“ ကျောက်တုံးနဲ့ကင်တဲ့ အသား”ဆိုလို့ ထူးဆန်းတဲ့ အသားဖြစ်မယ်လို့တော့မထင်လို
ကျမ အလုပ် လုပ်ရာ ကုမ္ပဏီလက်အောက်ခံဖြစ်သော စားသောက်ဆိုင်(၅)ဆိုင်ထဲမှ အီတလီစာများနှင့် အနောက်နိုင်ငံအစားများရောင်
ကျောက်တုံးမှာ အပူချိန်ပျင်းလွန်းသည့်အတွက
Stonegrill ဟုခေါ်သော ကျောက်တုံးကို Australia နိုင်ငံမှထုတ်လုပ်ပြီး မီးတောင်မှရရှိသော ချော်ရည်ကျောက်ဖြင့် ပြုလုပ်ထားသဖြင့် အပူအခံနိုင်ဆုံး ကျောက်သားအဖြစ် စံချိန်တင်ခဲ့သည်။
လည်းကောင်းကျောက်တုံးကို အပူပေးအခန်းထဲတွင် အပူချိန်400ံC ဖြင့် ၂၄နာရီကြာထားရှိပြီး အသုံးပြုရာတွင် အသားများကို ကျောက်တုံးပေါ်တွင် ကင်ချိန် မိနစ်၃၀ နှင့် အသားများကင်ပြီးသော် ထိုအသားများ၏ အနွေးဓာတ်ကို ထိန်းထားရန် ၁နာရီခန့် ကျောက်တုံးမှ အပူချိန်ကို ထိန်းထားနိုင်သည်။
ကျမတို့ဆိုင်တွင်တော့ အပူချိန်ကို 240ံC ဖြင့် ၇ နာရီကြာ ထားရှိပြီး အသုံးပြုရာတွင် အသားကင်ချိန် မိနစ်၂၀နှင့် အနွေးဓာတ်အတွက်မိနစ်၂၀ခန့် ထိန်းထားပေးသည်။
ဧည့်သည်မှ မိမိတို့အလိုရှိရာ အသားကို မှာယူပြီးချိန်တွင် စားပွဲထိုးများမှ အသားစိမ်းကို မီးကင်ထားသော ကျောက်တုံးပေါ်တွင် တင်ပြီး ဧည့်သည်ရှေ့သို့ချပေးရသည်။
အနောက်နိုင်ငံသားများသည် အသားစားရာတွင် အသားများကို မကျက်တကျက်၊ အကျက်၊ အကျက်လွန် စသည်ဖြင့် အသား၏ အကျက်နှုန်းအမျိုးမျိုးဖြင့်
တချို့ကမူ မိမိတို့ကိုယ်တိုင် မချက်ပြုတ်ချင်သည့်အခါ ၎င်းတို့အလိုရှိရာ အသားကျက်နှုန်းကို မှာယူပြီး စားဖိုမှူးများမှ မီးဖိုထဲတွင် အသားများကို ကင်ပေးပြီး အသင့်စားသုံးနိုင်သည့်အနေအထားတွင် ကျောက်တုံးပေါ်သို့(အလှ)တင်ေ
တချို့ကမူ မီးကင်ထားသော အသား ငါးများကို ပန်းကန်နှင့်သာ စားကြသည်။
ဆီပရိယိုလူမျိုးများသည် ချက်ပြုတ်စားသော အသား ငါးများထက် ကင်၍စားသော
အသား ငါးများက ပို၍ အားဖြစ်စေသည်ဟု ဆိုကာ... အသား ၊ငါးများပါ မက
ဟင်းသီးဟင်းရွက်များကိုပါ ကင်၍ စားလေ့ရှိကြသည်။
Stone Grill အကင်လေးများကို မြည်းစမ်းကြည့်ရင်း....
4 comments:
ဒီမှာလဲအဲလိုဆိုင်လေးရှိရင်မိုက်မှာ...
ဒါမျိုးလေးတွေအရမ်းကြိုက်တယ်
အ၀တီးခဲ့ပြီနော်
အပြင်မှာတွေ့တဲ့အခါ ဂယ်ကျွေးမှာလား
ဖဘ မှာဘိုးဘွားပိုင်ပြေကွက်ယူလိုက်ပြီထင်နေတာ
ဘလော့ထဲမ၀င်လို့လေ ဟားဟားဟား
ချစ်တဲ့ sis jasmine
အဲဒီ stone လေး အိမ်မှာရှိရင်ကောင်းမယ်..
အကင်စားတာဝါသနာပါလွန်းလို့..
ဒါလဲ တစ်မျိုးပါဘဲလား။ လူတွေ လူတွေ အမျိုးမျိုး တီထွင် စားသောက်ကြတာပေဘဲ။
Post a Comment