ်
မချစ်ရင် မချစ်ဘူး
ချစ်နေရဲ့သားနဲ့ မချစ်ဟန်ဆောင်တော့
ချစ်နေတာ ကို သူက ဘယ်လိုလုပ်သိမတုံး
အမ်မလေး မောထှာ သူ့ပြောရတာ

ကဲ ဒီတော့ ဖွင့်သာပြောလိုက်ပေတော့ နတ်သမီးရေ ဟဲဟဲ

မိုးခါး said...

အယ်
မြှောက်ပေးကြတယ်တော့ :D
အဆင်ပြေ ပျော်ရွှင်ပါစေး)

ဧပရယ်လ်ပူး@ပူးတေ said...

မိန်းကလေးလဲ ချစ်တတ်တာပဲဟာ.. မြှောက်ပေးတာ မဟုတ်ဘူးနော်။ ဟဲ ဟဲ နောက်မှ ပူးတေနဲ့ မစ္စတာပီအကြောင်းလေးပြောပြဦးမယ်။ :)
ကျန်ရစ်ဖြစ်ခဲ့လဲ စိတ်ပူစရာမရှိ။ ပူးတေ ယောက်မတော်ထားပြီးသား။ အစ်ကိုတယောက်လုံး အဆင်သင့်ရှိနေတယ်။ Don't worry baby. :P

မောင်ဘကြိုင် said...

အယ်လဲလဲလဲ...ခံစားချက်တွေ ခံစားချက်တွေ
အင်းးး ငါ့အစ်မ ပျော်ရွှင်ပါစေဗျာ
အပေါ်က ပြောသွားသလိုပါပဲ ဖွင့်ချလိုက်ဗျာ
ဖွင့်သာပြောလိုက်တော့း)

Nge Naing said...

ခုခေတ်မှာ မိန်းကလေးတွေ ယောကျာ်းလေးတွေ ခွဲခြားနေစရာ မလိုဘူးလေ။ ရင်ထဲက ခံစားချက်ကို ဝေဒနာတွေ စိတ်ထဲမှာ မသိမ်းထားရဘူး။ ဖွင့်သာဖွင့်ဟလိုက်ပါ။

အိအိချော said...

အင်း.....ခံစားချက်အပြည့်နဲ့မို့လား၊ အားလုံးအမြန်ဆုံး အဆင်ပြေပါစေနော်ဖြူလေ။

ရွှေရတုမှတ်တမ်း said...

သိတ်စိတ်ညစ်တယ်..မိန်းကလေးဘဝ..
ကိုယ်တိုင်စလို့..ပြောရန်ခက်ပါတယ်...
အဲဒါတွေက..ရှေးတုန်းကပါ..

rose of sharon said...

ကဗျာလေးဖတ်သွားတယ်

~ဏီလင်းညို~ said...

နတ်သမီးရေ...
တစ်ဖက်သတ်အချစ်မို့အားငယ်.... စချစ်ရလို့ရှက်တယ်... အကြင်နာတွေနှမျောတယ်... မသိနိုင်သူရယ်...၊ အသည်းထဲ အချစ်များစွာ...မင်းအတွက်သိမ်းဆည်းထား...မျှော်လင့်ရတဲ့ မိန်းခလေးတို့ဘ၀..ရည်ရွယ်သူကိုစောင့်စား....
(ကြိုးကြာနှင့် စင်ဒီတို့၏ “မိန်းကလေးအချစ်” သီချင်းကို ဏီလင်းညိုတစ်ကောင်...လဒသံကြီးဖြင့် ဆိုပြသွားပါသည်။ သည်းခံတော်မူကြပါကုန်....)

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ ....... ဘာတွေ ခံစားနေရလို့လဲ? တခါတလေ စည်းတွေကို စောင့်ထိန်းရတဲ့ ဘ၀က ပင်ပန်းလွန်းပါတယ်။ ပျော်ရွှင်ပါစေနော်။

ခင်မင်လေးစားလျှက်

Anonymous said...

အပေါ်ကလူတွေပြောတာဟုတ်၏။ ဘာမှ တွေးပူမနေနဲ့။ ချသာချ။

ညရဲ့ကောင်းကင် said...

ပြောသာပြောလိုက်အစ်မ...
ရင်ထဲမှာ မထားနဲ့ ဘာဖြစ်လဲ ကိုယ်က ချစ်တာပဲ...
ဟုတ်ဘူးလား....
မြှောက်ပေးနေကြတယ်...အားလုံးက...း)

အဖြူရောင်နတ်သမီး said...

“အမှတ်ရနေဆဲပါ”....ဇာတ်သိမ်းပိုင်းမှာ ပြောပြီပဲ...ဒီနေ့ည..

အနှိုင်းမဲ့ said...

ဒီတစ်ခါတွေ့ရင် လက်ဆွဲပြီးတော့သာ ပြောလိုက်တော့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger