မေ့ရက်စရာမရှိတဲ့ဖြစ်စဉ်
ချစ်ခင်ခဲ့တုန်းက
အချစ်ပေါ်အချစ်ထပ်
အချစ်ထပ်အက္ခရာအဖြစ်
ရေးထိုးခဲ့ကြတဲ့သကာလ
ရွက်ဝါတို့ကြွေကျ
မြေခလည်း လှနေတဲ့အချိန်
အရာရာတိုင်းဟာ အချစ်ဖြစ်ခဲ့
မိုးစိုလည်းမချမ်း နှင်းပြိုလည်းမလွမ်းတတ်ခဲ့ဘူးကွယ်..
ဒီလိုနဲ့ပဲ
သစ်ရွက်တို့ တရွက်ပြီးတရွက်ကြွေကျ
အချစ်ရက်တို့ တရက်ပြီးတရက်ဝေလာလိုက်တာ
ခွဲခွာချိန်အရောက်
မျက်ရည်တွေကတဖောက်ဖောက်
ရွက်ကြွေပင်အောက်က
တို့နှစ်ယောက်ရဲ့အလွမ်း
ထွေးပွေ့မှုကြားက နင်ပြောခဲ့တဲ့စကား
“မငိုပါနဲ့ကွယ်..တို့တွေပြန်ဆုံနိုင်ခွင့်ရှိပါသေးတယ်”..တဲ့
ပြောခဲ့တဲ့ စကားလေးတမ်းတ
မှန်းဆပြီးလွမ်းတယ်..
မိုးမစိုခင်ကတည်းက
ပြိုခဲ့ရတဲ့မျက်ရည်
မြူနှင်းတို့ဝေဝေ
လွမ်းရက်တို့ရှည်ရှည်
သစ်ရွက်တို့ကြွေနေ
ဘယ်အချိန်တွေးတွေး
အချစ်ရက်တို့မဟောင်းတဲ့..
သစ်ရွက်ခြွေတဲ့...ဆောင်း
14 comments:
ဟုတ်တယ် အချစ်ရက်တို့မဟောင်းတဲ့
သစ်ရွက်တွေခြွေတဲ့ဆောင်းဆိုတာ
အမှန်ပေါ့နော်
ချစ်ချစ်ခင်ခင် jasmine
ဆောင်းကတော့ ဘာပဲဖြစ်ဖြစ် လွမ်းစရာ ကောင်းနေတော့တာပဲ နော်..
ကောင်းလိုက်တာ ကဗျာလေး...
အချစ်ရယ် အလွမ်းရယ်ကို
ခပ်သမ်းသမ်း လေးဖွဲ့သွားတာ
ဖတ်ရတာသိပ်ကောင်းတယ်။
ကဗျာကောင်းလေးဖတ်ခွင့်ရလို့ကျေးဇူးပါ
ဆိုဒ်က ပုံစံ ပြောင်းသွားပြန်ဘီ။ တတ်နိုင်ကြပါ့။ :(
ဘယ်လိုဘဲဖြစ်ဖြစ် ဆောင်းကို အကြိုက်ဆုံးဘဲ
အေးအေးချမ်းချမ်းနဲ့ နေရာကို သဘောကျတယ်။.
တစ်သက်လုံးမဟောင်းတဲ့အချစ်နဲ့ ချစ်နိုင်ကြပါစေ
သစ်ရွက်တို့ တရွက်ပီးတရွက်ကြွေကျ
အချစ်ရက်တို့ တရက်ပီးတရက်ဝေလာလိုက်တာ
ခိုက်တယ်ဗျာ သုံးထားတဲ့ ကာရန်လေးက မိတယ်
ကဗျာနဲ့  သစ်ရွက်ဓာတ်ပုံလေးက လှပ လိုက်ဖက်တယ်
ဓါတ်ပုံတွေမှာ ကွန်မန့်ပေးမရလို့ ဒီမှာအော်သွားတယ် ။ မိုက်ဒယ်ယ်ယ်ယ်ယ်ယ်
နတ်သမီး..
အလွမ်းတွေ သိမ်းဆည်းပြီး
အချမ်းတွေ ကင်းငြိမ်းနိုင်ပါစေ။
သစ်ရွက်ချွေတဲ့ ဆောင်းကစပြိး
ချစ်ရက်ရှည်သွဲ့ ပေါင်းဖော်နိုင်ပါစေ။
အလွမ်းကို နားမလည်တတ်သော..
တဂျင်းမီးးးးး)
ဖွဲ့နွဲ့ထားတာ ဒီတစ်ခါ ရင်ထဲကိုထိသွားတယ်၊ ဆောင်းရောက်ခဲ့ပြန်ပြီ။
ဘယ်အချိန်တွေးတွေး
အချစ်ရက်တို့မဟောင်းတဲ့..
သစ်ရွက်ခြွေတဲ့...ဆောင်း...။
ဆောင်းမင်းသမီးလေးကလည်း ချောမှချောဝေ...။
သစ်ရွက်လေးတွေကြွေတဲ့ ဆောင်းတောင်ရောက်ခဲ့ပြီပဲ။
ကဗျာလေးနဲ့ ဓာတ်ပုံလေးလိုက်ဖက်တယ်။
ချမ်းအေးတဲ့ ဆောင်းရာသီကို နှစ်သက်တယ်
နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ကယ်ကို လှပတဲ့ ဖွဲဆိုမှုလေးတွေ စီးဆင်းနေတဲ့ ကဗျာလေးက အသက်ဝင်လှပါတယ်မမရေ....
ခံစားအားပေးလျှက်ပါလို့..
Post a Comment