jar said...
hi , i am alex from malaysia , i am looking around your website very nick and interested , you tell alot for job and about your country now you working ,but you never told how to come to there and how to apply and how is the immigration rule, sometime i am thinking we are come and go far away from myanmar for money but it is not important in life ,because of government ,last time i work in singapore ten years but now in malaysia working as technician , i always on line , take care of your waist be careful ,my email mr.jargyi@gmail.com
January 12, 2011 12:43 AM
..........................................................................................
ကိုအဲလက်စ်ရေ...
ကိုအဲလက်စ် သိချင်တဲ့ “ဆိုက်ပရပ်စ်နိုင်ငံကို လာနိုင်တဲ့ နည်းလမ်းတချို့” ကို ကျမသိသလောက်ရေးပြလိုက်တယ်နော်။
ဆိုက်ပရပ်စ်နိုင်ငံကိုလာဖို့
(၁)ကျောင်းဗီဇာ(Student visa)
(၂)အိမ်ဗီဇာ( House maid)
(၃)ဟိုတည်နှင့်စားသောက်ဆိုင်(
(၄)ကုမ္ပဏီဗီဇာ(Business visa) ဆိုပြီး Visa (၄) မျိုးရှိပါတယ်။
(၁)ကျောင်းဗီဇာ သမားများအတွက် ဗီဇာလျှောက်ဖို့အတွက် ဆိုက်ပရပ်စ်နိုင်ငံကို မလာခင် ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ ဘဏ်တခုခုမှာ ယူရို ၂၀၀၀ ဖြင့် Account ဖွင့်ပြရပါတယ် (ပွဲစားများလုပ်ပေးပါတယ်)။
ဆိုက်ပရပ်စ်ကို ရောက်ပြီး ၁နှစ်ခွဲအကြာမှာ အဲဒီယူရို၂၀၀၀ကို မိမိကိုယ်တိုင်ပြန်ထုတ်လို့ရပါ
ကျောင်းလခကတော့ ၁နှစ်စာအတွက် ယူရို ၃၀၀၀ သွင်းရပါတယ်။
နေစရာကတော့ အခန်း၃ခန်းပါတဲ့ အိမ်တလုံးကို ယူရို ၆၀၀ ပေးရပါတယ်(၁ယောက်ကို ယူရို၂၀၀နှုန်းပေါ့)။ ဧည့်ခန်းမှာနေလို့ရတဲ့အတွက် ၅ယောက်လောက်နေကြပါတယ်၊ လူများလေ ကိုယ်ပေးရတာနည်းလေပေါ့။
၁နှစ်မှာ (၇)လ ကျောင်းတက်ရပြီး (၅)လပိတ်တဲ့အတွက် ပိတ်ရက်တွေမှာ အလုပ်လုပ်လို့ရပါတယ်။
ကျောင်းသားများ အလုပ်လုပ်ခွင့် ဥပဒေကတော့ ကျောင်းပိတ်ရက်(၅)လနဲ့ ကျောင်းတက်လ(၇)လထဲမှ စနေနှင့် တနင်္ဂနွေနေ့များမှာ အလုပ်လုပ်ခွင့်ရှိပါတယ်။
ကျောင်းဗီဇာနဲ့လာပြီး အလုပ်လုပ်သူများကတော့ ကျောင်းမတက်ပဲ ကျောင်းတက်လက်မှတ်ထိုးပေးသူကို ငွေပေးထိုးခိုင်းကြပါတယ်။
စာမေးပွဲဖြေရာမှာလည်း လိုင်းဝင်ထားတဲ့အတွက် စာမေးပွဲမှာ မေးမဲ့မေးခွန်းနဲ့ အဖြေ စာရွက်ဟာ ကိုယ်လက်ထဲကို ၁ပတ်အလိုမှာ ရောက်ရှိပါတယ်။
မတက်မဖြစ် တက်ရမဲ့ ကျောင်းတက်ရက်များရှိခဲ့လျှင်
ဘွဲ့၁ခုရဖို့ ၄နှစ်တက်ရတဲ့အတွက် ကျောင်းဗီဇာရဲ့သက်တမ်းဟာ ၄နှစ်လို့ ပြောလို့ရပါတယ်။
အဲဒီလို ၄နှစ်ပြည့်လို့ မပြန်ချင်သေးဘူးဆိုရင်တော့ နောက်ဘွဲ့တခုအတွက် ထုံးစံအတိုင်း ၁နှစ်ကို ကျောင်းလခ ယူရို၃၀၀၀ နှုန်းနဲ့ နေချင်သလောက်နေလို့ရပါတယ်။
မြန်မာပြည်ကနေ လာသူများကတော့ ဒီမှာကျောင်းတက်နေကြတဲ့သူငယ်ချ
ဆိုက်ပရပ်စ်မှာရှိတဲ့ ကျောင်းဗီဇာနဲ့အလုပ်လုပ်နေကြတဲ့ လူအများစုကတော့ တရုတ်လူမျိုးများပဲဖြစ်ပါတယ်၊ သူတို့ပြောပြချက်အရ အပြီးအစီးယူရို ၁၅၀၀၀ ပေါက်ဈေးရှိတယ်လို့သိရပါတယ်။
(၂)အိမ်ဗီဇာ သမားများအတွက် ဗီဇာ(၃)မျိုးထပ်ခွဲထားပါတယ်။
* မိသားစုတခုအတွက် ချက်ပြုတ်ရေး၊ သန့်ရှင်းရေးကို တာဝန်ယူရတဲ့ ရိုးရိုး အိမ်သန့်ရှင်းရေး ဗီဇာအတွက် ၅နှစ်နေခွင့်။(သက်တမ်းထပ်တိုးပိ
* မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်တော့တဲ့ သက်ကြီးရွယ်အိုများကို ပြုစုပေးရတဲ့ အဘိုး၊အဖွား ဗီဇာသမားများကတော့ ၅နှစ်ဟုသတ်မှတ်ထားပေမဲ့ မိမိစောင့်ရှောက်ရတဲ့ အဘိုး၊အဖွားများက မေတ္တာရပ်ခံပေးရင် အဘိုး၊အဖွားများကွယ်လွန်သည့်အချ
* စိတ်မနှုံ့သော သူများ၊ ကျပ်မပြည့်သောသူများ၊ ပိုလီယိုဝေဒနာခံစားနေရသူများကို စောင့်ရှောက်ရတဲ့ ဗီဇာသမားများမှာလည်း အထက်က အဘိုး၊ အဖွားဗီဇာလိုပဲ မိမိမရှိရင်မဖြစ်တဲ့အတွက်
(စိတ်မနှုံ့သူနဲ့ရင်းနှီးပြီးသား
အိမ်ဗီဇာသမားများအားလုံးရဲ့ လစာဟာ ၁လကို ယူရို ၃၁၀ နဲ့ ၁ပတ်ကို မုန့်ဖိုး ယူရို၁၀ ပေးတဲ့အတွက် ၁လရငွေ စုစုပေါင်း ယူရို ၃၅၀အသားတင်ပေါ့။
စားစရာ၊ ဝတ်စရာ၊ အမျိုးသမီးအသုံးအဆောင်၊ မိုဘိုင်းလ်ဖုန်း၊ ကင်မရာ၊ကအစ အိမ်ရှင်က အကုန်ဝယ်ပေးပါတယ်။ အလုပ်သမားတိုင်းကို Medical Insurance လုပ်ပေးထားတဲ့တွက် ဖျားရေး၊နာရေးအတွက် ဆရာဝန်ကောင်းများနဲ့ပြသနိုင်ပါ
တနင်္ဂနွေနေ့နဲ့ အစိုးရရုံးပိတ်ရက်များမှာ နားခွင့်(အပြင်လျှောက်လည်ခွင့်) ရကြပါတယ်။
၁နှစ်မှာ ခွင့်၁လကြာ မိမိနိုင်ငံကို ပြန်လည်ခွင့်ရှိပါတယ်၊။ လစာမဖြတ်ပါဘူး။
(၃)ဟိုတည်နှင့်စားသောက်ဆိုင်ဗီ
လခအြ
၁ရက်ကို ၁၀နာရီအလုပ်လုပ်ကြရတယ်။ နေစရာပေးတယ်၊ ဆိုင်မှာစားခွင့်ရှိတယ်၊(အလုပ်
တနင်္ဂနွေနေ့ တိုင်း အလုပ်နားခွင့်ရှိတယ်ဆိုပေမယ့် နိုင်ငံခြားသားများလာရောက်အပန်း
အဲဒီအတွက် အလုပ်နားခွင့်မရှိပါဘူး(၇ )ရက်လုံး အလုပ်လုပ်ကြရပါတယ်)။ ဒါပေမယ့် မရခဲ့တဲ့ အဲဒီခွင့်ရက်တွေကို အလုပ်ပါးတဲ့ ဆောင်းရာသီမှာ အကုန်စုပြီး နားခွင့်ပေးပါတယ်။
၁နှစ် စာအတွက် ဆောင်းရာသီမှာ မိမိတို့နိုင်ငံကို အလည်ပြန်ခွင့်ရှိပါတယ်။ (သူဌေးလူလည်ကျထားလို့ ကျမတို့ဆိုင်က ဝန်ထမ်းတွေကတော့ လေယာဉ်လက်မှတ်ကို ကိုယ့်ဖာသာပေးရပါတယ်)။
အဲဒီခွင့်ပြန်တဲ့ ၁လစာ လခကိုတော့ မဖြတ်ပါဘူး။(ဖြတ်ရင်လည်း အဲဒီသူဌေးကို ခေါင်းရိုက်ခွဲဖို့ပဲရှိပါတော့
ပွဲစားခကတော့ ယူရို ၅၀၀၀ ပေါက်ပါတယ်။
(၄)စီးပွားရေးလာလုပ်တဲ့ ဗီဇာအတွက်ကတော့ ဘဏ်ထဲမှာ ယူရို ၁သိန်းထည့်ပြရပါတယ်၊။ အိမ်၁လုံးဝယ်ပြရပါတယ်၊ ၁နှစ် တခါ ဗီဇာသက်တမ်းတိုးရပါတယ်၊ တိုးတိုင်းလည်း ဘဏ်ထဲက မိမိလုပ်တဲ့ စီးပွားရေးရဲ့ ဝင်ငွေ ထွက်ငွေကို စစ်ပါတယ်(တကယ် စီးပွားရေး လုပ်၊ မလုပ်)။
ဆိုက်ပရပ်စ်နိုင်ငံရဲ့ အဓိက ထွက်ကုန်ဟာ စပျစ်ဝိုင်၊ အော့လစ်ဗ်သီးများမှထွက်သော အော့လစ်ဗ်ဆီ တို့ဖြစ်ပြီး ဟိုတည်နှင့် စားသောက်ဆိုင်လုပ်ငန်းများပဲရှိ
နိဂုံးချုပ်ပြောချင်တာကတော့...
လက်ရှိအခြေအနေမှာ ဆိုက်ပရပ်စ်နိုင်ငံကို လာနိုင်တဲ့ ဗီဇာများထဲက ဟိုတည်နှင့်စားသောက်ဆိုင်ဗီဇာ( Restaurant Visa)ကို အစိုးရက ပိတ်ထားပါတယ်။
ကျန်ရှိတဲ့ အိမ်ဗီဇာ(House Maid)၊ ကျောင်းဗီဇာ(Student Visa)၊ ကုမ္ပဏီဗီဇာ( Business Visa) များကိုတော့ ဖွင့်ထားကြောင်း ကျမသိသလောက် ရေးသားလိုက်ပါတယ်။
မှတ်ချက်။ ။ စာဖတ်သူ သူငယ်ချင်းများလည်း သိချင်တာများရှိရင် မေးနိုင်ပါတယ်၊ ကျမ သိသလောက် ပြန်လည်ဖြေကြားသွားပါ့မယ်။
80th Birthday.....
2 days ago
15 comments:
မေးစရာ ကတော့ မရှိသလောက်ကိုရှင်းပါတယ်။ တစ်ခုပဲ မေးချင်တာက အစ်မ ကျွန်တော့်ကို စားရိတ်ငြိမ်းခေါ်မယ်ဆို နတ်သမီးနေတဲ့ကျွန်းကို လာကြည့်ချင်သဗျ။ကဲ ဘယ်လိုလဲ မ နမ်းမဝ
:D အဲလက်စ်ဆိုလို့ အဆိုတော် မှတ်လို့ :D
အစီ အစဉ်မရှိပေမယ့် အခြေအနေကို သိရလို့ ကျေးဇူးပါး)
ဗဟုသုတ ရ
ဖတ်သွားတယ် မ
ဆိုက်ပရပ်စ်ကို နံမည်လေးကြားကတည်းက စိတ်ဝင်စားမိတာ
ဒဏ္ဍာရီထဲက ကျွန်းကလေးမဟုတ်လားလေ...
အခွင့်အရေးရရင်တော့ အလည်သက်သက် လာချင်ပါသေးတယ်.. တစ်ချိန်ချိန်ပေါ့နော်..
ပိုစ့်ထဲက အချက်တွေက စိတ်ဝင်စားစရာ.. အသုံးဝင်တဲ့ ပိုစ့်လေးတစ်ခုပါဘဲ..
အစ်မ ရိုက်ပြီး ဓါတ်ပုံတွေ ကြည့်ပြီး အလည်လာချင်နေတာ အစ်မ :)
ဗဟုသုတတွေရပါတယ်။
ခုလို ရေးပြတာ ကျေးဇူးပါနော်...
Student ဗီဇာနဲ့သွားဖို့က အကောင်းဆုံးလို့သုံးသပ်မိတယ် ..။တက္ကသိုလ်တွေကပေးတဲ့ဘွဲ့နဲ့ အလုပ်ပြန်ရနိုင်မရနိုင် ဆိုတာတော့ ရှိတာပေါ့နော် ။
စိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံလေးပါပဲ...။
တစ်ကယ်တော့ နှင်းက မမအဖြူရောင်လေးကို သိမှ ဆိုက်ပရက်စ်ဆိုတဲ့နိုင်ငံလေးကိုပါသိခဲ့ရတာပါ ...။
အခုလို ဖတ်ရတော့ ဗဟုသူတရပါတယ်
အလည်သက်သက်လာဖို့တော့ စိတ်ဝင်စားတယ်း)
thank you par
now i working in malaysia because of reject s pass in singapore now i holding refugee and waiting ,i miss alot our country , the evening tea shop in road side of sule pagoda road and bu tee kyaw and sauce for me no need money i want to change my passport so i can go any country , i live in singapore last time i get alot money so this time i want to change my passport ,how also you are?
by the way i am waiter too in singapore ,ever standing and talking thank you sir , excuse me sir, sorry sir alot of sir in our service area ,because of tip money . are you a chinese ? can you speak chinese? chinese news is getting near so i think you will get hone paud ( red bag) sorry i don't know barglish thank anyways
ညီမ စီဘောက်မတွေ့ လို့ ဒီမှာဘဲ ရေးလိုက်တယ်။ ခါးနာတာ ကိုသတိထားရမယ်။ ပစည်းမရင် ခါးကို မတ်ထားနော် အမလည်း ဖြစ်ဖူးလို့ ပြောတာ။ မှောက်အိပ်ပေး ခြေတဖက်ကွေး တဖက်ဆန့် ပုံစံနဲ့ အိပ်ဖူးတယ်။ အသက်ရှု ကြပ်ပေမဲ့ ခါးနာ သက်သာလို့  စမ်းကြည့်နော်
saundoo@gmail.com
ဒီကော်မဲန့် ကို ပြမထားနဲ့ နော် ဒါက ပါဆင်နယ်စကား ပြောတာ မိုလို့ လေ။
ညီမ မြန်မြန် သက်သာပါစေ။
ဒါနဲ့ ခရမ်းချဉ်သီး ပဲပင်ပေါက် လျော့စားတဲ့ အကြောခြင် ကိုက်တတ်တယ် ဆိုဘဲ
ရုံးပလေသီး ပိုစားပေးနော်။
မိုးခါးပြောသလိုပဲ..:P
မေးစရာမလိုတာမေးနေတာနော် စိတ်အချရဆုံးဗီဇာက လက်ထပ်ဗီဇာ ကဲ ကြိုးစားနော် ရှိတဲ့ သူကလဲ ရှိနေ သွာချင်တဲ့ သူကလဲ သွားချင် အဆင်ပြေဖို့ ပဲ လိုတာနော်
.....မျှော်လင့် ချက် ရှိပါတယ်...
ဆက်မနောက်တော့ပါဘူး ...စတာနော် တင်ဖို့  မဟုတ်ပါ
ကျွန်တော့်အစ်မက ဆိုက်ပရပ်သွားပါလား လုပ်နေတာ...။
ကျွန်တော်က အဲဒီနိုင်ငံအကြောင်းဘာမှ မသိတော့ နတ်သာ
မီးကိုတောင် မေးတော့မလို့...။ခုလိုသိရတာ အရမ်းကို ကျေးဇူးတင်ပါတယ်..။ကျောင်းဗီဇာနဲ့လာပြီး အလုပ်ရှာရ
တာကရော အဆင်ပြေရဲ့လားဟင်...။နတ်သာမီး ပြောတဲ့
အတိုင်းဆို ဟိုတယ် တိုရစ်စင် အလုပ်ကလွဲပြီး တခြား
စက်ရုံ၊ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ နဲတဲ့ပုံပဲနော်...။
အဲဒီကို လာဖို့စိတ်ဝင်စားတယ်ဗျ...။ကျွန်းလေးကလှလို့...:)
ဘယ်လိုလာလာ ပိုက်ပိုက်တော့ အတော်ကုန်မယ်ထင်ရဲ့။
အလကားနီးနီးနဲ့ လာလို့ရမယ်အစီအစဉ်လေးများရှိရင်
လက်တို့နော်........:D
သမီးရေ...အဲ့ဒီမှာလာပြီး..မြန်မာဆိုင်ဖွင့်ချင်တယ်
အရင်းအနှီးကများတော့..လာနိုင်သေးဘူး
ဆက်ရှာလိုက်အုန်းမယ်နော်.
ကျောင်းလခ ကအရမ်းသက်သာတယ်နော် တနှစ် ယူရို ၃၀၀၀. အမေရိကန်ဒေါ်လာနဲ့ဆို U$4,137.30 လောက်ရှိတယ်။ ပျမ်းမျှုမြန်မာငွေနဲ့ဆို ကျပ် ၃,၅၁၆,၇၀၅ ကုန်ကျလိမ့်မယ်။ မြန်မာနိုင်ငံမှာ တစ်လကို သိန်း၃၀ ကုန်တဲ့ကျောင်းတောင်ဖွင့်နေပြီနော်။ ဘယ် လို တက္ကသိုလ်များကို တက်ရောက်ပညာသင်ကြားနိုင်ပါသလဲ။ စိတ်ဝင်စားပါတယ်။ အစ်မ အားရင် စာပြန်ပါလားရှင်။ တနှစ်လုံးကို ၃၅သိန်းနဲ့ဆို တော့ .... ကျနော်ပဲမှားများနေသလား လို့
“အစ်မ အားရင် စာပြန်ပါလားရှင်။ တနှစ်လုံးကို ၃၅သိန်းနဲ့ဆို တော့ .... ကျနော်ပဲမှားများနေသလား လို့”..
မမှားပါဘူးရှင့်...
ဆိုက်ပရပ်စ်နိုင်ငံက ပညာရေးစနစ်ဟာ သိပ်မကောင်းတဲ့အတွက် ဆီပရိယိုလူမျိုးအတော်များများ(၇၀%)ဟာ အထက်တန်းကျောင်းပြီးတာနဲ့ အမေရိကားနဲ့ အင်္ဂလန်မှာ ဆက်လက်ပြီး သက္ကသိုလ်တက်ကြပါတယ်၊ အဲဒီကဘွဲ့တွေကိုပဲ သူတို့က တန်ဖိုးထားကြပါတယ်။
တချို့ကတော့ အထက်တန်းအောင်တဲ့ အထိပဲ ပညာသင်ကြပါတယ်။
ဆိုက်ပရပ်စ်မှာ သင်ယူလို့ရတဲ့ ကျောင်းများကတော့ ကျမ လက်လှမ်းမှီသလောက်ပြောရမယ်ဆိုရင် စီးပွားရေး၊ အနုပညာ၊ သူနာပြု၊ ကွန်ပျူတာ၊...တို့ဖြစ်ပါတယ်။
အခု သက္ကသိုလ်တက်နေကြတဲ့ သူများဟာ ဆိုက်ပရပ်စ်နိုင်ငံမှာ အလုပ်ရရှိရေးအတွက် ကျောင်းဗီဇာကို ရယူခြင်းသာဖြစ်ပါတယ်၊
၁နှစ်ကို ၃၅သိန်းပတ်ဝန်းကျင်ဆိုပေမယ့် နေစရိတ်၊ စားစရိတ်၊ အိမ်ငှားစရိတ်တွေ မပါဝင်သေးပါဘူး။
လေယာဉ်လက်မှတ် (၅သိန်း)၊ ဘဏ်မှာ ထည့်ပြရမယ့် Show money၊ အဲဒါတွေကျန်ပါသေးတယ်၊ အားလုံးတွက်လိုက်ရင် ပထမဦးဆုံး အကြိမ်မှာ ယူရို 6000 လောက်ကုန်ကျပါမယ်။
ကျောင်းဗီဇာနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေဟာ တခြားဗီဇာရှင်များကဲ့သို့ တရားဝင် အလုပ်လုပ်ခွင့်ကို အချိန်အပြည့်အဝ မရကြတဲ့အတွက် သိပ်အဆင်မပြေကြပါဘူး။
အလုပ်ရှင်သူဌေးများကလည်း ကျောင်းဗီဇာသမားများကို အလုပ်သိပ်မပေးချင်ကြပါဘူး၊ ကျောင်းသား/ကျောင်းသူများအတွက် သတ်မှတ်ထားတဲ့ ရက်ရှည်ကျောင်းပိတ်ရက်နဲ့ အစိုးရရုံးပိတ်ရက်များတွင်သာ အလုပ်လုပ်ခွင့်ရှိတဲ့အတွက် တရားမဝင်သော(ကျောင်းဖွင့်ရက်များတွင် အလုပ်လုပ်ခြင်း)ရက်များမှာ အလုပ်လုပ်နေတာကို ဖမ်းမိခဲ့ပါက အလုပ်ရှင်တွင် ထောင်ကျသည်အထိ ပြဿနာရှိတတ်တဲ့အတွက် အလုပ်ရှင်များကလည်း အလုပ်များခြင်း၊ နည်းခြင်း အပေါ်မူတည်ပြီး အလုပ်ပေးကြတဲ့အတွက် ကျောင်းဗီဇာနဲ့အလုပ် လုပ်သူများဟာ မျက်နှာငယ်ကြရပါတယ်။
အခုလို အချိန်ပေးပြီးရှင်းပြပေးတဲ့အတွက် ကျေးဇူးပါအစ်မ
Post a Comment